အသိဉာဏ်နည်းတဲ့သူရဲ့စရိုက်လက္ခဏာတွေ ချပြရင်း ဒဲ့ပြောလာတဲ့ သရုပ်ဆောင်ဝေဠုကျော်ရဲ့ချစ်ဇနီးလေး ရေကြည်ချမ်းမြ
ပရိတ်သတ်ကြီးရေ၊ အခုတစ်ခါမှာဆိုရင်သရုပ်ဆောင်ဝေဠုကျော်ရဲ့ချစ်ဇနီးလေး ရေကြည်ချမ်းမြက အသိဉာဏ်နည်းတဲ့သူက ကြွားဝါတတ်ခြင်းကိုခုံမင်တယ်ဆိုပြီး
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
အခုလို ဒဲ့ပြောလာခဲ့ပါတယ်နော်။ သရုပ်ဆောင်ဝေဠုကျော်ရဲ့ချစ်ဇနီးလေး ရေကြည်ချမ်းမြက အသိဉာဏ်နည်းတဲ့ လူက ကြွားဝါတတ်ခြင်းကို ခုံမင်တယ်၊ ဉာဏ်ပညာနည်းတဲ့ လူက
ဒေါသထွက်ပြီး ပေါက်ကွဲလွယ်တယ်၊ စိတ်ဓာတ်သေးသိမ် သူကသူတစ်ပါး အတင်းပြောတာ ဝါသနာပါတယ်၊ ကြောက်တတ်လွန်းအားကြီးသူကကိုယ်ဘယ်လောက် ခွန်အားကြီးကြောင်းပြသတယ်။
လူလူချင်း ကိုယ်မှ မြင့်မြတ်တယ်ထင်သူက အာဏာကို မက္မောတယ်၊ အတ္တကြီး သူက ကိုယ့်အကျိုးပဲ ကိုယ်ကြည့်တယ်၊ စိတ်မလုံခြုံတဲ့ သူကသူတစ်ပါးကို အကြောင်းမဲ့ရန်ရှာတယ်၊ ဗဟုသုတနည်း သူကငါအတော်ဆုံး
ငါအတတ်ဆုံးလို့ ထင်တယ်။ ပညာတက်ချင်ယောင် မဆောင်ပါနဲ့၊ ပညာရှင်နဲ့ တွေ့ရင် ပိုပြီး အရှက်ရလိမ့်မယ်၊ အရည်အချင်းရှိချင်ယောင် မဆောင်ပါနဲ့၊ တတ်သိနားလည်တဲ့ သူနဲ့တွေ့ရင် ပိုပြီးအရှက်ကွဲလိမ့်မယ်၊
ချမ်းသာချင်ယောင် မဆောင်ပါနဲ့၊ ဒိတ်ဒိတ်ကြဲနဲ့ တွေ့ရင် ပိုပြီး မျက်နှာငယ်ရမယ်။ ဘဝ ဟာ ရိုးရှင်းလေ လှပလေပာ၊ ဘဝ ဟာ ရိုးရှင်းလေ ကျက်သရေ ရှိလေပါ၊ ဘဝ မှာ ဟန်ဆောင်ဖို့ မလိုပါဘူး၊ အရှိကို အရှိအတိုင်း ရိုးသားဖို့ဘဲ လိုအပ်တာပါ၊
သူတစ်ပါး ဟားတိုက်ရယ်မောခြင်း မခံရအောင် အတက်နိုင်ဆုံး ရိုးသားပါ။ အဓိပ္ပါယ်မဲ့ အရှက်မရ လေအောင် အရိုးသားဆုံးနေထိုင်ပီး၊အကောင်းဆုံးကြိုးစားကြပါ ဆိုပြီးသူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားဖော်ပြထားပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*