ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် ချစ်သုဝေ ဟာလက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့အရေးနဲ့ပတ်သတ်ပြီး ထိပ်ဆုံးကနေ ပါဝင်လှုပ်ရှားနေတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ဒီလိုလှုပ်ရှားမှု့တွေကြောင့် သူမကို ၅၀၅ ကနဲ့တရားစွဲဆိုထားပြီးတော့
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ဘေးကင်းရာမှာ တိမ်းရှောင်နေရပါတယ်။ ချစ်သုဝေ ဟာ တိမ်းရှောင်နေရင်းနဲ့ ကျရာတာဝန်ကို အဝေးတစ်နေရာကနေ ထမ်းဆောင်နေသူလဲ ဖြစ်ပါတယ်။ တော်လှန်ရေးအတွက် ရှေ့ဆက်လုပ်ဆောင်ရမဲ့ စကားဝိုင်းဆွေးနွေးခန်းတွေမှာလဲ
ပါဝင်တင်ဆက်ပေးနေတဲ့ အနုပညာရှင်မင်းသမီးလေးတစ်ဦးလဲ ဖြစ်ပါတယ်။ ဒါအပြင် ရောက်ရှိနေတဲ့နေရာကတေ သူမတတ်ကျွမ်းထားတဲ့ လက်မူ့ပညာလေးတွေနဲ့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက်တတ်နိုင်သလောက် ကြိုးစားနေတာဖြစ်ပါတယ်။
လူမှု့ကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ပြည်သူ့ရဲဘော်တွေ ကျဆုံးသွားတဲ့ သတင်းတွေကြောင့် အားလုံးပဲစိတ်မကောင်းဖြစ်နေကြရပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ချစ်သုဝေ ကတော့ ” ထိစပ်နီးစပ်သမျှဟာ ပူနေလေတော့
ရင်မှာဘယ်အေးမြတယ်ရှိပါ့မလဲ ငါလည်း ဘာလုပ်နေနိုင်လဲ။ ကြိုးပဲကျစ် Click ပဲ Click တတ်တာပဲမဟုတ်လား”လို့ ရေးသားထားပါတယ်။ ကဲ စာဖတ်ပရိသတ်ကြီးရေ တော်လှန်ရေးအောင်မြင်ဖို့အတွက် ပြည်သူတွေအားလုံးက သွေးမအေးပဲ ကျရာတာဝန်ကို ထမ်းဆောင်ကြဖို့ လိုအပ်ပါတယ်နော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply