
အခြေအနေတစ်ရပ်ကြောင့် မြန်မာ့ရွှေဈေးကို ပြန်လည်တည်ငြိမ်မှုရှိအောင် လုပ်ဆောင်သွားနိုင်မယ့် အခြေအနေရှိတယ်လို့ စကစ ပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဇော်မင်းထွန်းက
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ယမန်နေ့က သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းဖြေကြားခဲ့ပါတယ်။ ရန်ကုန်ရွှေအသင်း (YGEA) ရဲ့ ယနေ့ဈေးကွက်ပေါက်ဈေးက အခေါက်ရွှေတစ်ကျပ်သား ကျပ်သိန်း ၂၀ ပတ်ချာလည်သာ ရှိနေပေမယ့်
ပြင်ပဒေါ်လာပေါက်ဈေးကို အခြေခံတွက်ချက်ပြီး ဝယ်/ရောင်းလုပ်ကြတဲ့ ပြင်ပဈေးကွက်မှာတော့ ၂၃ သိန်းကျပ် နီးပါးကို ရောက်ရှိနေပါတယ်။ မနေ့ကဆိုရင် ပြင်ပစျေးကွက်တွင် တစ်ကျပ်သားလျှင် ၂၃ သိန်း ၄ သောင်း ကျပ်အထိ
စျေးပေါက်ခဲ့ပါတယ်။ “ကမ္ဘာ့ပေါက်ဈေးတွေနဲ့လည်း ချိန်နေတာ ရှိပါတယ်။ တစ်ချို့ရွှေဈေးတွေက အပြင်မှာပဲ အခြေအနေတစ်ရပ်ကြောင့်မို့လို့ ကမ္ဘာ့ရွှေဈေးကျနေပေမယ့် မြန်မာ့ရွှေဈေး မြင့်တက်နေတဲ့ အနေအထားမျိုး ရှိပါတယ်” လို့
ဇော်မင်းထွန်းက ပြောပါတယ်။ ဒါတွေကိုလည်း ပြန်လည်တည်ငြိမ်အောင် လုပ်ဆောင်သွားနိုင်မယ့် အခြေအနေတွေလည်း ရှိပါတယ်” လို့ ၎င်းက ဆက်ပြောထားပါတယ်။ ဒါ့အပြင် ပြည်တွင်းမှာ စိုက်ပျိုးထွက်ရှိတဲ့
ဆန်စတဲ့ အခြေခံစားကုန်တွေ ဈေးနှုန်းကြီးမြင့်နေမှုကို လက်ရှိဖြစ်ပေါ်နေတဲ့ ဈေးနဲ့ ထိန်းညှိဆောင်ရွက်ပေးသွားမယ်လို့လည်း ဆိုပြန်ပါတယ်။ဇော်မင်းထွန်းက “ပြည်ကနေ သွင်းတဲ့ ဆီဈေးကတော့ သူ့ရဲ့ ပေါက်ဈေးအတိုင်းပဲ ဖြစ်လိမ့်မယ့်။
နိုင်ငံအတွင်းက ထွက်တာတွေကတော့ ထိန်းညှိဆောင်ရွက်ပေးလျက်ရှိပါတယ်” လို့ ပြောပါတယ်။ထို့အပြင် ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များကို ကျပ်ဘီလီယံ ၄၀၀ ထုတ်ချေးမယ့် အစီအစဉ်ကြောင့်
လက်ရှိဖြစ်ပေါ်နေတဲ့ စီးပွားရေးမတည်ငြိမ်မှုတွေကို အတိုင်းအတာတစ်ခုအထိ တည်ငြိမ်သွားဖို့ မျှော်လင့်နေကြောင်းလည်း ၄င်းက ပြောကြားခဲ့ပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
အေျခအေနတစ္ရပ္ေၾကာင့္ ျမန္မာ့ေ႐ႊေဈးကို ျပန္လည္တည္ၿငိမ္မႈရွိေအာင္ လုပ္ေဆာင္သြားနိုင္မယ့္ အေျခအေနရွိတယ္လို႔ စကစ ေျပာခြင့္ရ ျပန္ၾကားေရး ဒုဝန္ႀကီး ေဇာ္မင္းထြန္းက
ယမန္ေန႕က သတင္းစာရွင္းလင္းပြဲမွာ ထည့္သြင္းေျဖၾကားခဲ့ပါတယ္။ ရန္ကုန္ေ႐ႊအသင္း (YGEA) ရဲ႕ ယေန႕ေဈးကြက္ေပါက္ေဈးက အေခါက္ေ႐ႊတစ္က်ပ္သား က်ပ္သိန္း ၂၀ ပတ္ခ်ာလည္သာ ရွိေနေပမယ့္
ျပင္ပေဒၚလာေပါက္ေဈးကို အေျခခံတြက္ခ်က္ၿပီး ဝယ္/ေရာင္းလုပ္ၾကတဲ့ ျပင္ပေဈးကြက္မွာေတာ့ ၂၃ သိန္းက်ပ္ နီးပါးကို ေရာက္ရွိေနပါတယ္။ မေန႕ကဆိုရင္ ျပင္ပေစ်းကြက္တြင္ တစ္က်ပ္သားလွ်င္ ၂၃ သိန္း ၄ ေသာင္း က်ပ္အထိ
ေစ်းေပါက္ခဲ့ပါတယ္။ “ကမာၻ႔ေပါက္ေဈးေတြနဲ႕လည္း ခ်ိန္ေနတာ ရွိပါတယ္။ တစ္ခ်ိဳ႕ေ႐ႊေဈးေတြက အျပင္မွာပဲ အေျခအေနတစ္ရပ္ေၾကာင့္မို႔လို႔ ကမာၻ႔ေ႐ႊေဈးက်ေနေပမယ့္ ျမန္မာ့ေ႐ႊေဈး ျမင့္တက္ေနတဲ့ အေနအထားမ်ိဳး ရွိပါတယ္” လို႔
ေဇာ္မင္းထြန္းက ေျပာပါတယ္။ ဒါေတြကိုလည္း ျပန္လည္တည္ၿငိမ္ေအာင္ လုပ္ေဆာင္သြားနိုင္မယ့္ အေျခအေနေတြလည္း ရွိပါတယ္” လို႔ ၎က ဆက္ေျပာထားပါတယ္။ ဒါ့အျပင္ ျပည္တြင္းမွာ စိုက္ပ်ိဳးထြက္ရွိတဲ့
ဆန္စတဲ့ အေျခခံစားကုန္ေတြ ေဈးႏႈန္းႀကီးျမင့္ေနမႈကို လက္ရွိျဖစ္ေပၚေနတဲ့ ေဈးနဲ႕ ထိန္းညွိေဆာင္႐ြက္ေပးသြားမယ္လို႔လည္း ဆိုျပန္ပါတယ္။ေဇာ္မင္းထြန္းက “ျပည္ကေန သြင္းတဲ့ ဆီေဈးကေတာ့ သူ႕ရဲ႕ ေပါက္ေဈးအတိုင္းပဲ ျဖစ္လိမ့္မယ့္။
နိုင္ငံအတြင္းက ထြက္တာေတြကေတာ့ ထိန္းညွိေဆာင္႐ြက္ေပးလ်က္ရွိပါတယ္” လို႔ ေျပာပါတယ္။ထို႔အျပင္ ျပည္တြင္း စီးပြားေရး လုပ္ငန္းရွင္မ်ားကို က်ပ္ဘီလီယံ ၄၀၀ ထုတ္ေခ်းမယ့္ အစီအစဥ္ေၾကာင့္
လက္ရွိျဖစ္ေပၚေနတဲ့ စီးပြားေရးမတည္ၿငိမ္မႈေတြကို အတိုင္းအတာတစ္ခုအထိ တည္ၿငိမ္သြားဖို႔ ေမွ်ာ္လင့္ေနေၾကာင္းလည္း ၄င္းက ေျပာၾကားခဲ့ပါတယ္။ ခရက္ဒစ္
Leave a Reply