မန္တလေးမြို့ မဟာအောင်မြေမြို့နယ်မှာ ပြည်သူ့စစ်အဖွဲ့ ဖွဲ့စည်းဆိုပြီး စကစမှ ပျူနှင့် အုပ်ကြီးတွေကို ယူနီဖောင်းနှင့် လက်နက် ထုတ်ပေး

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်မှာ ပြည်သူ့စစ်အဖွဲ့ ဖွဲ့စည်းတယ်လို့ ဆိုပြီး စစ်အုပ်စုက ဒိနေ့ နေ့လည်ပိုင်း အရပ်ဝတ်တွေကို ယူနီဖောင်းနှင့် လ က်နက်တွေ ထုတ်ပေးလိုက်တယ်လို့ စစ်လော်ဘီတွေက သတင်း ဖြန့်ပါတယ်။ ဒီနေ့ ဇူလိုင်(၃၀)ရက်

(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)

နေ့လည်ပိုင်းက မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ထွေအုပ်ရုံးမှာ ပြည်သူ့စစ်ဖွဲ့စည်းပွဲ ကျင်းပပြီး ပြည်သူ့လုံခြုံရေးအဖွဲ့ ဆိုသူတွေကို ‌ေသနတ် အတို(၁၀)လက်နှင့် ကျ ည်(၇၀)တောင့် ထုတ်ပေးလိုက်တာလို့ ဆိုပါတယ်။

ဒါ့အပြင် မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက် ပြည်သူ့လုံခြုံရေးအတွက် ပြည်သူ့စစ်အဖွဲ့ဝင်ဆိုသူ ငါးဦးကိုလည်း ယူနီဖောင်း ဝတ်ပေးလိုက်တယ်လို့ စစ်လော်ဘီတွေက သတင်းဖြန့်ပါတယ်။ မဟာအောင်မြေမြို့နယ်မှာ ပြည်သူ့စစ်အဖွဲ့ကို

အဖွဲ့ဝင် (၆၅)ဦးနဲ့ ဖွဲ့စည်းထားပြီး အဲ့ဒီအထဲက ငါးယောက်ကို ယူနီဖောင်းဝတ်ပေးကာ တစ်မြို့နယ်လုံးအတွက် ‌ေသနတ် (၁၀)လက်နဲ့ ကျ ည်(၇၀)တောင့် ထုတ်ပေးတာလို့ ဆိုပါတယ်။ စစ်အုပ်စုက ဖွဲ့စည်းလိုက်တဲ့ ပြည်သူ့စစ်အဖွဲ့ဝင်ဆိုသူတွေဟာ

စစ်ကောင်စီ လက်ပါးစေ ပျူတွေနှင့် စစ်ကောင်စီကို သစ္စာခံတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဆိုသူတွေစာ ဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ စစ်အုပ်စုက ထုတ်ပေးတဲ့ ‌ေသနတ် ရရှိသူတွေထဲ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက် အုပ်ကြီး ပါဝင်သလို

ကျန်သူတွေဟာလည်း အုပ်ကြီးတွေ၊ စစ်အုပ်စု လက်သပ်မွေးထားတဲ့ ပျူနှင့် သွေးသောက် အဖွဲ့ဝင်သူတွေသာ ဖြစ်တယ်လို့ မြို့ခံတချို့နှင့် မန္တလေးမြို့တွင်း မြေပြင်သတင်းတွေ ဖော်ပြနေတဲ့ VO Mdy က ဆိုပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း

ပြီးခဲ့တဲ့ ၂၀၂၁ နှစ်လည်ပိုင်းကတည်းက စကစ အုပ်ကြီးတွေကို ‌ေသနတ် ထုတ်ပေးထားတယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် အခုမှသာ တရားဝင် ‌ေသနတ်ထုတ်ပေးတာ ဖြစ်မယ်လို့ နီးစပ်သူတချို့က သုံးသပ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း

နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေထဲက ရာဇဝတ်သားတွေကို စစ်အုပ်စုက လွှတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးခဲ့ပါတယ်။ ဒါ့အပြင် ပျူစောထီးနှင့် သွေးသောက် အဖွဲ့ဝင် ဆိုသူတွေကိုလည်း စစ်အုပ်စုက လက်သပ်မွေးထားပါတယ်။ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်မှာ

ပြည်သူ့လုံခြုံရေးအဖွဲ့ ဆိုပြီး စစ်အုပ်စုက အုပ်ကြီးနှင့် ပျူတွေကို လ က်နက်နှင့် ယူနီဖောင်း ထုတ်ပေးစဉ်/Photo ။ ခရက်ဒစ်

Zawgyi code ဖြင့် ဖတ်ရန်

မႏၲေလးၿမိဳ႕ မဟာေအာင္ေျမၿမိဳ႕နယ္မွာ ျပည္သူ႕စစ္အဖြဲ႕ ဖြဲ႕စည္းတယ္လို႔ ဆိုၿပီး စစ္အုပ္စုက ဒိေန႕ ေန႕လည္ပိုင္း အရပ္ဝတ္ေတြကို ယူနီေဖာင္းႏွင့္ လ က္နက္ေတြ ထုတ္ေပးလိုက္တယ္လို႔ စစ္ေလာ္ဘီေတြက သတင္း ျဖန႔္ပါတယ္။ ဒီေန႕ ဇူလိုင္(၃၀)ရက္

ေန႕လည္ပိုင္းက မႏၲေလးၿမိဳ႕ မဟာေအာင္ေျမၿမိဳ႕နယ္ ေထြအုပ္႐ုံးမွာ ျပည္သူ႕စစ္ဖြဲ႕စည္းပြဲ က်င္းပၿပီး ျပည္သူ႕လုံၿခဳံေရးအဖြဲ႕ ဆိုသူေတြကို ‌ေသနတ္ အတို(၁၀)လက္ႏွင့္ က် ည္(၇၀)ေတာင့္ ထုတ္ေပးလိုက္တာလို႔ ဆိုပါတယ္။

ဒါ့အျပင္ မဟာေအာင္ေျမၿမိဳ႕နယ္ စိန္ပန္းရပ္ကြက္ ျပည္သူ႕လုံၿခဳံေရးအတြက္ ျပည္သူ႕စစ္အဖြဲ႕ဝင္ဆိုသူ ငါးဦးကိုလည္း ယူနီေဖာင္း ဝတ္ေပးလိုက္တယ္လို႔ စစ္ေလာ္ဘီေတြက သတင္းျဖန႔္ပါတယ္။ မဟာေအာင္ေျမၿမိဳ႕နယ္မွာ ျပည္သူ႕စစ္အဖြဲ႕ကို

အဖြဲ႕ဝင္ (၆၅)ဦးနဲ႕ ဖြဲ႕စည္းထားၿပီး အဲ့ဒီအထဲက ငါးေယာက္ကို ယူနီေဖာင္းဝတ္ေပးကာ တစ္ၿမိဳ႕နယ္လုံးအတြက္ ‌ေသနတ္ (၁၀)လက္နဲ႕ က် ည္(၇၀)ေတာင့္ ထုတ္ေပးတာလို႔ ဆိုပါတယ္။ စစ္အုပ္စုက ဖြဲ႕စည္းလိုက္တဲ့ ျပည္သူ႕စစ္အဖြဲ႕ဝင္ဆိုသူေတြဟာ

စစ္ေကာင္စီ လက္ပါးေစ ပ်ဴေတြႏွင့္ စစ္ေကာင္စီကို သစၥာခံတဲ့ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဆိုသူေတြစာ ျဖစ္တယ္လို႔ နီးစပ္သူေတြက ေျပာပါတယ္။ စစ္အုပ္စုက ထုတ္ေပးတဲ့ ‌ေသနတ္ ရရွိသူေတြထဲ မဟာေအာင္ေျမၿမိဳ႕နယ္ စိန္ပန္းရပ္ကြက္ အုပ္ႀကီး ပါဝင္သလို

က်န္သူေတြဟာလည္း အုပ္ႀကီးေတြ၊ စစ္အုပ္စု လက္သပ္ေမြးထားတဲ့ ပ်ဴႏွင့္ ေသြးေသာက္ အဖြဲ႕ဝင္သူေတြသာ ျဖစ္တယ္လို႔ ၿမိဳ႕ခံတခ်ိဳ႕ႏွင့္ မႏၲေလးၿမိဳ႕တြင္း ေျမျပင္သတင္းေတြ ေဖာ္ျပေနတဲ့ VO Mdy က ဆိုပါတယ္။ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း

ၿပီးခဲ့တဲ့ ၂၀၂၁ ႏွစ္လည္ပိုင္းကတည္းက စကစ အုပ္ႀကီးေတြကို ‌ေသနတ္ ထုတ္ေပးထားတယ္လို႔ သတင္းေတြ ထြက္ခဲ့ေပမယ့္ အခုမွသာ တရားဝင္ ‌ေသနတ္ထုတ္ေပးတာ ျဖစ္မယ္လို႔ နီးစပ္သူတခ်ိဳ႕က သုံးသပ္ပါတယ္။ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း

နိုင္ငံတဝန္းရွိ အက်ဥ္းေထာင္ေတြထဲက ရာဇဝတ္သားေတြကို စစ္အုပ္စုက လႊတ္ၿငိမ္းခ်မ္းသာခြင့္နဲ႕ လႊတ္ေပးခဲ့ပါတယ္။ ဒါ့အျပင္ ပ်ဴေစာထီးႏွင့္ ေသြးေသာက္ အဖြဲ႕ဝင္ ဆိုသူေတြကိုလည္း စစ္အုပ္စုက လက္သပ္ေမြးထားပါတယ္။ မႏၲေလးၿမိဳ႕ မဟာေအာင္ေျမၿမိဳ႕နယ္မွာ

ျပည္သူ႕လုံၿခဳံေရးအဖြဲ႕ ဆိုၿပီး စစ္အုပ္စုက အုပ္ႀကီးႏွင့္ ပ်ဴေတြကို လ က္နက္ႏွင့္ ယူနီေဖာင္း ထုတ္ေပးစဥ္/Photo ။ ခရက္ဒစ္

Be the first to comment

Leave a Reply

Your email address will not be published.


*