တာချီလိတ်ပီဇာဆိုင်ရဲ့ အခန်း​၏ ကြမ်းခင်းနှင့် နံရံများ ရုတ်တရက် အပူလွန်ကဲလာ၍ မြေအောက်ဖက်သို့ တူးကြည့်ရာ အငွေ့ထွက်နေသည့် ထူးခြားဖြစ်ရပ်ဆန်း (ရုပ်သံ)

အပူရှိန်ပြင်းသဖြင့် အခန်း​၏ ကြမ်းခင်းမြေအောက်ဖက်သို့ တူးကြည့်ရာ အငွေ့ထွက်နေသဖြင့် မြေကြီးအား ဓာတ်ခွဲခန်းသို့ ပို့၍ စစ်ဆေးမည်။ ကြွေပြားများမှာ ပူလာသဖြင့် ဆိုင်မှ တာဝန်ရှိသူမှ

(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)

ပန်းရံဆရာများအား ခေါ်ယူကာ ကြွေပြားများလှန်၍ ကြည့်ရှုသော်လည်း ဆက်လက်ပူနေသဖြင့် သက်ဆိုင်ရာ နယ်မြေတာဝန်ရှိသူများအား ဆက်သွယ် အသိပေးလာသည်။ အပူချိန်တိုင်းတာချက်အရ အပူချိန် ၁၁၂ ဒီဂရီ စင်တီဂရိတ်နှင့် ၁၁၅ စင်တီဂရိတ်ရှိနေသဖြင့်

သက်ဆိုင်ရာအဖွဲ့များမှ စစ်ဆေးလျက် ရှိကြောင်းသိရှိရသည်။ ဆိုင်ဖွင့်ရာ တိုက်ခန်းတွင် ဘေးကပ်လျက် အခန်း (၃)ခန်းရှိသော်လည်း အဆိုပါဆိုင် တခုတည်းရှိ အောက်ခင်းကြွေပြား တဝိုက်သာ အပူလွန်ကဲနေကြောင်း တွေ့ရှိရသည်။ “မနက်ပိုင်းက ပူပူချင်းက

ကြက်ဥပြုတ်လို့ရတယ်။ (၁၀)ရက်အတွင်း breaker (၃)လုံးလဲ ရတယ်။ဘာဖြစ်လို့ ပူနေမှန်းမသိတာနဲ့ ဆက်သွယ်အကြောင်းကြားတာပါ”ဟု ဆိုင်မှ တာဝန်ရှိသူက ဆိုသည်။ တာချီလိတ်၊ဇူလိုင် (၂၇)။ တာချီလိတ်မြို့နယ် ၊ဆန်ဆိုင်း (က) ရက်ကွက်

မြို့ပတ်လမ်း ပေါ်ရှိ ပီဇာဆိုင်အခန်းတခု အတွင်းရှိ အောက်ခင်းကြွေပြားများနှင့် နံရံများ ရုတ်တရတ် အပူချိန် ပြင်းလာသဖြင့် စစ်ဆေးရန်အတွက် မြေကြီးတွင်းတူး ကြည့်ရာ တွင်းထဲမှ အငွေ့များ ထွက်လာသဖြင့် ဘူမိဗေဒနှင့် ဓာတ်သတ္ထုလေ့လာရေးဌာနမှ တာဝန်ရှိသူမှ

လာရောက်ကာ စစ်ဆေးလျက်ရှိကြောင်း သိရှိ ရသည်။ ယမန်နေ့ည တညလုံး အဆိုပါ အခန်းအား လျှပ်စစ်မီး ဖြတ်တောက်ထားသော်လည်း ယခု မနက်ပိုင်းအထိ။ဆက်လက် ပူနေသေးကြောင်း သိရှိရသည်။ “ငလျင်တွေ လှုပ်တာကြောင့် မြေကြီးအောက်မှာ ရှိတဲ့

ကျောက်ပြားတွေ ပွတ်တိုက်မှုကြောင့် ပူလာတာလည်း ဖြစ်နိုင်တယ်။ အခု ပူတဲ့ မြေကြီးရဲ့ အောက်အနက် ၇ပေ ၈ပေအထိ နက်အောက်တူးပြီး မြေကြီးကို ဓာတ်ခွဲခန်းသို့ ပို့ပြီး စမ်းသပ်ရမယ်။”ဟု ကျိုင်းတုံမှ ဘူမိဗေဒနှင့်

ဓာတ်သတ္တုလေ့လာရေး ဌာနမှ လာရောက်လေ့လာသူ ဦးအောင်ကျော်စိုးမှ ပြောသည်။ တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း (က)ရပ်ကွက် အနောက်မြို့ပတ်လမ်းပေါ်ရှိ HH pizza ဆိုင်အတွင်းရှိ ကြွေပြားများမှာ ဇူလိုင် (၂၆)ရက်နေ့၊ နံနက်ပိုင်း အချိန် (၁၀)နာရီဝန်းကျင်ခန့်မှ စတင်ကာ

အလွန်အမင်း ပူလာကြောင်း သတင်းပေးပို့ လာသဖြင့် အခြေအနေသိရှိနိုင်ရန်အတွက် မြေကြွင်းတူးရာမှ ယခုလို အငွေ့ထွက် လာခြင်း ဖြစ်သည်။အဆိုပါ အခန်းတွင်းရှိ ယင်းနေရာ၌တွင်သာ ပူပြင်းနေသော်လည်း ဘေးဖက် တိုက်ခန်းတွဲမှာ အပူချိန် မရှိကြောင်း တွေ့ရှိရသည်။ Source:ရှမ်းအရှေ့ သတင်းမဏ္ဍိုင်

Zawgyi code ဖြင့် ဖတ်ရန်

အပူရွိန္ျပင္းသျဖင့္ အခန္း​၏ ၾကမ္းခင္းေျမေအာက္ဖက္သို႔ တူးၾကည့္ရာ အေငြ႕ထြက္ေနသျဖင့္ ေျမႀကီးအား ဓာတ္ခြဲခန္းသို႔ ပို႔၍ စစ္ေဆးမည္။ ေႂကြျပားမ်ားမွာ ပူလာသျဖင့္ ဆိုင္မွ တာဝန္ရွိသူမွ

ပန္းရံဆရာမ်ားအား ေခၚယူကာ ေႂကြျပားမ်ားလွန္၍ ၾကည့္ရႈေသာ္လည္း ဆက္လက္ပူေနသျဖင့္ သက္ဆိုင္ရာ နယ္ေျမတာဝန္ရွိသူမ်ားအား ဆက္သြယ္ အသိေပးလာသည္။ အပူခ်ိန္တိုင္းတာခ်က္အရ အပူခ်ိန္ ၁၁၂ ဒီဂရီ စင္တီဂရိတ္ႏွင့္ ၁၁၅ စင္တီဂရိတ္ရွိေနသျဖင့္

သက္ဆိုင္ရာအဖြဲ႕မ်ားမွ စစ္ေဆးလ်က္ ရွိေၾကာင္းသိရွိရသည္။ ဆိုင္ဖြင့္ရာ တိုက္ခန္းတြင္ ေဘးကပ္လ်က္ အခန္း (၃)ခန္းရွိေသာ္လည္း အဆိုပါဆိုင္ တခုတည္းရွိ ေအာက္ခင္းေႂကြျပား တဝိုက္သာ အပူလြန္ကဲေနေၾကာင္း ေတြ႕ရွိရသည္။ “မနက္ပိုင္းက ပူပူခ်င္းက

ၾကက္ဥျပဳတ္လို႔ရတယ္။ (၁၀)ရက္အတြင္း breaker (၃)လုံးလဲ ရတယ္။ဘာျဖစ္လို႔ ပူေနမွန္းမသိတာနဲ႕ ဆက္သြယ္အေၾကာင္းၾကားတာပါ”ဟု ဆိုင္မွ တာဝန္ရွိသူက ဆိုသည္။ တာခ်ီလိတ္၊ဇူလိုင္ (၂၇)။ တာခ်ီလိတ္ၿမိဳ႕နယ္ ၊ဆန္ဆိုင္း (က) ရက္ကြက္

ၿမိဳ႕ပတ္လမ္း ေပၚရွိ ပီဇာဆိုင္အခန္းတခု အတြင္းရွိ ေအာက္ခင္းေႂကြျပားမ်ားႏွင့္ နံရံမ်ား ႐ုတ္တရတ္ အပူခ်ိန္ ျပင္းလာသျဖင့္ စစ္ေဆးရန္အတြက္ ေျမႀကီးတြင္းတူး ၾကည့္ရာ တြင္းထဲမွ အေငြ႕မ်ား ထြက္လာသျဖင့္ ဘူမိေဗဒႏွင့္ ဓာတ္သတၳဳေလ့လာေရးဌာနမွ တာဝန္ရွိသူမွ

လာေရာက္ကာ စစ္ေဆးလ်က္ရွိေၾကာင္း သိရွိ ရသည္။ ယမန္ေန႕ည တညလုံး အဆိုပါ အခန္းအား လွ်ပ္စစ္မီး ျဖတ္ေတာက္ထားေသာ္လည္း ယခု မနက္ပိုင္းအထိ။ဆက္လက္ ပူေနေသးေၾကာင္း သိရွိရသည္။ “ငလ်င္ေတြ လႈပ္တာေၾကာင့္ ေျမႀကီးေအာက္မွာ ရွိတဲ့

ေက်ာက္ျပားေတြ ပြတ္တိုက္မႈေၾကာင့္ ပူလာတာလည္း ျဖစ္နိုင္တယ္။ အခု ပူတဲ့ ေျမႀကီးရဲ႕ ေအာက္အနက္ ၇ေပ ၈ေပအထိ နက္ေအာက္တူးၿပီး ေျမႀကီးကို ဓာတ္ခြဲခန္းသို႔ ပို႔ၿပီး စမ္းသပ္ရမယ္။”ဟု က်ိဳင္းတုံမွ ဘူမိေဗဒႏွင့္

ဓာတ္သတၱဳေလ့လာေရး ဌာနမွ လာေရာက္ေလ့လာသူ ဦးေအာင္ေက်ာ္စိုးမွ ေျပာသည္။ တာခ်ီလိတ္ၿမိဳ႕နယ္၊ ဆန္ဆိုင္း (က)ရပ္ကြက္ အေနာက္ၿမိဳ႕ပတ္လမ္းေပၚရွိ HH pizza ဆိုင္အတြင္းရွိ ေႂကြျပားမ်ားမွာ ဇူလိုင္ (၂၆)ရက္ေန႕၊ နံနက္ပိုင္း အခ်ိန္ (၁၀)နာရီဝန္းက်င္ခန႔္မွ စတင္ကာ

အလြန္အမင္း ပူလာေၾကာင္း သတင္းေပးပို႔ လာသျဖင့္ အေျခအေနသိရွိနိုင္ရန္အတြက္ ေျမႂကြင္းတူးရာမွ ယခုလို အေငြ႕ထြက္ လာျခင္း ျဖစ္သည္။အဆိုပါ အခန္းတြင္းရွိ ယင္းေနရာ၌တြင္သာ ပူျပင္းေနေသာ္လည္း ေဘးဖက္ တိုက္ခန္းတြဲမွာ အပူခ်ိန္ မရွိေၾကာင္း ေတြ႕ရွိရသည္။ Source:ရွမ္းအေရွ႕ သတင္းမ႑ိဳင္

Be the first to comment

Leave a Reply

Your email address will not be published.


*