ကိုကျော် (မင်းမော်ကွန်း) ဩစီရောက်ရှိသွားပြီဖြစ်၍ တော်လှန်ရေးအတွက် ရန်ပုံငွေရရှိအောင် ပိုပြီးကြိုးစားသွားမည်ဟုပြော (ရုပ်/သံ)
နွေဦးတော်လှန်ရေးတွင် အဓိကနေရာမှ ပါဝင်လှုပ်ရှာနေသော သရုပ်ဆောင်များထဲမှ အကယ်ဒမီ မင်းမော်ကွန်း ဩစတေးလျားနိုင်ငံသို့ရောက်ရှိနေပြီး ဒီကနေ့ဇူလိုင် (၃၀)ရက်တွင် Australia နိုင်ငံ၊မဲလ်ဘုန်း(Melbourne) မြို့တွင်
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ပြည်ပရောက် မြန်မာလူငယ်များနှင့်တိုင်းရင်းသားလူငယ်များ ပူးပေါင်းကာ အာဏာသိမ်း စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို ဆန့်ကျင်ဆန္ဒပြပွဲမှာ ၎င်းအားတွေ့ရှိရပါသည်။ အဆိုပါ ဆန္ဒပြပွဲတွင်
အကယ်ဒမီ သရုပ်ဆောင် ကိုမင်းမော်ကွန်း ကို SBS မှ Interview ပြုလုပ်ခဲ့ပြီး ၎င်းဟာ ဩစတေးလျားနိုင်ငံသို့ရောက်ရှိနေပြီးဖြစ်တဲ့အပြင် တော် လှန်ရေးထောက်ပို့တပ်သားအဖြစ် ဆက်လက်လုပ်ဆောင် သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပြင် ၎င်းအနေဖြင့် ဩစတေးလျားနိုင်ငံသို့ တရားဝင်ရောက်ရှိနေပြီး ဖြစ်ကြောင်း ပြည်သူများအား အသိပေးပြောကြားခဲ့သလို မြန်မာ့နွေဦးတော်လှန်ရေးအတွက် ထောက်ပို့တပ်သားအဖြစ် ဆက်လက်လုပ်ဆောင်နေမှာဖြစ်ကြောင်းနှင့်
မြန်မာနွေဦးတော်လှန်ရေးဟာလည်း သေချာပေါက်အောင်မြင်သွားမှာဖြစ်ကြောင်း သတင်းဌာနရဲ့ မေးခွန်းကို ပြန်လည်ဖြေကြားသွားတာ တွေ့ရှိရပါသည်။ သြစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့သို့ ရောက်ရှိနေသော သရုပ်ဆောင် မင်းမော်ကွန်းသည်
တော်လှန်‌ရေးအတွက် ရန်ပုံငွေရရှိအောင် ကြိုးစားသွားမည်ဟု ယနေ့ ဇူလိုင် ၃၀ ရက်တွင် အသိပေး ပြောဆိုထားသည်။ထို့အတူ နိုင်ငံရေးသမားများကို ဖမ်းဆီးတေဒဏ်ပေးသည့် အာဏာသိမ်းစစ်ကောင်စီ၏ လုပ်ရပ်ကို
သြစတေးလျရောက် မြန်မာများက မဲလ်ဘုန်းမြို့ရှိ Federation Square တွင် ယနေ့၊ နံနက်ပိုင်းက ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*