
သရုပ်ဆောင် Russell ကတော့ “ည” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ နာမည်ကျော်ခဲ့သူ မင်းသားတစ်ယောက်ပဲဖြစ်ပါတယ်။ Russell ဟာ အနုပညာအလုပ်တွေကို အရှိန်အဟုန်မြင့်လုပ်ဆောင်နေတုန်းပဲ စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့တာကြောင့်
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
သူချစ်တဲ့ အနုပညာအလုပ်တွေကို စွန့်လွှတ်ခဲ့ပြီး တော်လှန်ရေးလုပ်ငန်းတွေကို လုပ်ကိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီကနေ့မှာလည်း Russell က ပြည်သူတွေကို ခုတုံးလုပ်ပြီး အလှူအတန်းတွေဗန်းပြလုပ်ကိုင်နေတဲ့ ဖေ့စ်ဘုတ်ဆယ်လီတစ်ယောက်အကြောင်းကို
ရင်ဖွင့်လာခဲ့ပါတယ်။ Russell က “အလှူအတန်း အရမ်းရက်ရောပါတယ် ဆိုပြီးနာမည်ကြီးခဲ့တဲ့ မရီရတဲ့ပျက်လုံးတွေနဲ့ ခွေးတိုးပေါက်ကနေ ဝင်ခဲ့တဲ့ FB ဆယ်လီ ညီမလေးအကြောင်းပါ။ တို့ မြန်မာတွေက အရမ်းသနားတတ် ၊ အယုံလွယ်တတ်တာကို အသုံးချပြီး
နေရာတစ်နေရာ ရအောင် ယူတတ်ရဲခဲ့တာလည်း အံ့အောမိပါတယ်။ ရှူတင်တွေမှာ မင်းသမီး အထှာဖမ်းပြီး ကြော်ငြာဈေးကို ထိပ်တန်း မင်းသမီးထက်တောင် ကျော်အောင် တောင်းရဲတာလည်း သတ္တိပါပဲ။ ပြီးရင် မြန်မာအနုပညာရှင်တွေကို သူအလုပ်ပေးထားရတာဆိုတဲ့ အထှာနဲ့။
မီဒီယာလောက ထဲက မောင်နှမတွေဆို သူနဲ့ အင်တာဗြူးပြီး ဘယ်လို စိတ်ပျက်စရာကောင်းလဲ၊ ဘယ်လို professional မဆန်လဲ ရိုင်းလဲဆိုတာ ရင်လာဖွင့်ကြလွန်းလို့၊ အစက ကိုယ်တွေ တစ်ယောက် နှစ်ယောက်ပဲထင်နေတာ။
တစ်ခါက ကြော်ငြာအပ်ဖို့ အလုပ်လာအပ်တုန်းကလည်း ကြော်ငြာတစ်ခုကို သိန်း ၁၅၀ ကျပ် နဲ့ ၃ ခုစာ လာအပ်တာတဲ့။ စရံငွေ ၁၅၀ လည်း ပါလာတယ် ချက်ချင်းပေးဖို့၊ သူ့အိမ်သွားတာ မနိုးသေးလို့ ကလိုင်းရန့်က ထိုင်စောင့်ပေးနေရတာတဲ့။
( ဘယ်နာမည်ကြီး မင်းသမီးမှ သူ့လို သောက်ချိုးမချိုးကြဘူး ) ”“နိုးလာတော့လည်း ပိုက်ဆံပေးဖို့ စောင့်နေရတဲ့ ကလိုင်းရန့်တွေကို ချက်ချင်းလာမတွေသေးဘူး၊ ညဝတ်အင်္ကျီတောင်မချွတ်၊ အခန်းထဲ ဝင်လိုက်/ထွက်လာလိုက်နဲ့၊ နှုတ်တောင်မဆက်ပဲ မီးဖိုချောင်တန်းဝင်ပြီး
ထမင်းတွေထိုင်စားနေတာတဲ့။ ပြီးတော့ “ ရှင်တို့ လာတဲ့ကိစ္စပြောပါဦး “ ဆိုပြီး ထမင်းတွေ ပလုပ်ပလောင်းနဲ့ အော်မေးတာတဲ့ဗျာ။ အဲ့မှာ ရိုက်ကူးရေးလုပ်ဖို့ ပါလာတဲ့ ကျနော့ ဘော်ဒါ ဒါရိုက်တာရော သူဌေးကပါ စိတ်ပျက်သွားပြီး သူဌေးက
” တော်ပြီ သူနဲ့ လုံးဝ မရိုက်တော့ဘူး “ ပြောလို့ လှည့်ပြန်လာခဲ့ကြတာတဲ့။ နောက်တစ်ခါက ကိုယ်တွေနဲ့ အသိဘော်ဒါတစ်ယောက် ပရုပ်ဆီကြော်ငြာရိုက်တုန်းကလည်း ချိန်းထားတာ မနက် ၈ နာရီ၊ ရောက်လာတာ နေ့လည် ၁၁၊ ပြီးတော့ “ ညနေ ၄ နာရီအထိပဲ အချိန်ပေးနိုင်မယ်၊ ပွဲသွားရမှာမို့ “ ဆိုပြီး
ရိုက်ကူးရေးသမားတွေကို လော၊ သူနဲ့အတူတူ တွဲရိုက်တဲ့သူတွေကိုလည်း မကြားကြားအောင် “ နောက်ဆို သူတစ်ယောက်တည်းပဲ ဦးတည်တဲ့ ကြော်ငြာ ရွေးလက်ခံတော့မယ်၊ အာရုံနောက်တယ် “ ဘာညာ နဲ့ တွဲသရုပ်ဆောင်တဲ့သူတွေကို အားမနာ လူပါးကဝလိုက်သေး။
တွဲရိုက်တာလည်း စောက်ရူးစောက်ပေါ တစ်ယောက်မှ မပါ၊ အကယ်ဒမီဆုရှင်တောင်ပါသေး ။”“ညနေ ၄ နာရီထိုးတော့ ရိုက်စရာရှိတာအများကြီးကို ဂရုမစိုက်ပဲ ပြန်ချသွားတာ၊ ကျန်တဲ့သူတွေကပဲ အဆင်ပြေအောင် ရိုက်လိုက်ရတယ်။ ( ဘယ်မင်းသားမင်းသမီးမှ
သူ့လိုေသာက်ချိုး မချိုးဘူးနော် ) ။နေ့လည်ခင်း နေပူကြီး ရှုတင်လာကြည့်တဲ့ ရွာသားတွေကိုလည်း “ ပါမလား၊ လက်ဆောင်ပေးမယ် “ ဆိုပြီး နေပူကြီးထဲ အကြာကြီးရပ်ခိုင်းပြီး တစ်ယောက်ကို ပရုပ်ဆီဘူး အသေးလေးတစ်ဘူးဆီ ပေးပြီး ပြန်လွှတ်လိုက်တာနော်။
မသိရင်သူပေးသလိုနဲ့။ လှူနေတယ်ဆိုတာလည်း မုန့်ဆီကြော်နဲ့ မုန့်ပြန်ကြော်နေတာနော်။ Clients တွေဆီကနေ လှူစရာပစ္စည်းတွေ အလကားတောင်းပြီး သူလှူပေးသလိုနဲ့ နာမည်ယူတာ လူလည်မ က။ သူကြော်ငြာရိုက်လို့ သိန်း ၈၀ ရရင် ပြန်လှူတာ ၁ သိန်း ၂ သိန်းဖိုးလောက်ပဲရှိမယ်
ကျန်တာ သူများပေးထားတဲ့ ပစ္စည်းတွေနဲ့ မျက်နှာလုပ်တာဗျ။ သူ့ရှာထားတဲ့ ပိုက်ဆံ ဘယ်လိုသုံးသုံး သူ့ကိစ္စပါ၊ ရိုးသားတဲ့ မြန်မာပြည်သူတွေရဲ့ မေတ္တာကို အသုံးချပြီး လုပ်စားသွားတာ ကို ပြောချင်တာ ။ Coup စဖြစ်တော့လည်း သူ့ကိုချစ်ကြတဲ့
ပြည်သူတွေရဲ့မျက်နှာကိုမှ မထောက် “ သူနဲ့ နိုင်ငံရေးဘာဆိုင်လို့လဲ “ ဆိုပြီး မန့်သေးတာနော်။ သူ့ကို အားပေးနေတဲ့ နယ်တွေ/ရွာတွေ ဆီက လူတွေရဲ့ လိုက်စ် ကိုအသုံးချပြီး ပိုက်ဆံတွေရှာခဲ့တာ၊ ရွှေတွေဝယ်၊ ၃ ထပ်တိုက်အိမ်ကြီး ဆောက်နိုင်ခဲ့တာ မဟုတ်ဘူးလား ???
မှတ်ချက် : ကျနော်ပြောသမျှ အကုန် records တွေရှိပါတယ်၊ အလကား PA ကြောင့် ပြောနေတာမဟုတ်ဘူးနော်။ နောက်ဆို သေချာ ဘွိုင်းကော့သင့်တဲ့သူတွေကို နောင်ကျဉ်အောင် လုပ်ရပါမယ်။ ဒါသူ့အကြောင်း ပထမနဲ့ နောက်ဆုံးပါပဲ။ တော်လှန်ရေးပြီးရင်
သူ့လိုအနုပညာလောက်ကောင်တွေ မရှိအောင်ပါ ။ မှန်တာပြောရင် အရေးတော်ပုံ အမြန်အောင်ပါစေ ။Stop making Stupid People Famous ” ဆိုပြီး ပြောလာပါတယ်။ Russell ရဲ့ ပိုစ့်အောက်မှာတော့ ပရိသတ်တွေက Russell ပြောတဲ့ ဖေ့စ်ဘုတ်ဆယ်လီဆိုတာဟာ
ဖြူဖြူထွေးဖြစ်တယ်လို့ မှတ်ချက်ပေးနေကြတာပဲဖြစ်ပါတယ်။ Russell ကတော့ နာမည်တပ်မပြောထားပေမယ့် Russell ပြောတဲ့အချက်တွေထဲက “ သူနဲ့ နိုင်ငံရေးဘာဆိုင်လို့လဲ “ ဆိုတဲ့စကားဟာ ဖြူဖြူထွေးပြောခဲ့တဲ့ စကားပဲဖြစ်ပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
သ႐ုပ္ေဆာင္ Russell ကေတာ့ “ည” ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႕ နာမည္ေက်ာ္ခဲ့သူ မင္းသားတစ္ေယာက္ပဲျဖစ္ပါတယ္။ Russell ဟာ အႏုပညာအလုပ္ေတြကို အရွိန္အဟုန္ျမင့္လုပ္ေဆာင္ေနတုန္းပဲ စစ္အာဏာသိမ္းမႈျဖစ္ပြားခဲ့တာေၾကာင့္
သူခ်စ္တဲ့ အႏုပညာအလုပ္ေတြကို စြန႔္လႊတ္ခဲ့ၿပီး ေတာ္လွန္ေရးလုပ္ငန္းေတြကို လုပ္ကိုင္ခဲ့တာပဲျဖစ္ပါတယ္။ ဒီကေန႕မွာလည္း Russell က ျပည္သူေတြကို ခုတုံးလုပ္ၿပီး အလႉအတန္းေတြဗန္းျပလုပ္ကိုင္ေနတဲ့ ေဖ့စ္ဘုတ္ဆယ္လီတစ္ေယာက္အေၾကာင္းကို
ရင္ဖြင့္လာခဲ့ပါတယ္။ Russell က “အလႉအတန္း အရမ္းရက္ေရာပါတယ္ ဆိုၿပီးနာမည္ႀကီးခဲ့တဲ့ မရီရတဲ့ပ်က္လုံးေတြနဲ႕ ေခြးတိုးေပါက္ကေန ဝင္ခဲ့တဲ့ FB ဆယ္လီ ညီမေလးအေၾကာင္းပါ။ တို႔ ျမန္မာေတြက အရမ္းသနားတတ္ ၊ အယုံလြယ္တတ္တာကို အသုံးခ်ၿပီး
ေနရာတစ္ေနရာ ရေအာင္ ယူတတ္ရဲခဲ့တာလည္း အံ့ေအာမိပါတယ္။ ရႉတင္ေတြမွာ မင္းသမီး အထွာဖမ္းၿပီး ေၾကာ္ျငာေဈးကို ထိပ္တန္း မင္းသမီးထက္ေတာင္ ေက်ာ္ေအာင္ ေတာင္းရဲတာလည္း သတၱိပါပဲ။ ၿပီးရင္ ျမန္မာအႏုပညာရွင္ေတြကို သူအလုပ္ေပးထားရတာဆိုတဲ့ အထွာနဲ႕။
မီဒီယာေလာက ထဲက ေမာင္ႏွမေတြဆို သူနဲ႕ အင္တာျဗဴးၿပီး ဘယ္လို စိတ္ပ်က္စရာေကာင္းလဲ၊ ဘယ္လို professional မဆန္လဲ ရိုင္းလဲဆိုတာ ရင္လာဖြင့္ၾကလြန္းလို႔၊ အစက ကိုယ္ေတြ တစ္ေယာက္ ႏွစ္ေယာက္ပဲထင္ေနတာ။
တစ္ခါက ေၾကာ္ျငာအပ္ဖို႔ အလုပ္လာအပ္တုန္းကလည္း ေၾကာ္ျငာတစ္ခုကို သိန္း ၁၅၀ က်ပ္ နဲ႕ ၃ ခုစာ လာအပ္တာတဲ့။ စရံေငြ ၁၅၀ လည္း ပါလာတယ္ ခ်က္ခ်င္းေပးဖို႔၊ သူ႕အိမ္သြားတာ မနိုးေသးလို႔ ကလိုင္းရန႔္က ထိုင္ေစာင့္ေပးေနရတာတဲ့။
( ဘယ္နာမည္ႀကီး မင္းသမီးမွ သူ႕လို ေသာက္ခ်ိဳးမခ်ိဳးၾကဘူး ) ”“နိုးလာေတာ့လည္း ပိုက္ဆံေပးဖို႔ ေစာင့္ေနရတဲ့ ကလိုင္းရန႔္ေတြကို ခ်က္ခ်င္းလာမေတြေသးဘူး၊ ညဝတ္အကၤ်ီေတာင္မခြၽတ္၊ အခန္းထဲ ဝင္လိုက္/ထြက္လာလိုက္နဲ႕၊ ႏႈတ္ေတာင္မဆက္ပဲ မီးဖိုေခ်ာင္တန္းဝင္ၿပီး
ထမင္းေတြထိုင္စားေနတာတဲ့။ ၿပီးေတာ့ “ ရွင္တို႔ လာတဲ့ကိစၥေျပာပါဦး “ ဆိုၿပီး ထမင္းေတြ ပလုပ္ပေလာင္းနဲ႕ ေအာ္ေမးတာတဲ့ဗ်ာ။ အဲ့မွာ ရိုက္ကူးေရးလုပ္ဖို႔ ပါလာတဲ့ က်ေနာ့ ေဘာ္ဒါ ဒါရိုက္တာေရာ သူေဌးကပါ စိတ္ပ်က္သြားၿပီး သူေဌးက
” ေတာ္ၿပီ သူနဲ႕ လုံးဝ မရိုက္ေတာ့ဘူး “ ေျပာလို႔ လွည့္ျပန္လာခဲ့ၾကတာတဲ့။ ေနာက္တစ္ခါက ကိုယ္ေတြနဲ႕ အသိေဘာ္ဒါတစ္ေယာက္ ပ႐ုပ္ဆီေၾကာ္ျငာရိုက္တုန္းကလည္း ခ်ိန္းထားတာ မနက္ ၈ နာရီ၊ ေရာက္လာတာ ေန႕လည္ ၁၁၊ ၿပီးေတာ့ “ ညေန ၄ နာရီအထိပဲ အခ်ိန္ေပးနိုင္မယ္၊ ပြဲသြားရမွာမို႔ “ ဆိုၿပီး
ရိုက္ကူးေရးသမားေတြကို ေလာ၊ သူနဲ႕အတူတူ တြဲရိုက္တဲ့သူေတြကိုလည္း မၾကားၾကားေအာင္ “ ေနာက္ဆို သူတစ္ေယာက္တည္းပဲ ဦးတည္တဲ့ ေၾကာ္ျငာ ေ႐ြးလက္ခံေတာ့မယ္၊ အာ႐ုံေနာက္တယ္ “ ဘာညာ နဲ႕ တြဲသ႐ုပ္ေဆာင္တဲ့သူေတြကို အားမနာ လူပါးကဝလိုက္ေသး။
တြဲရိုက္တာလည္း ေစာက္႐ူးေစာက္ေပါ တစ္ေယာက္မွ မပါ၊ အကယ္ဒမီဆုရွင္ေတာင္ပါေသး ။”“ညေန ၄ နာရီထိုးေတာ့ ရိုက္စရာရွိတာအမ်ားႀကီးကို ဂ႐ုမစိုက္ပဲ ျပန္ခ်သြားတာ၊ က်န္တဲ့သူေတြကပဲ အဆင္ေျပေအာင္ ရိုက္လိုက္ရတယ္။ ( ဘယ္မင္းသားမင္းသမီးမွ
သူ႕လိုေသာက္ခ်ိဳး မခ်ိဳးဘူးေနာ္ ) ။ေန႕လည္ခင္း ေနပူႀကီး ရႈတင္လာၾကည့္တဲ့ ႐ြာသားေတြကိုလည္း “ ပါမလား၊ လက္ေဆာင္ေပးမယ္ “ ဆိုၿပီး ေနပူႀကီးထဲ အၾကာႀကီးရပ္ခိုင္းၿပီး တစ္ေယာက္ကို ပ႐ုပ္ဆီဘူး အေသးေလးတစ္ဘူးဆီ ေပးၿပီး ျပန္လႊတ္လိုက္တာေနာ္။
မသိရင္သူေပးသလိုနဲ႕။ လႉေနတယ္ဆိုတာလည္း မုန႔္ဆီေၾကာ္နဲ႕ မုန႔္ျပန္ေၾကာ္ေနတာေနာ္။ Clients ေတြဆီကေန လႉစရာပစၥည္းေတြ အလကားေတာင္းၿပီး သူလႉေပးသလိုနဲ႕ နာမည္ယူတာ လူလည္မ က။ သူေၾကာ္ျငာရိုက္လို႔ သိန္း ၈၀ ရရင္ ျပန္လႉတာ ၁ သိန္း ၂ သိန္းဖိုးေလာက္ပဲရွိမယ္
က်န္တာ သူမ်ားေပးထားတဲ့ ပစၥည္းေတြနဲ႕ မ်က္ႏွာလုပ္တာဗ်။ သူ႕ရွာထားတဲ့ ပိုက္ဆံ ဘယ္လိုသုံးသုံး သူ႕ကိစၥပါ၊ ရိုးသားတဲ့ ျမန္မာျပည္သူေတြရဲ႕ ေမတၱာကို အသုံးခ်ၿပီး လုပ္စားသြားတာ ကို ေျပာခ်င္တာ ။ Coup စျဖစ္ေတာ့လည္း သူ႕ကိုခ်စ္ၾကတဲ့
ျပည္သူေတြရဲ႕မ်က္ႏွာကိုမွ မေထာက္ “ သူနဲ႕ နိုင္ငံေရးဘာဆိုင္လို႔လဲ “ ဆိုၿပီး မန႔္ေသးတာေနာ္။ သူ႕ကို အားေပးေနတဲ့ နယ္ေတြ/႐ြာေတြ ဆီက လူေတြရဲ႕ လိုက္စ္ ကိုအသုံးခ်ၿပီး ပိုက္ဆံေတြရွာခဲ့တာ၊ ေ႐ႊေတြဝယ္၊ ၃ ထပ္တိုက္အိမ္ႀကီး ေဆာက္နိုင္ခဲ့တာ မဟုတ္ဘူးလား ???
မွတ္ခ်က္ : က်ေနာ္ေျပာသမွ် အကုန္ records ေတြရွိပါတယ္၊ အလကား PA ေၾကာင့္ ေျပာေနတာမဟုတ္ဘူးေနာ္။ ေနာက္ဆို ေသခ်ာ ဘြိုင္းေကာ့သင့္တဲ့သူေတြကို ေနာင္က်ဥ္ေအာင္ လုပ္ရပါမယ္။ ဒါသူ႕အေၾကာင္း ပထမနဲ႕ ေနာက္ဆုံးပါပဲ။ ေေတာ္လွန္ေရးၿပီးရင္
သူ႕လိုအႏုပညာေလာက္ေကာင္ေတြ မရွိေအာင္ပါ ။ မွန္တာေျပာရင္ အေရးေတာ္ပုံ အျမန္ေအာင္ပါေစ ။Stop making Stupid People Famous ” ဆိုၿပီး ေျပာလာပါတယ္။ Russell ရဲ႕ ပိုစ့္ေအာက္မွာေတာ့ ပရိသတ္ေတြက Russell ေျပာတဲ့ ေဖ့စ္ဘုတ္ဆယ္လီဆိုတာဟာ
ျဖဴျဖဴေထြးျဖစ္တယ္လို႔ မွတ္ခ်က္ေပးေနၾကတာပဲျဖစ္ပါတယ္။ Russell ကေတာ့ နာမည္တပ္မေျပာထားေပမယ့္ Russell ေျပာတဲ့အခ်က္ေတြထဲက “ သူနဲ႕ နိုင္ငံေရးဘာဆိုင္လို႔လဲ “ ဆိုတဲ့စကားဟာ ျဖဴျဖဴေထြးေျပာခဲ့တဲ့ စကားပဲျဖစ္ပါတယ္။ ခရက္ဒစ္
Leave a Reply