လာမယ့်ပွင့်လင်းရာသီမှာ ရုရှားခရီးသွားတွေလာရင် ကောင်းမွန်တဲ့ ဝန်ဆောင်မှု တွေပေးနိုင်ဖို့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းနယ်ပယ်က ဝန်ထမ်းတွေကို ရုရှားဘာသာစကားသင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးဖို့ လုပ်ဆောင်နေတယ်လို့
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
စကစရဲ့ ဟိုတယ်နှင့်ခရီးသွားလာရေး ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ပြောပါတယ်။ မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံမှုနဲ့ ဗီဇာကင်းလွတ်ခွင့်ကို ပေးအပ်ထားတဲ့
ရုရှားခရီးသွားတွေလာရင် ဝန်ဆောင်မှုပေးနိုင်ဖို့ ဟိုတယ်နဲ့ခရီးသွားနယ်ပယ်က ဝန်ထမ်းတွေကို ရုရှားဘာသာစကားသင်တန်းတွေ ဖွင့်လှစ်ပေးပြီးရုရှား ဘာသာစကားနဲ့ ဖွင့်လှစ်ထားတဲ့ မြန်မာ ခရီးသွားဝက်ဘ်ဆိုက်ကို
ပြန်လည် စိစစ်တည်းဖြတ်ပြီး ကြော်ငြာသွားမယ်လို့ ဝန်ကြီးက ပြောပါတယ်။ရုရှားခရီးသွားဈေးကွက်က အခွင့်အလမ်းကောင်းတွေရှိတဲ့အတွက် ကြိုတင်ပြင်ဆင် ထားရမှာဖြစ်သလို ရန်ကုန်မြို့မှာ ရုရှားဘာသာစကားသင်တန်းကို ပညာရေးဝန်ကြီးဌာနနဲ့
ပူးပေါင်းဖွင့်လှစ်မှာဖြစ်ပြီး ပြင်ဦးလွင်မြို့မှာလည်း စစ်တက္ကသိုလ်ရဲ့ ကူညီမှုနဲ့ ရုရှားဘာသာစကားပြော သင်တန်းဖွင့်မှာဖြစ်တယ်လို့ ဝန်ကြီးက ဆိုပါတယ်။လက်ရှိ ကိုဗစ် မျိုးရိုး ဗီဇကွဲအသစ်များ ပေါ် ပေါက်လျက်ရှိပြီး ခရီးသွားဧည့်သည်များအတွက်သာမက ဝန်ဆောင် မှုပေးနေသော ဝန်ထမ်းတွေနဲ့
ဒေခံတွေဘေးကင်း လုံခြုံဖို့လိုအပ်ပြီး ဝန်ကြီးဌာနက ဧည့်စာရင်းစီမံခန့်ခွဲမှုစနစ် Guest List Management System (GLMS) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့အတွက် ဟိုတယ်၊ တည်းခိုရိပ်သာတွေအနေနဲ့ အပြည့်အဝ လိုက်ပါဆောင်ရွက်ဖို့ မှာကြားခဲ့တယ်လို့ သိရပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply