ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လိုသည့် PDF အဖွဲ့ဝင်များအား ဖိတ်ခေါ်လိုက်တဲ့ ဇော်မဲလုံး

နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၁၈ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲအား ဇူလိုင် ၂၆ ရက်(ယနေ့)မွန်းတည့် ၁ နာရီက နေပြည်တော်၌ ပြုလုပ်ရာတွင်

(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)

သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားခဲ့ခြင်းဖြစ်သည်။ပြန်လည်ဝင်ရောက်လာကြသူများအား နစက ၏တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီးနောက်

မိဘ၊အုပ်ထိန်းသူများထံသို့ ပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရသည်။ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လိုသည့် PDF အဖွဲ့ဝင်များလည်းရှိကာ အနှောင့်အယှက်များ၊အခက်အခဲများ၊ ယုံကြည်စိတ်ချရမှု၌ သံသယများရှိနေသဖြင့်

ဆက်သွယ်ခြင်းမပြုနိုင်သေးသူများလည်းရှိနေသည်ကို ကြားသိရသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း၏ပြောကြားချက်အရ သိရသည်။”တံခါးကျယ်ကျယ်ဖွင့်ထားပါတယ် ရဲရဲပဲလျှောက်လှမ်းခဲ့ကြပါလို့မေတ္တာရပ်ခံလိုပါတယ် တောထဲမှာ မိမိတို့ရဲ့အနာဂတ်ကို

အဆုံးရှုံးခံပြီးနေမလား အသိတရားကပ်ပြီးတော့ အရင်လိုအေးချမ်းမယ်ဆိုတဲ့မူကိုလက်ကိုင်ထားပြီးတော့ ကမ်းမဲ့လက်ကိုလှမ်းချင်သလားဆိုတာကတော့ ရွေးချယ်ဆုံးဖြတ်နိုင်ရမှာဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသည့်

PDF အဖွဲ့ဝင် ၂၃၀ ဦးကျော်မှာ တရားဝင်ဝင်ရောက်ပြီးဖြစ်ကာ ကျန်ရှိနေသူ ၂၀ ခန့်မှာ ပြစ်မှုကျူးလွန်ထားခြင်းရှိ မရှိအား စစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။ PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအား နိုင်ငံ တော်၏ ရှေ့လုပ်ငန်းစဉ်များ၌

ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြန်လည်ဝင်ရောက်မည်ဆိုပါက ကြိုဆိုလက် ခံသွားမည်ဟု နစက မှထုတ်ပြန်ကြေညာထား သည်။ ခရက်ဒစ်

Zawgyi code ဖြင့် ဖတ်ရန်

နစက သတင္းထုတ္ျပန္ေရးအဖြဲ႕၏ ၁၈ ႀကိမ္ေျမာက္ သတင္းစာရွင္းလင္းပြဲအား ဇူလိုင္ ၂၆ ရက္(ယေန႕)မြန္းတည့္ ၁ နာရီက ေနျပည္ေတာ္၌ ျပဳလုပ္ရာတြင္

သတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေျပာၾကားခဲ့ျခင္းျဖစ္သည္။ျပန္လည္ဝင္ေရာက္လာၾကသူမ်ားအား နစက ၏တာဝန္ရွိသူမ်ားက ႀကိဳဆိုလက္ခံ၍ ဝန္ခံကတိလက္မွတ္ေရးထိုးေစၿပီးေနာက္

မိဘ၊အုပ္ထိန္းသူမ်ားထံသို႔ ျပန္လည္အပ္ႏွံေပးခဲ့ေၾကာင္း သိရသည္။ ဥပေဒေဘာင္အတြင္းသို႔ ျပန္လည္ဝင္ေရာက္လိုသည့္ PDF အဖြဲ႕ဝင္မ်ားလည္းရွိကာ အေႏွာင့္အယွက္မ်ား၊အခက္အခဲမ်ား၊ ယုံၾကည္စိတ္ခ်ရမႈ၌ သံသယမ်ားရွိေနသျဖင့္

ဆက္သြယ္ျခင္းမျပဳနိုင္ေသးသူမ်ားလည္းရွိေနသည္ကို ၾကားသိရသည္ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း၏ေျပာၾကားခ်က္အရ သိရသည္။”တံခါးက်ယ္က်ယ္ဖြင့္ထားပါတယ္ ရဲရဲပဲေလွ်ာက္လွမ္းခဲ့ၾကပါလို႔ေမတၱာရပ္ခံလိုပါတယ္ ေတာထဲမွာ မိမိတို႔ရဲ႕အနာဂတ္ကို

အဆုံးရႈံးခံၿပီးေနမလား အသိတရားကပ္ၿပီးေတာ့ အရင္လိုေအးခ်မ္းမယ္ဆိုတဲ့မူကိုလက္ကိုင္ထားၿပီးေတာ့ ကမ္းမဲ့လက္ကိုလွမ္းခ်င္သလားဆိုတာကေတာ့ ေ႐ြးခ်ယ္ဆုံးျဖတ္နိုင္ရမွာျဖစ္ပါတယ္”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေျပာသည္။ ဥပေဒေဘာင္အတြင္းျပန္လည္ဝင္ေရာက္လာသည့္

PDF အဖြဲ႕ဝင္ ၂၃၀ ဦးေက်ာ္မွာ တရားဝင္ဝင္ေရာက္ၿပီးျဖစ္ကာ က်န္ရွိေနသူ ၂၀ ခန့္မွာ ျပစ္မႈက်ဴးလြန္ထားျခင္းရွိ မရွိအား စစ္ေဆးဆဲျဖစ္ေၾကာင္း သိရသည္။ PDF အပါအဝင္ အဖြဲ႕အစည္းအမ်ိဳးမ်ိဳးအား နိုင္ငံ ေတာ္၏ ေရွ႕လုပ္ငန္းစဥ္မ်ား၌

ပူးေပါင္းပါဝင္ေဆာင္႐ြက္နိုင္ရန္ သတ္မွတ္စည္းကမ္းခ်က္မ်ားႏွင့္အညီ ဥပေဒေဘာင္အတြင္းသို႔ လက္နက္အပ္ႏွံၿပီး ျပန္လည္ဝင္ေရာက္မည္ဆိုပါက ႀကိဳဆိုလက္ ခံသြားမည္ဟု နစက မွထုတ္ျပန္ေၾကညာထား သည္။ ခရက္ဒစ္

Be the first to comment

Leave a Reply

Your email address will not be published.


*