
မိတ်ဆွေတို့ရေ ရွှေရည်သိန်းတန်ကတော့ ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော်ကြီး တွံတေးသိန်းတန်ရဲ့ သမီးပဲဖြစ်ပါတယ်။ ကိုယ်တိုင်လည်း မြန်မာသံအဆိုတော်တစ်ယောက်အနေနဲ့ ပရိသတ်ချစ်ခင်မှုကို ရရှိထားတဲ့
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ပရိသတ်အချစ်တော်တစ်ယောက်ပဲဖြစ်ပါတယ်။ ဒီနေ့ ဇူလိုင်လ (၂၆)ရက်နေ့မှာတော့ ရွှေရည်သိန်းတန်က ကွယ်လွန်သွားတာ (၁)နှစ်ပြည့်သွားတဲ့ ခင်ပွန်းဖြစ်သူအတွက်ရည်စူးပြီး ကောင်းမှုကုသိုလ်တွေများစွာပြုလုပ်ခဲ့ပါတယ်။
သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေလည်း “ဘယ်သူ့မှမပျော်တဲ့အချိန် စိတ်ဆင်းရဲစရာတွေဖွဲ့နွဲ့ပြီးထပ်မရေးချင်တော့ဘူး ဘဝသစ်ကိုကျောဖြောင့်ဖြောင့်ထွက်သွားတာ ၁နှစ်ပြည့်ခဲ့ပြီဘုရားဒကာကြီးရေ သံသရာမှာဆုံတွေ့ရသူတွေကြားထဲမှာမှ
၁၀နှစ်တာရဲဖော်ရဲဖက်တွေအဖြစ်ဖြတ်သန်းခဲ့ချိန် ကျွန်မကို မျက်ရည်တပေါက်မကျစေပဲစောင့်ရှောက်ခဲ့သူမို့ ကျေးဇူးရှင်တယောက်အဖြစ်အမြဲမမေ့မလျှော့ ကုသိုလ်တွေပြုရင်း အမျှအတန်းတွေပေးဝေရင်း ကျွန်မကိုယ်တိုင်လည်း
နောင်တနှင့်ပူေ လာင်ခြင်းကင်းစွာ အမြဲကန်တော့နေမှာပါ ရွှေဘုန်းပွင်ဘုရားကြီးမှာဘုရားဒကာကြီးကိုယ်စား ခင်ပွန်းကြီး၁၀ပါးပွဲလှူရင်း ပင်ပန်းကြီးစွာရုန်းကန်နေရသောသူများကို တနေ့စာ ထမင်းဟင်း ဆန်နှင့်ငွေများလှူဒါန်းပြီး
ကံမြင့်ကျောင်းမှာသံဃာကုန်သင်္ကန်းနှင့်ဆွမ်းကပ်လှူခဲ့ပါတယ် သံသရာခရီးဆက်ရတဲ့ဘဝတိုင်းမှာ ဒီလိုအဖြစ်ဆိုးမျိုးတွေ ကင်းဝေးလို့ ဘုန်းကြီးတိုင်းအသက်ရှည်ပါစေ အသက်ရှည်တိုင်းအနာမဲ့လို့အေးချမ်းပါစေ သာသနာကို
အမြဲအထောက်အပံ့ပြုနိုင်ပါစေ နိဗ္ဗာန်ခရီးကို ဘဝတိုတိုနှင့်ရောက်ရှိနိုင်ပါစေ ဘုရားဒကာကြီးရေ အကြောင်းမထူးနိုင်တော့ပဲ နောက်ဆံငင်စေမယ့်စာသားတွေနှင့် အပူစာတွေ ခနခနမရေးတော့ပေမယ့် ကျွန်မဘဝတလျှောက်မှာ
မမေ့အပ်သော ကျေးဇူးရှင်တယောက်အဖြစ် ကျေးဇူးတင်စွာအမြံရှင်သန်နေမှာပါ။ ပြုသမျှကုသိုလ် အမျှ.အမျှ.အမျှ ပါဘုရားဒကာကြီးရေ” ဆိုပြီး ကောင်းမှုတွေပြုလုပ်ခဲ့တဲ့ ပုံလေးတွေကိုပါ မျှဝေဖော်ပြထားခဲ့ပါတယ် မိတ်ဆွေတို့ရေ။ လေးစားစွာဖြင့် ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply