
မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက် စစ်တပ်က ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့ကို ေ သဒဏ်စီရင်လိုက်မှုသည် နိုင်ငံရေးအမြင်မတူသူများကို *တ်ဖြတ်ခြင်းဖြစ်ပြီး
(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)
ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း AA ၊ TNLAနှင့် MNDAA မဟာမိတ် ၃ဖွဲ့က တရားဝင် ထုတ်ပြန်ကြေညာသည်။ အကြ မ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်ကြောင့် ပြည်သူတစ်ရပ်လုံး၏ ဒေါသစိတ်နှင့် ပြည်တွင်းစ စ်ကို
ပိုမိုပြင်းထန်စေမည်ဖြစ်ပြီး ဖြစ်ပေါ်လာသည့် ပြဿနာ အားလုံးကို စစ်တပ်က တာဝန်ယူရမည်ဖြစ်ကြောင်း မဟာမိတ် ၃ ဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။ ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ထုတ်ပြန်ကြေညာချက်တွင်
“ဇူလိုင်လ (၂၄) ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက)မှ နိုင်ငံရေးအမြင်မတူသည့် ပုဂ္ဂိုလ် (၄) ဦးအား ေ*ဒဏ်စီရင်ဆောင်ရွက်လိုက်ကြောင်းကို မီဒီယာအသီးသီးမှတစ်ဆင့် ကြားသိလိုက်ရပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သော ကိုဖြိုးဇေယျာသော်နှင့် ဝါရင့်နိုင်ငံရေးသမား ကျောင်းသားခေါင်းဆောင် ကိုကျော်မင်းယု(ခ)ကိုဂျင်မီ၊ ကိုလှမျိုးအောင်(ခ)ကိုမျိုး၊
ကိုအောင်သူရဇော်(ခ)ကတုံး (ခ)သူရတို့(၄)ဦးအား ေ-သဒဏ်စီရင်လိုက်ခြင်းသည် လက်ရှိကမ္ဘာ့နိုင်ငံရေး၏ စံထားချက်များနှင့် ဆန့်ကျင်နေသလို ကုလသမဂ္ဂ၏ လူ့အခွင့်အရေးကြေညာစာတမ်း အပြည်ပြည်ဆိုင်ရာ
နိုင်ငံသားအခွင့်အရေးနှင့် နိုင်ငံရေးအခွင့်အရေး ကွန်ဗင်းရှင်းများကို ဆိုးဝါးစွာချိုးဖောက်နေပါသည်။ ထို့အတူ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အာဆီယံနိုင်ငံ ဂျာကာတာ ထိပ်သီးအစည်းအဝေးမှ သဘောတူဆုံးဖြတ်ထားသော
မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူညီချက် (၅)ရပ်အပါအဝင် မြန်မာ့အရေးကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းမည့် လမ်းစဉ်များနှင့်လည်း လုံးဝဆန့်ကျင်နေပါသည်။ ထို့ပြင် နစကမှ အဆိုပြုထားသော
အမျိုးသားပြန်လည်ရင်ကြားစေ့ရေးလမ်းစဉ်နှင့်လည်း လုံးဝဆန့်ကျင်နေသောကြောင့် မိမိတို့အနေဖြင့် ပြင်းထန်စွာကန့်ကွက်ပါသည်။ ယုတ္တိမရှိသောပြစ်မှုဖြင့် နိုင်ငံရေးအမြင်မတူသောပုဂ္ဂိုလ်များအား ေ သဒဏ်စီရင်ခြင်းသည်
ပြည်သူတစ်ရပ်လုံး၏ ဒေါသစိတ်နှင့် ပြည်တွင်းစစ်များကို ပိုမိုပြင်းထန်စေမည်ဖြစ်ပြီး ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ ပြဿနာအားလုံးကို နစကမှ တာဝန်ယူရမည်ဖြစ်သည်။ ထို့ကြောင့် မိမိတို့အနေဖြင့်
တေဒဏ်စီရင်ခြင်းခံရသောသူများ၏ မိသားစု၊ ဆွေမျိုးများနှင့် ထပ်တူ ဝမ်းနည်းရပြီး နစက၏ လုပ်ရပ်အား ပြင်းထန်စွာရှုတ်ချကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။”ဆိုပြီး ရေးသားပါရှိပါတယ်။ လေးစားစွာဖြင့် ခရက်ဒစ်
Zawgyi code ျဖင့္ ဖတ္ရန္
မင္းေအာင္လွိုင္ ဦးေဆာင္ေသာ အၾကမ္းဖက္ စစ္တပ္က ကိုဂ်င္မီ၊ ကိုၿဖိဳးေဇယ်ာေသာ္၊ ကိုေအာင္သူရေဇာ္၊ ကိုလွမ်ိဳးေအာင္တို့ကို ေ သဒဏ္စီရင္လိုက္မွုသည္ နိုင္ငံေရးအျမင္မတူသူမ်ားကို *တ္ျဖတ္ျခင္းျဖစ္ၿပီး
ျပင္းျပင္းထန္ထန္ရွုတ္ခ်ေၾကာင္း AA ၊ TNLAႏွင့္ MNDAA မဟာမိတ္ ၃ဖြဲ႕က တရားဝင္ ထုတ္ျပန္ေၾကညာသည္။ အၾက မ္းဖက္စစ္ေကာင္စီ၏ လုပ္ရပ္ေၾကာင့္ ျပည္သူတစ္ရပ္လုံး၏ ေဒါသစိတ္ႏွင့္ ျပည္တြင္းစ စ္ကို
ပိုမိုျပင္းထန္ေစမည္ျဖစ္ၿပီး ျဖစ္ေပၚလာသည့္ ျပႆနာ အားလုံးကို စစ္တပ္က တာဝန္ယူရမည္ျဖစ္ေၾကာင္း မဟာမိတ္ ၃ ဖြဲ႕၏ ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။ ညီေနာင္မဟာမိတ္ (၃) ဖြဲ႕၏ ထုတ္ျပန္ေၾကညာခ်က္တြင္
“ဇူလိုင္လ (၂၄) ရက္ေန႕တြင္ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ (နစက)မွ နိုင္ငံေရးအျမင္မတူသည့္ ပုဂၢိဳလ္ (၄) ဦးအား ေ*ဒဏ္စီရင္ေဆာင္႐ြက္လိုက္ေၾကာင္းကို မီဒီယာအသီးသီးမွတစ္ဆင့္ ၾကားသိလိုက္ရပါသည္။
အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD)၏ လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္းျဖစ္ေသာ ကိုၿဖိဳးေဇယ်ာေသာ္ႏွင့္ ဝါရင့္နိုင္ငံေရးသမား ေက်ာင္းသားေခါင္းေဆာင္ ကိုေက်ာ္မင္းယု(ခ)ကိုဂ်င္မီ၊ ကိုလွမ်ိဳးေအာင္(ခ)ကိုမ်ိဳး၊
ကိုေအာင္သူရေဇာ္(ခ)ကတုံး (ခ)သူရတို႔(၄)ဦးအား ေ-သဒဏ္စီရင္လိုက္ျခင္းသည္ လက္ရွိကမာၻ႔နိုင္ငံေရး၏ စံထားခ်က္မ်ားႏွင့္ ဆန႔္က်င္ေနသလို ကုလသမဂၢ၏ လူ႕အခြင့္အေရးေၾကညာစာတမ္း အျပည္ျပည္ဆိုင္ရာ
နိုင္ငံသားအခြင့္အေရးႏွင့္ နိုင္ငံေရးအခြင့္အေရး ကြန္ဗင္းရွင္းမ်ားကို ဆိုးဝါးစြာခ်ိဳးေဖာက္ေနပါသည္။ ထို႔အတူ နိုင္ငံတကာအသိုင္းအဝိုင္းႏွင့္ အာဆီယံနိုင္ငံ ဂ်ာကာတာ ထိပ္သီးအစည္းအေဝးမွ သေဘာတူဆုံးျဖတ္ထားေသာ
ျမန္မာနိုင္ငံဆိုင္ရာ ဘုံသေဘာတူညီခ်က္ (၅)ရပ္အပါအဝင္ ျမန္မာ့အေရးကို နိုင္ငံေရးနည္းျဖင့္ ၿငိမ္းခ်မ္းစြာ ေျဖရွင္းမည့္ လမ္းစဥ္မ်ားႏွင့္လည္း လုံးဝဆန႔္က်င္ေနပါသည္။ ထို႔ျပင္ နစကမွ အဆိုျပဳထားေသာ
အမ်ိဳးသားျပန္လည္ရင္ၾကားေစ့ေရးလမ္းစဥ္ႏွင့္လည္း လုံးဝဆန႔္က်င္ေနေသာေၾကာင့္ မိမိတို႔အေနျဖင့္ ျပင္းထန္စြာကန႔္ကြက္ပါသည္။ ယုတၱိမရွိေသာျပစ္မႈျဖင့္ နိုင္ငံေရးအျမင္မတူေသာပုဂၢိဳလ္မ်ားအား ေ သဒဏ္စီရင္ျခင္းသည္
ျပည္သူတစ္ရပ္လုံး၏ ေဒါသစိတ္ႏွင့္ ျပည္တြင္းစစ္မ်ားကို ပိုမိုျပင္းထန္ေစမည္ျဖစ္ၿပီး ျဖစ္ေပၚလာသည့္ ေနာက္ဆက္တြဲ ျပႆနာအားလုံးကို နစကမွ တာဝန္ယူရမည္ျဖစ္သည္။ ထို႔ေၾကာင့္ မိမိတို႔အေနျဖင့္
ေတဒဏ္စီရင္ျခင္းခံရေသာသူမ်ား၏ မိသားစု၊ ေဆြမ်ိဳးမ်ားႏွင့္ ထပ္တူ ဝမ္းနည္းရၿပီး နစက၏ လုပ္ရပ္အား ျပင္းထန္စြာရႈတ္ခ်ေၾကာင္း ထုတ္ျပန္ေၾကညာအပ္ပါသည္။”ဆိုၿပီး ေရးသားပါ႐ွိပါတယ္။ ေလးစားစြာျဖင့္ ခရက္ဒစ္
Leave a Reply