မင်းသားရဲတိုက်ကတော့ ပြည်သူတွေထဲက ပြည်သူတစ်ယောက် ဖြစ်တာကြောင့် ကိုယ်တတ်နိုင်တဲ့ နေရာကနေ တာဝန်ယူပြီး နိုင်ငံအတွက် အကျိုးရှိအောင် ကြိုးစားပေးနေတာ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ဆန္ဒနဲ့ တစ်ထပ်တည်းကျသူဖြစ်တဲ့ ရဲတိုက်က
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
အားလုံးနဲ့အတူ ဇွဲမလျှော့ဘဲ ရှေ့ဆက်နေတာ ဖြစ်ပါတယ်။ ရဲတိုက်က လူထုလှုပ်ရှားမှုတွေမှာ အင်တိုက်အားတိုက် ပါဝင်နေသလို သူခွန်အားရှိသလောက် ပြည်သူတွေကို ကာကွယ်ပေးနေတာ လည်း ဖြစ်ပါတယ်။ ရဲတိုက်ရဲ့ကြိုးစားအားထုတ်မှုတွေကို မသိသေးတဲ့ လူအချို့ ကတော့
သူ့ကိုဝေဖန်ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။ အမှန်မှာတော့ ရဲတိုက်က Social Media အသုံးပြုမှုနည်းပါးတာကြောင့် သူ့ရဲ့Facebook Account နဲ့ Page တွေမှာ ဖောလိုဝါး သိပ်မရှိသေးဘဲ လူသိနည်းနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရဲတိုက် ကိုယ်တိုင်ကလည်း
သူ့ရဲ့လှုပ်ရှားမှုတွေအားလုံးကို တစ်ခါတစ်ရံမှသာ မျှဝေလေ့ရှိတာ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ကိုချစ်ခင်အားပေးတဲ့ ပရိသတ်တစ်ဦးက ရဲတိုက်ကဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာကို အားလုံးသိရအောင် ပုံတွေနဲ့အတူ ဖော်ပြလိုက်တာ ဖြစ်ပါတယ် ။
ပရိသတ်တစ်ဦးက “ရဲတိုက် ဆေးချတယ်ဆိုပြီး ဝိုင်းကဲ့ ရဲ့ ကြတယ် ဖော်လို သိပ်မရှိဘူး လူသိနည်းတယ် တော်လှန်ရေးမှာ အရှေ့ကနေဦးဆောင်ပြီးနေတယ် Blue Mark နဲ့ ဖော်လိုဝါး Millions ချီတဲ့ ဖားတစ်ပိုင်းငါးတစ်ပိုင်း သောက်ပေါတွေထက်တော့ အများကြီးသာတယ်
အရင်ကတည်းကအားပေးလာတာ အားပေး ရကျိုးနပ်တယ် ဘယ်အရာမဆို အပေါ်ယံကြည့်ပြီး မဝေဖန်သင့်” ဆိုပြီး ရဲတိုက်ရဲ့အကြောင်းကို ရေးသားပြောပြခဲ့တာ ဖြစ်ပါတယ်။ ရဲတိုက်ကတော့ လူထုလှုပ်ရှားမှုတွေမှာ ဒိုင်းကိုင်ပြီး ပြည်သူတွေရဲ့အရှေ့ကနေ ရဲရဲရင့်ရင့်ကာကွယ်ပေးခဲ့တာ ဖြစ်ပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply