စိတ်တူကိုယ်တူရှိတဲ့ မင်းမော်ကွန်းနဲ့အတူ မြနှင်းရီလွင်ကျေးဇူးဖြင့် ပုဂံမှာ သူရဲကောင်းလေးယောက်ဖြစ်ခွင့်ရခဲ့တဲ့ ခရီးတစ်ခုက အမှတ်တရတချို့ကို ပြောပြလာတဲ့ ပြေဇင်

သရုပ်ဆောင်ပြေဇင်ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း နာမည်ရမင်းသားတစ်ယောက်ပဲဖြစ်ပါတယ်။ ပြေဇင်ဟာ စာရေးဆရာကြီး ဦးသာဓုရဲ့ မျိုးဆက်တစ်ယောက်ပီပီ အနုပညာနဲ့ပတ်သက်လာရင်

(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)

ပါရမီထူးကဲပြီး စာအရေးအသားကောင်းမွန်သူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ပြေဇင်က တချိန်က ရေနံချောင်း၊ ချောက်၊ ပုဂံဘက်ခရီးထွက်ဖြစ်ခဲ့တဲ့ အမှတ်တရတစ်ခုကို အခုလိုပဲပြောပြလာပါတယ်။ ပြေဇင်က “အမှားပါရင်ခွင့်မလွှတ်ပါနဲ့။

အမှန်တွေကြီးပဲဆိုလည်း ခပ်တည်တည်ပေါ့။ ကျွန်တော်ကချစ်ရင်ဖြစ်ဖြစ် မုန်းရင်ဖြစ်ဖြစ် တရစ်ပြီး တရစ် ရစ်တတ်ပါတယ်။ တခါက ခရီးသွားကားကြီးနဲ့ အနုပညာသယ်(ပညာရှင်ဟု ကျွန်တော်မသုံးပါ)တွေ

ချောက် ရေနံချောင်းဘက် နေပူပူမှာ စိမ်းလမ်းစိုပြေရေး(သစ်ပင်စိုက်ဖို့)အတွက် ခရီးထွက်ကြလေသတည်းပေါ့။ ကားပေါ်မှာ ဦးဌေး(ဇင်ဝိုင်း)ကစလို့ နာမည်ကြီးတွေရော မကြီးတွေရော မကြီးတကြီးတွေရာ ပါတယ်။ ကျွန်တော်မှတ်မိတဲ့ထဲက

ကျွန်တော်လိုက်ပါစီးရတဲ့ကားပေါ်မှာ မြနှင်းရီလွင်ပါတယ်။ ကျွန်တော်နဲ့ ကပ်လျက် ကိုကျော်(မင်းမော်ကွန်း)၊ အောင်မြင့်မြတ် ကိုရဲမွန်။ ကျွန်တော်တို့လေးယောက်ဟာ မြနှင်းရီလွင်ကျေးဇူးနဲ့ ပုဂံမှာ သူရဲကောင်းလေးယောက်ဖြစ်ခွင့်ရတယ်။

ဟုတ်တယ်လေ ရေနံချောင်းမှာ အပင်စိုက်ပြီးပြန်ရမှာကို မြနှင်းရီလွင်က ကားကြီးတစ်စီးလုံးငှါးခကို သူအကုန်ခံမယ်ဆိုပြီး တစ်ဖွဲ့လုံးကို ပုဂံလိုက်ပို့ပေးတာကိုး”“ဘာအပြောကောင်းမလဲ သူရဲကောင်းလေးယောက်ဟာ ရေနံချောင်းကထွက်ကတည်းက

သောက်လိုက်တဲ့အသောက် တစ်မိုင်တခါ သေးပေါက်ဖို့ကားရပ်ပေးရတယ်။ ကားပေါ်ပါသူတွေ စိတ်ပျက်လက်ပျက်မဖြစ်ရှာပါဘူး ပျော်နေကြတော့ ပျော်ပျော်ပါပဲ။ ဦးဌေးကတော့ “မောင်မောင် မင်းနဲ့မင်းအကိုသိပ်မများစေနဲ့နော်” လို့ ဟန့်ရုံတင်လေးပဲဟန့်တယ်။

ရေနံချောင်းချောက်ကနေ ပုဂံကိုတကယ်ဆိုရင် ၄၅မိနစ်ထက်ပိုမမောင်းရပါဘူး။ ကျွန်တော်တို့လေးယောက်ပါနေလို့သာ ၄၅မိနစ်ခရီးဟာ ၂နာရီကျော်လောက်ကြာခဲ့တာပါ။ ကြာမှာပေါ့ ပေါက်လိုက်သောက်လိုက်

ကုန်သွားရင်ကားရပ်ခိုင်းပြီး ဆင်းဝယ်လိုက်နဲ့ ပျော်စရာ။ အဲလိုဆင်းဝယ်ပြီဆို ကိုကျော်က မန်းနီးထုတ်ပေးတယ်။ သူကတော့ နေကာမျက်မှန်အမဲကြီးတပ်ပြီး ခပ်တည်တည်ပဲ။ မတပ်လို့လဲမရဘူးလေ သူပါလာတဲ့ ဗော်လင်တိုင်းလည်း ဖင်ကပ်ပဲကျန်တော့တာကိုး။”

“ကျွန်တော်တို့ ကားရပ်ခိုင်းလိုက် သေးဆင်းပေါက်လိုက် ဘီယာတွေဝယ်ပြီးပြန်တက်လာလိုက် လုပ်နေတာကို ကားအဝင်အဝထိပ်ဆုံးခုံမှာ မိန့်မိန့်ကြီး ထိုင်ကြည့်နေတာက ဦးအောင်ခိုင်။ အိုက်တင်က သိတဲ့အတိုင်း သူရိုက်နေကြ ကာရိုက်တာတွေလိုပေါ့။

မြင်ယောင်ကြည့်ပါ။ မျက်လုံးက ရီဝေဝေနဲ့ ရီနေလားဆိုတော့လဲ မရီဘူး။ တခုခုပြောချင်တာလားဆိုတော့လဲ မေးစေ့ယားလို့ပွတ်နေတဲ့ ပုံစံ။ တော်တော်မှန်းရခက်ပါတယ်ဗျာ။ အဲတော့ ကျွန်တော်တို့က အကယ်ဒမီအောင်ခိုင်ကို ပြုံးဖြီးဖြီးနဲ့ စကားစရတာပေါ့။

“ဦးအောင်ခိုင် ချမယ်လေ”၊ “ဦးအောင်ခိုင် စပ်လိုက်ရတော့မလား”၊ “ခပ်ပါးပါးတော့ ပုတ်လိုက်ပါဗျာ” အမျိုးမျိုးမြူဆွယ်ကြပေမယ့် အကယ်ဒမီအောင်ခိုင်ကတော့ အကယ်ဒမီစင်ပေါ်မှာ ကျေးဇူးတင်စကားမပြောခင် မိုက်ကိုင်ထားတဲ့ရုပ်ကြီးနဲ့ မပြုံးတပြုံး” “ကျွန်တော်တို့ထဲက တစ်ယောက်

(ဘယ်သူမှန်းမမှတ်မိ) က “ဦးအောင်ခိုင်ကို ဘလက်လေဘယ် ထုတ်တိုက်လိုက်ကွာ” လို့ပြောလိုက်တဲ့အသံကြားရော ဦးအောင်ခိုင်မျက်လုံးက သုံးရာ့ခြောက်ဆယ် ပတ်ကြည့်ပြီးသားဖြစ်သွားတယ်။ (ဘောလိဝုဒ်ရုပ်ရှင်တွေထဲကပြကွက်တွေလိုမျိုး

မြင်ယောင်ကြည့်ပါ) ဦးအောင်ခိုင်က ပြန်ပြောတယ် “ဟေ့ကောင်တွေ သောက်မယ် ငါအဓိဠာန်ပုတီးစိပ်နေတာမပြီးသေးလို့” တဲ့။ ကျွန်တော်ကပဲ စပ်စပ်စုစုမေးမိတယ်။“ဘာ စိပ်နေတာလဲ” ဦးအောင်ခိုင် ခပ်တည်တည်လှမ်းပြောတယ်၊ “ အရဟံ သိဒ္ဓိ ဘဂဝါအောင်”၊

“ဗျာ” ကျွန်တော့်ရဲ့ အာမေဋိတ်အသံ၊ “အရဟံ သိဒ္ဓိ ဝါဝါအောင်” လို့ ကျွန်တော်အော်ပြောမိလိုက်တယ်။(ကျွန်တော်မူးနေတာကိုး) ကားပေါ်ပါသူ အားလုံးရယ်ကြတယ်။ ပုတီးစိပ်ရင်း သူတော်ကောင်းကြီးက ကျွန်တော့်ကိုလှမ်းဆဲတယ် “ရီး”။

ပုဂံရောက်တော့ ကျွန်တော်တို့လေးယောက်မူးပြီ။ ကျွန်တော်တို့နား ဦးအောင်ခိုင်ရောက်လာတယ်။ စကားတစ်ခွန်းကို ရုပ်ရှင်ထဲမှာဒါရိုက်တာပြောခိုင်းထက်အတိုင်းထက် အောက်နှုတ်ခမ်းတွေလှုပ် မျက်လုံးတွေပြူးပြီးအကယ်ဒမီအိုက်တင်နဲ့ ပြောချပစ်လိုက်တယ်

“ငါ့ အိတ်ထဲက ဘလက်လေဘယ် မင်းတို့ယူသောက်လိုက်ကြတာလား” တဲ့။ ခုဆိုရင်လဲ အဲဒီ့လေးယောက် တစ်ယောက်တစ်နေရာဆီ မူးနေလောက်ပီ။ သတိတရဖြင့် 2020အရှေ့ပိုင်းက ပြေဇင်”ဆိုပြီး စီကာပတ်ကုံးပြောလာပါတယ်။ ပြေဇင်ပြောပြတဲ့ စာလေးကိုဖတ်ကြည့်ပြီး

ထိုကားကြီးပေါ်ရောက်သွားသလားမှတ်ရအောင် မျက်လုံးထဲမြင်ယောင်မိလာတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပြေဇင်ရေးတဲ့စာလေးကိုဖတ်ပြီး တချိန်က အတူတူပျော်ခဲ့ကြတဲ့ အနုပညာရှင်တွေကို သတိရမိကြမယ်ထင်ပါတယ်။ ခရက်ဒစ်

Zawgyi code ဖြင့် ဖတ်ရန်

သ႐ုပ္ေဆာင္ေျပဇင္ကေတာ့ ႐ုပ္ရွင္နဲ႕ ဗီဒီယိုဇာတ္ကားေတြမွာ ပါဝင္သ႐ုပ္ေဆာင္ရင္း နာမည္ရမင္းသားတစ္ေယာက္ပဲျဖစ္ပါတယ္။ ေျပဇင္ဟာ စာေရးဆရာႀကီး ဦးသာဓုရဲ႕ မ်ိဳးဆက္တစ္ေယာက္ပီပီ အႏုပညာနဲ႕ပတ္သက္လာရင္

ပါရမီထူးကဲၿပီး စာအေရးအသားေကာင္းမြန္သူတစ္ေယာက္လည္းျဖစ္ပါတယ္။ ဒီကေန႕မွာလည္း ေျပဇင္က တခ်ိန္က ေရနံေခ်ာင္း၊ ေခ်ာက္၊ ပုဂံဘက္ခရီးထြက္ျဖစ္ခဲ့တဲ့ အမွတ္တရတစ္ခုကို အခုလိုပဲေျပာျပလာပါတယ္။ ေျပဇင္က “အမွားပါရင္ခြင့္မလႊတ္ပါနဲ႕။

အမွန္ေတြႀကီးပဲဆိုလည္း ခပ္တည္တည္ေပါ့။ ကြၽန္ေတာ္ကခ်စ္ရင္ျဖစ္ျဖစ္ မုန္းရင္ျဖစ္ျဖစ္ တရစ္ၿပီး တရစ္ ရစ္တတ္ပါတယ္။ တခါက ခရီးသြားကားႀကီးနဲ႕ အႏုပညာသယ္(ပညာရွင္ဟု ကြၽန္ေတာ္မသုံးပါ)ေတြ

ေခ်ာက္ ေရနံေခ်ာင္းဘက္ ေနပူပူမွာ စိမ္းလမ္းစိုေျပေရး(သစ္ပင္စိုက္ဖို႔)အတြက္ ခရီးထြက္ၾကေလသတည္းေပါ့။ ကားေပၚမွာ ဦးေဌး(ဇင္ဝိုင္း)ကစလို႔ နာမည္ႀကီးေတြေရာ မႀကီးေတြေရာ မႀကီးတႀကီးေတြရာ ပါတယ္။ ကြၽန္ေတာ္မွတ္မိတဲ့ထဲက

ကြၽန္ေတာ္လိုက္ပါစီးရတဲ့ကားေပၚမွာ ျမႏွင္းရီလြင္ပါတယ္။ ကြၽန္ေတာ္နဲ႕ ကပ္လ်က္ ကိုေက်ာ္(မင္းေမာ္ကြန္း)၊ ေအာင္ျမင့္ျမတ္ ကိုရဲမြန္။ ကြၽန္ေတာ္တို႔ေလးေယာက္ဟာ ျမႏွင္းရီလြင္ေက်းဇူးနဲ႕ ပုဂံမွာ သူရဲေကာင္းေလးေယာက္ျဖစ္ခြင့္ရတယ္။

ဟုတ္တယ္ေလ ေရနံေခ်ာင္းမွာ အပင္စိုက္ၿပီးျပန္ရမွာကို ျမႏွင္းရီလြင္က ကားႀကီးတစ္စီးလုံးငွါးခကို သူအကုန္ခံမယ္ဆိုၿပီး တစ္ဖြဲ႕လုံးကို ပုဂံလိုက္ပို႔ေပးတာကိုး”“ဘာအေျပာေကာင္းမလဲ သူရဲေကာင္းေလးေယာက္ဟာ ေရနံေခ်ာင္းကထြက္ကတည္းက

ေသာက္လိုက္တဲ့အေသာက္ တစ္မိုင္တခါ ေသးေပါက္ဖို႔ကားရပ္ေပးရတယ္။ ကားေပၚပါသူေတြ စိတ္ပ်က္လက္ပ်က္မျဖစ္ရွာပါဘူး ေပ်ာ္ေနၾကေတာ့ ေပ်ာ္ေပ်ာ္ပါပဲ။ ဦးေဌးကေတာ့ “ေမာင္ေမာင္ မင္းနဲ႕မင္းအကိုသိပ္မမ်ားေစနဲ႕ေနာ္” လို႔ ဟန႔္႐ုံတင္ေလးပဲဟန႔္တယ္။

ေရနံေခ်ာင္းေခ်ာက္ကေန ပုဂံကိုတကယ္ဆိုရင္ ၄၅မိနစ္ထက္ပိုမေမာင္းရပါဘူး။ ကြၽန္ေတာ္တို႔ေလးေယာက္ပါေနလို႔သာ ၄၅မိနစ္ခရီးဟာ ၂နာရီေက်ာ္ေလာက္ၾကာခဲ့တာပါ။ ၾကာမွာေပါ့ ေပါက္လိုက္ေသာက္လိုက္

ကုန္သြားရင္ကားရပ္ခိုင္းၿပီး ဆင္းဝယ္လိုက္နဲ႕ ေပ်ာ္စရာ။ အဲလိုဆင္းဝယ္ၿပီဆို ကိုေက်ာ္က မန္းနီးထုတ္ေပးတယ္။ သူကေတာ့ ေနကာမ်က္မွန္အမဲႀကီးတပ္ၿပီး ခပ္တည္တည္ပဲ။ မတပ္လို႔လဲမရဘူးေလ သူပါလာတဲ့ ေဗာ္လင္တိုင္းလည္း ဖင္ကပ္ပဲက်န္ေတာ့တာကိုး။”

“ကြၽန္ေတာ္တို႔ ကားရပ္ခိုင္းလိုက္ ေသးဆင္းေပါက္လိုက္ ဘီယာေတြဝယ္ၿပီးျပန္တက္လာလိုက္ လုပ္ေနတာကို ကားအဝင္အဝထိပ္ဆုံးခုံမွာ မိန႔္မိန႔္ႀကီး ထိုင္ၾကည့္ေနတာက ဦးေအာင္ခိုင္။ အိုက္တင္က သိတဲ့အတိုင္း သူရိုက္ေနၾက ကာရိုက္တာေတြလိုေပါ့။

ျမင္ေယာင္ၾကည့္ပါ။ မ်က္လုံးက ရီေဝေဝနဲ႕ ရီေနလားဆိုေတာ့လဲ မရီဘူး။ တခုခုေျပာခ်င္တာလားဆိုေတာ့လဲ ေမးေစ့ယားလို႔ပြတ္ေနတဲ့ ပုံစံ။ ေတာ္ေတာ္မွန္းရခက္ပါတယ္ဗ်ာ။ အဲေတာ့ ကြၽန္ေတာ္တို႔က အကယ္ဒမီေအာင္ခိုင္ကို ၿပဳံးၿဖီးၿဖီးနဲ႕ စကားစရတာေပါ့။

“ဦးေအာင္ခိုင္ ခ်မယ္ေလ”၊ “ဦးေအာင္ခိုင္ စပ္လိုက္ရေတာ့မလား”၊ “ခပ္ပါးပါးေတာ့ ပုတ္လိုက္ပါဗ်ာ” အမ်ိဳးမ်ိဳးျမဴဆြယ္ၾကေပမယ့္ အကယ္ဒမီေအာင္ခိုင္ကေတာ့ အကယ္ဒမီစင္ေပၚမွာ ေက်းဇူးတင္စကားမေျပာခင္ မိုက္ကိုင္ထားတဲ့႐ုပ္ႀကီးနဲ႕ မၿပဳံးတၿပဳံး” “ကြၽန္ေတာ္တို႔ထဲက တစ္ေယာက္

(ဘယ္သူမွန္းမမွတ္မိ) က “ဦးေအာင္ခိုင္ကို ဘလက္ေလဘယ္ ထုတ္တိုက္လိုက္ကြာ” လို႔ေျပာလိုက္တဲ့အသံၾကားေရာ ဦးေအာင္ခိုင္မ်က္လုံးက သုံးရာ့ေျခာက္ဆယ္ ပတ္ၾကည့္ၿပီးသားျဖစ္သြားတယ္။ (ေဘာလိဝုဒ္႐ုပ္ရွင္ေတြထဲကျပကြက္ေတြလိုမ်ိဳး

ျမင္ေယာင္ၾကည့္ပါ) ဦးေအာင္ခိုင္က ျပန္ေျပာတယ္ “ေဟ့ေကာင္ေတြ ေသာက္မယ္ ငါအဓိဠာန္ပုတီးစိပ္ေနတာမၿပီးေသးလို႔” တဲ့။ ကြၽန္ေတာ္ကပဲ စပ္စပ္စုစုေမးမိတယ္။“ဘာ စိပ္ေနတာလဲ” ဦးေအာင္ခိုင္ ခပ္တည္တည္လွမ္းေျပာတယ္၊ “ အရဟံ သိဒၶိ ဘဂဝါေအာင္”၊

“ဗ်ာ” ကြၽန္ေတာ့္ရဲ႕ အာေမဋိတ္အသံ၊ “အရဟံ သိဒၶိ ဝါဝါေအာင္” လို႔ ကြၽန္ေတာ္ေအာ္ေျပာမိလိုက္တယ္။(ကြၽန္ေတာ္မူးေနတာကိုး) ကားေပၚပါသူ အားလုံးရယ္ၾကတယ္။ ပုတီးစိပ္ရင္း သူေတာ္ေကာင္းႀကီးက ကြၽန္ေတာ့္ကိုလွမ္းဆဲတယ္ “ရီး”။

ပုဂံေရာက္ေတာ့ ကြၽန္ေတာ္တို႔ေလးေယာက္မူးၿပီ။ ကြၽန္ေတာ္တို႔နား ဦးေအာင္ခိုင္ေရာက္လာတယ္။ စကားတစ္ခြန္းကို ႐ုပ္ရွင္ထဲမွာဒါရိုက္တာေျပာခိုင္းထက္အတိုင္းထက္ ေအာက္ႏႈတ္ခမ္းေတြလႈပ္ မ်က္လုံးေတြျပဴးၿပီးအကယ္ဒမီအိုက္တင္နဲ႕ ေျေျပာခ်ပစ္လိုက္တ

“ငါ့ အိတ္ထဲက ဘလက္ေလဘယ္ မင္းတို႔ယူေသာက္လိုက္ၾကတာလား” တဲ့။ ခုဆိုရင္လဲ အဲဒီ့ေလးေယာက္ တစ္ေယာက္တစ္ေနရာဆီ မူးေနေလာက္ပီ။ သတိတရျဖင့္ 2020အေရွ႕ပိုင္းက ေျပဇင္”ဆိုၿပီး စီကာပတ္ကုံးေျပာလာပါတယ္။ ေျပဇင္ေျပာျပတဲ့ စာေလးကိုဖတ္ၾကည့္ၿပီး

ထိုကားႀကီးေပၚေရာက္သြားသလားမွတ္ရေအာင္ မ်က္လုံးထဲျမင္ေယာင္မိလာတာပဲျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ေျပဇင္ေရးတဲ့စာေလးကိုဖတ္ၿပီး တခ်ိန္က အတူတူေပ်ာ္ခဲ့ၾကတဲ့ အႏုပညာရွင္ေတြကို သတိရမိၾကမယ္ထင္ပါတယ္။ ခရက္ဒစ္

Be the first to comment

Leave a Reply

Your email address will not be published.


*