အိန္ဒြာကျော်ဇင်ကတော့ အနုပညာလောကမှာ ထိပ်ဆုံးနေရာကနေ ရပ်တည်အောင်မြင်နေသူ ဖြစ်ပါတယ်။ လင်းလက်တောက်ပတဲ့ အနုပညာငွေကြယ်ပွင့်လေးဖြစ်တဲ့ အိန္ဒြာကျော်ဇင်က ပရိသတ်တွေရဲ့အသည်းကျော်လေးလည်း ဖြစ်ပါတယ်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ပရိသတ်တွေကလည်း အူဝဲရဲ့သရုပ်ဆောင်မှုတွေအပြင် သူမရဲ့ဖက်ရှင်တွေကိုပါ ကြွေနေရတာ ဖြစ်ပါတယ်။ ကလေးနှစ်ယောက်မိခင်ဖြစ်တဲ့ အူဝဲက ယနေ့ချိန်အထိ ပျိုမျစ်နုနယ်ပြီး အရွယ်တင်လှပနေဆဲ ဖြစ်ပါတယ်။
ဒါ့အပြင် အူဝဲက ယနေ့ခေတ်လူငယ်တွေနဲ့အပြိုင် ငယ်ရွယ်နုပျိုနေတာကလည်း ပရိသတ်တွေကိုအချစ်ပိုစေတဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အူဝဲကတော့ အမြဲကျန်းမာရေးလိုက်စားကာ လေ့ကျင့်ခန်းတွေ
ပုံမှန်ပြုလုပ်တတ်သူလေးလည်းဖြစ်ပါတယ်။ဒါကြောင့်လည်း မြင်သူတိုင်းကြွေရလောက်အောင် လှနိုင်လွန်းတဲ့ အူဝဲကို ဖက်ရှင်ဘုရင်မလို့တောင် ပရိသတ်တွေရဲ့တင်စားခေါ်ဝေါ်ခြင်းခံထားရတာ ဖြစ်ပါတယ်။ သူမသည် ဝါသနာပါရာလေးတွေကိုလုပ်လေ့ရှိရာ
အခုလည်း ကိုယ်တိုင်ရေးဆွဲထားတဲ့ ပန်းချီကားအမိုက်စားလေးတွေကို အကောင့်လေးမှာဖော်ပြခဲ့တာတွေ့ရပါတယ်။ပန်းချီကားလေးတွေဟာ မိမိုက်လွန်းပြီး ဘက်စုံတော်တဲ့ သူမကို ပရိသတ်တွေကကောမန့်မှာ ချီးကျူးစကားဆိုနေကြတာလည်းဖြစ်ပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply