နိုင်ငံကိုယ်စားပြုအလှမယ်တွေ ပြည်သူတွေနဲ့ နိုင်ငံကိုကိုယ်စားမပြုနိုင်ရင် အစတည်းက စလွယ်မလွယ်ကြနဲ့လို့ ကြိမ်းဝါးလိုက်တဲ့ ဟန်လေး
Miss Grand Myanmar 2020 ဆုရှင်လေး ဟန်လေးကတော့ သူမ Miss Grand 2020 ပွဲကြီး ယှဉ်ပြိုင်နေဆဲအချိန်မှာပဲ အာဏာသိမ်းမှုဖြစ်စဉ်ဖြစ်ပွားခဲ့တာမို့ တစ်ကမ္ဘာလုံးက စောင့်ကြည့်ကြတဲ့ ပွဲကြီးမှာ
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
မြန်မာ့နိုင်ငံရေးအကြောင်းကို အမှန်တရားဘက်က ရဲရဲဝံ့ဝံ့ထုတ်ဖော်ပြောကြားခဲ့သူတစ်ယောက်ပါပဲ။ အဲ့လိုဖွင့်ဟခဲ့တာကြောင့် ဟန်လေးဟာ စကစရဲ့ ဝရမ်းထုတ်ခြင်းခံခဲ့ရပြီး ထိုင်းနိုင်ငံမှာပဲ တိမ်းရှောင်နေခဲ့ရတဲ့ ဟန်လေးဟာ
ဒီကနေ့မှာတော့ အလှမယ်လောက က အလှမယ်ဆိုပြီးခံယူထားကြတဲ့ ပါးစပ်ပိတ်နေကြတဲ့သူတွေအတွက် သတိပေးစကားပြောလာခဲ့တာကို တွေ့ရပါတယ်။“”အလှမယ်လောက က အလှမယ်ဆိုပြီးခံယူထားကြတဲ့ ပါးစပ်ပိတ်နေကြတဲ့သူတွေအတွက် ”
နိုင်ငံကိုယ်စားပြုပြီး စလွယ်လွယ်ကြမယ့် ဘယ် Pageant နယ်ပယ် ဘယ်ခေါင်းစဉ်အောက်ကမဆို ယှဉ်ပြိုင်ကြမယ့်အလှမယ်များ အမှန်တကယ် ပြည်သူတွေနဲ့ နိုင်ငံကိုကိုယ်စားမပြုနိုင်ရင် အစတည်းက စလွယ်မလွယ်ကြနဲ့နော်
အလှမယ်ဆိုတိုင်းနိုင်ငံရေးလုပ်ရမယ်လို့မဆိုလို ဒါပေမယ့် ကိုယ်လွယ်လိုက်တဲ့ စလွယ်နဲ့ ကိုယ်စားပြုတဲ့လူမျိုးရဲ့ မှန်ကန်တဲ့ဘက်က ရပ်တည်မှုမပေးနိုင်ရင် ရှင်တို့ဟာ နိုင်ငံကိုယ်စားပြုအလှမယ်ဆိုတဲ့ ခေါင်းစဉ်နဲ့မထိုက်တန်သေးဘူး အလှမယ်Title အောက်က
Duty and Responsibilityဆိုတဲ့စကားက အလကားရတိုင်း အပေါ်ယံပါးစပ်က လျောက်ပြောပြီး ပေါ်ပင်လုပ်ဖို့မဟုတ်ဘူးဆိုတာသိစေချင်တယ် အစတည်းက ပေါ်ပင်လုပ်ချင်တဲ့ရည်ရွယ်ချက်ရှိတယ်ဆို ဒီကာလမှာ ကျေးဇူးပြုပြီး အိမ်မှာဘဲပါးစပ်ပိတ်ပြီးနေကြပါ
နိုင်ငံကိုယ်စားမပြုကြပါနဲ့။ ရှင်းရှင်းဘဲပြောမယ် ကျွန်မတို့နိုင်ငံ ကျွန်မတို့လူမျိုးကိုအမှန်တကယ် ကိုယ်စားပြုပေးမယ့်အလှမယ်ကို ကျွန်မတို့ Pageant Fanတွေနဲ့အတူ ကျွန်မကိုယ်တိုင် Media တွေမှာပါ Support ပေးမယ် မလုပ်နိုင်တဲ့သူတွေတွက်တော့
ကျွန်မတို့Vote လည်းပေးမှာမဟုတ်သလို ဘယ်Supportမှလည်းပေးမှာမဟုတ်ကြောင်း ဒီကနေဘဲ တခါတည်းအသိပေးလိုက်ပါတယ် ပြောတာမရှင်းရင်နောက်တကြိမ် အစဆုံးပြန်ဖတ် မည်သူ့ကိုမျှ ထိခိုက်ပြောဆိုချင်းမဟုတ်ပါ မြန်မာစလွယ်လွယ်ကြမည့် အလှမယ်များအတွက်သာ” ဆိုပြီး
သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။ဟန်လေးကတော့ မြန်မာနိုင်ငံကိုယ်စားပြုပြီး အလှမယ်အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ်တွေကို သတိပေးစကားပြောလာတာပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ 2011 Miss Myanmar Tourism ခင်ရူပနဲ့
Miss Universe myanmar (2015-2016 ) First Runner Up ဟန်လေးတို့ဟာ Tomorrow Land ဂီဖျော်ဖြေပွဲသွားလို့ ဝေဖန်ခံနေရသလို Miss Universe Myanmar 2019 ဆွေဇင်ထက်ဟာလည်း စစ်တပ်ထောက်ခံသူတစ်ယောက်ပဲဖြစ်ပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*