ဆင်းရဲနွမ်းပါးကာ မိသားစုများလွန်းတာမို့ ငယ်ငယ်ရွယ်ရွယ်လေး လမ်းတကာ သရက်ကင် လိုက်ရောင်းကာ ဘဝကိုခက်ခဲစွာ ရုန်းကန်နေရတဲ့ ဂျမ်းတောလေး အားလုံး သိမယ်ထင်ပါတယ်နော်။ သူမကတော့ သမန်းကုန်းရွာက
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
သရက်ကင်ရောင်းတဲ့ ဂျမ်းတော ခေါ် အေးချမ်းသူလေးပဲ ဖြစ်ပါတယ်။ ဂျမ်းတောဟာ မွေးချင်းမောင်နှမ ၁၀ ဦးရှိပြီး သူမလေးကတော့ သရက်ကင်ရောင်းပြီး မိသားစုအားလုံးရဲ့ဝမ်းရေးကို တစ်ဖက်တစ်လမ်းက
ရှာဖွေကျွေးမွေး နေရတာပဲ ဖြစ်ပါတယ်။ အွန်လိုင်းမီဒီယာတွေကနေ တဆင့် သူမရဲ့စကားပြော မြန်တာလေးကနေ လူတွေ သတိထားမိလာကာအသက်မပြည့်သေးပေမယ့် ဝမ်းရေးကို ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ အေးချမ်းသူ ခေါ် ဂျမ်းတောလေး ကို
ပရိသတ်တွေအားလုံးက ဂရုဏာသက်နေကြတာပဲ ဖြစ်ပါတယ်။ အစပိုင်းမှာတော့ လိုင်းပေါ်မှာ လူသိများလာတဲ့ သရက်ကင်ရောင်းတဲ့ စကားပြောမြန်တဲ့ ကလေးငယ်ပေါ့။ ဂျမ်းတောဟာ အသက် ၁၂ နှစ်ပဲရှိသေးပြီး အတန်းပညာအရည်အချင်းကတော့
၃ တန်း နဲ့ကျောင်းထွက်ခဲ့တာပဲ ဖြစ်ပါတယ်။ ထို့နောက် သရက်ကင်ရောင်းရင်း မိသားစုကိုရှာဖွေကျွေးမွေးနေ သူလေးဖြစ်ပါတယ်။ ဂျမ်းတောလေးဟာ စိတ်မြန်သူလေး ဖြစ်တာကြောင့် စကားကို အမြန်ပြောရင်း အဲ့လိုအမြန်ပြောတတ်တဲ့ ပါရမီကြောင့်လည်း
လူမူ့ကွန်ယက်ပေါ်မှာ နာမည်ကြီးသွားခဲ့တာလည်း ဖြစ်ပါတယ် နော်။ သို့အတွက်ကြောင့် စာနာကြင်နာသူတွေက ကူညီဖေးမတဲ့အနေနဲ့ ကူညီမှုလေးတွေ ပြုခဲ့ကြပါတယ်။ ဒီလို လူသားချင်စာနာ ညှာတာမှုလေးတွေ ရလာလို့ ဂျမ်းတောလေးတို့ ဘဝလေးဟာ အနည်းငယ် စိုပြေသယောင်
ဖြစ်ချင်နေတုန်းမှာပဲ ရုတ်တရက် မိခင်ဖြစ်သူဟာ ကွယ်လွန်ခဲ့ ရပြန်ပါတယ်။ ဒီလို အဖြစ်ပျက်တွေ ကြုံပြီး အရွယ်ငယ်ငယ်လေး လောကဓံတွေ လှိမ့်ပိန့်နေအောင် ခံရ ကြုံရ ပြီးတဲ့နောက်မှာတော့ ဂျမ်းတောလေးဟာ ဆရာဖြစ်သူ ကိုစည်သူပလပ်ကျွတ်ရဲ့ဖေးမကူညီမှုတွေ
ပြည်သူများရဲ့ စာနာဝန်းရံမှုတွေနဲ့ အခုအခါမှာဆိုရင်တော့ အခြေနေတခုထိရောက်လာခါ လုပ်အားခလေးတွေရရှိလာပါတယ်။ ဒီလိုရလာတဲ့ အခါမှာတော့ ဂျမ်းတောလေးက တချိန်က အဆင်မပြေခဲ့တုန်းက အမေဖြစ်သူ ယူထားတဲ့အကြွေးလေးတွေ ရှိရင်
ပြန်လာတောင်းဖို့ ပြန်ပေးချင်လို့ဆိုကာ ပြောလာခဲ့တာပဲ ဖြစ်ပါတယ်နော်။ ဒီကြားထဲ ဆပ်ခဲ့တာဟာလည်း သိန်း ၂၀ ကျော်ခန့်တောင် ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်နော်။ အခုလည်း အကယ်၍ မိခင်ဖြစ်သူ မဆုံးပါးခင်က ငွေကြေးလိုအပ်၍ ချေးငှားယူတာကို
ချေးပေးထားခဲ့တဲ့ အကြွေးရှင်များ ရှိနေ ကျန်နေသေးမယ် ဆိုရင် မိခင်ကြီး ယူထားခဲ့တဲ့ အကြွေးလေးတွေကို သူမအနေနဲ့ မိခင်ဖြစ်သူသံသရာကြွေး မပါရှိသွားစေရန်အတွက် ဆပ်ပေးချင်ကြောင်း ပြောကြား လာတာပဲ ဖြစ်ပါ တယ်နော် ပရိသတ်ကြီး။
မိခင်ကြီးရှိစဉ်တုန်းက တချိန်ကဆို နေစရာဆိုလို့အသက်ရှုပ်ကြပ်အောင် နေခဲ့ရပါတယ်၊ ခုတော့ ဝိုင်းလေး(ခြံလေး)ကို ငှားထားကာ စားဖို့သောက်ဖို့ အတွက် ဖခင်ကြီးက အိုးဝေလေးဆွဲကာ ဂျမ်းတောလေးကတော့ အွန်လိုင်း Live Salesနဲ့ ကြော်ငြာခလေးတွေက
ရတဲ့ပိုက်ဆံလေးတွေနဲ့ မိသားစု ချောင်ချောင်ချိချိ နေလို့ရတဲ့အိမ်အသစ်လေးမှာ ငှားပြီး နေနေနေနိုင်ပြီး ဖြစ်ကြောင်းပြောဆို လာပါတယ်။ ပရိတ်သတ်ကြီးရေ ဂျမ်းတောလေးဟာ ဆိုရင် သူမရဲ့အသက်အရွယ်လေးနဲ့ မမျှအောင် ဘဝကို ရုန်းကန်ခဲ့ရပြီး
ယခုလို အဆင်ပြေလာတဲ့ အချိန်လေးမှာလည်း ဘဝကိုမမေ့တဲ့ မိသားစုအပေါ် သိတတ်လိမ္မာ ဖြူစင်သူလေး ဖြစ်ပါတယ်နော်။ ဆုံးပါးကွယ်လွန်သွားတဲ့ သူမရဲ့မိခင်ဖြစ်သူ ယူထားတဲ့ အကြွေးတွေကိုလည်း အကုန်ဆပ်ပေး ချင်တဲ့စိတ်လေးဟာတကယ့်ကို လေးစားချီးကျူးဖွယ်ရာ ပါပဲနော်။
ဒီလို ဖြူစင်ရိုးသားပြီး စိတ်ထားလှတဲ့ သမီးလေး ဂျမ်းတောရဲ့ဘဝ ယခုထက် အဆင်ပြေကြွယ်ဝကာ ပြည့်စုံသော ဘဝနဲ့ မတောင့်မတ် မကြောင့်မကျနေနိုင်သူလေး ဖြစ်ပါစေ၊ လုပ်သမျှကိုင်သမျှ အောင်မြင်ပေါက်မြောက် ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
ဖတ်ရှု့အားပေးနေကြသော ပရိသတ်ပြည်သူများလည်း လိုလားတောင့်တမှုများ အမြန်ပြည့်ဝပြီး စိတ်သွားတိုင်းကိုယ်ပါ၍ အေးချမ်းသာယာသော ဘဝများ ပိုင်ဆိုင်နိုင်ကြပါစေလို့ မေတ္တာအပေါင်းနဲ့ စေတနာလောင်း၍ ဆုတောင်း မေတ္တာများ ပို့သပေးလိုက်ပါသည်နော်။ မြန်မာပြည်သူ ပြည်သားအပေါင်းတို့ လိုအင်ဆန္ဒများ အမြန်ဆုံး ပြည့်ဝနိုင်ကြပါစေသောဝ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply