အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သော ကုလသမဂ္ဂမှ ဒီမိုကရေစီအရေးလှုပ်ရှားသူ ၄ ဦးကို စစ်တပ်က သ တ်ဖြတ်မှုအပေါ်ပြင်းပြင်းထန်ထန်ရှုတ်ချ…
ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ၏ ဒီမိုကရေစီအရေးလှုပ်ရှားသူ ၄ ဦးကို ‌ေသဒဏ်ပေး ကွပ်မျက်မှုကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း တရားဝင်သတင်းထုတ်ပြန်သည်။ ဒီမိုကရေစီအရေးလှုပ်ရှားသူ
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီ၊ ကိုအောင်သူရဇော်နှင့် ကိုလှမျိုးအောင်တို့ကို အကြမ်းဖက်စစ်တပ်က သေဒဏ်စီရင်ပြီးဖြစ်ကြောင်း ထုတ်ပြန်မှုအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် ပြင်းပြင်း ထန်ထန် ရှုတ်ချကြောင်း၊
အဆိုပါ ရှုတ်ချမှုကို တ ရု-တ်၊ ရုရှား အပါအဝင် အဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံလုံးက တညီတညွတ်တည်း ကန့်ကွက်ရှုတ်ချခြင်းဖြစ်ကြောင်း၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရန်နှင့် အမျိုးသားညီညွတ်ရေး ၊ မြန်မာပြည်သူများ၏ အကျိုးအတွက်
အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ လူ့အခွင့်အရေးနှင့်အကူအညီပေးနိုင်ရေးကို လေးစားကြရန် လည်း တောင်းဆိုသည်။ အကြမ်းဖက်စစ်တပ်ကမူ သေဒဏ်စီရင်မှုသည် အကြမ်းဖက်မှုများ လုပ်ဆောင် ၍ ဖြစ်ပြီး
‌ေသဒဏ်အကြိမ်ကြိမ်ပေးသင့်သူများဖြစ်သည်ဟု အကြမ်းဖက် ဇော်မဲလုံးက သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုထားသည်။ ဓာတ်ပုံ- ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးတစ်ခုမြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်)
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*