
ဒီတစ်ခါတော့ အစိမ်းရောင်ဖွတ်တွေပဲ ကြီးစိုး နေထိုင်ကြတဲ့ ကျွန်းတစ်ကျွန်းအကြောင်းကို ပြောပြချင်ပါတယ်။ ဗြိတိန်က ကေမန်ကျွန်းများအနက် အကြီးဆုံးကျွန်းများဖြစ်တဲ့ ဂရန်း ကေမန်ကျွန်းကို
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
အစိမ်းရောင်ဖွတ်များက ကျူးကျော်ဝင်ရောက်ပြီး ကြီးစိုးထားပါတယ်။ ၎င်းတွားသွားသတ္တဝါများရဲ့ မူလဌာနေကတော့ အမေရိကတိုက်အလယ်ပိုင်းနှင့်တောင်ပိုင်းမှ ဖြစ်ကြပါတယ်။ ဒီအစိမ်းရောင်ဖွတ်တွေဟာ
ကေမန်ကျွန်းပေါ် ကို ၁၉၈ဝ ပြည့်နှစ်များမှာ စတင်ရောက်ရှိလာခဲ့ကြတာပါ။ ၎င်းတို့ကို ကျွန်းပေါ်သို့ အိမ်မွေး တိရစ္ဆာန်များအဖြစ် ယူဆောင်ခဲ့ရာမှ လျင်မြန်စွာ ပေါက်ဖွားကာ အရေအတွက်အလွန်များပြားလာခဲ့တာ ဖြစ်ပါတယ်။ ဖွတ်များဟာ ရန်မလိုတတ်သည့်
အပင်စားသတ္တဝါများ ဖြစ်ကြပါတယ်။ သို့သော်လည်း ကျွန်းရဲ့ သဘာဝရင်းမြစ်များကို ခြိမ်းခြောက်ပြီး အန္တရာယ်ဖြစ်လာစေခဲ့ပါတယ်။ဖွတ်များဟာ အပင်များမှ အခေါက်ကိုခွာပြီး ဥယျာဉ်များနှင့် လယ်ယာမြေများကို
ဖျ က်ဆီးကြပါတယ်။ ၎င်းတို့အစာအတွက် ကျွန်းပေါ်မှာ မူလကတည်းက ရှိနေတဲ့ မျိုးစိတ်များနှင့် ယှဉ်ပြိုင်မှုများ ရှိလာခဲ့ပါတယ်။ ကျွန်းပေါ်မှာ ဖွတ်များသောင်းကျန်းလာခဲ့တာကြောင့် ဗြိတိသျှအစိုးရက ကေမန်ကျွန်းငယ်များနှင့်
ကေမန်ဘရက်ခ်ကျွန်းသို့ ဖွတ်များပြန့်ပွားလာမှာကို စိုးရိမ်ခဲ့ကြပါတယ်။ အနီးဝန်းကျင်ကျွန်းများကို ကာကွယ်ရန်နှင့် အခြေအနေများကို ထိန်းချုပ်နိုင်ဖို့ ပတ်ဝန်းကျင်ထိန်း သိမ်းရေးဌာနက ဖွတ်များကို အမြစ်ဖြ တ်ချေမှုန်းရန် နည်းလမ်းရှာဖွေခဲ့ကြပါတယ်။
ဂရင်းကေမန်ကျွန်းပေါ်မှ ဖွတ်များကို ၂၀၁၀ ပြည့်နှစ် မတိုင်မီအထိ တရားဝင်သ ဝာ်ဖြ တ်ခွင့် မရှိခဲ့ပါဘူး။ သို့သော်လည်း နောက်ပိုင်းမှာ ဖွတ်ကောင်ရေများ အဆမတန် တိုးပွားလာတာကြောင့် ဖွတ်များကို သုတ်သင်ရန် ခြွင်းချက် သတ်မှတ်ခဲ့ပါတယ်။
၂၀၁၆ ခုနှစ်၊ မေလမှ ၂ဝ၁၇ ခုနှစ်၊ နိုဝင်ဘာလအထိ ဖွတ်မုဆိုးများဟာ ဖွတ်တစ်ကောင်သ ဝာ်ဖြတ်တိုင်း ၂ ဒေါ်လာရရှိကြပါတယ်။ ဒါ့ကြောင့် ၎င်းကာလအတွင်းမှာ အနည်းဆုံး ဖွတ်ကောင်ရေ ၈၅ဝဝ ကို ရှင်းလင်းနိုင်ခဲ့ကြပါတယ်။ သို့သော် ကျွန်းပေါ်ရှိ
ဖွတ်ကောင်ရေဟာ ၁ သန်းလောက်ရှိမယ်လို့ ခန့်မှန်းထားတာကြောင့် ဤမျှလောက်သော အကောင်ရေဟာ ဖွတ်ကောင်ရေ လျော့ပါးစေရန် လုံလောက်မှု မရှိခဲ့ပါဘူး ဒါ့ကြောင့် ကေမန်ကျွန်းကို အစိမ်းရောင်ဖွတ်တွေ ဆက်လက်စိုးမိုးထားဆဲဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
ဒီတစ္ခါေတာ့ အစိမ္းေရာင္ဖြတ္ေတြပဲ ႀကီးစိုး ေနထိုင္ၾကတဲ့ ကြၽန္းတစ္ကြၽန္းအေၾကာင္းကို ေျပာျပခ်င္ပါတယ္။ ၿဗိတိန္က ေကမန္ကြၽန္းမ်ားအနက္ အႀကီးဆုံးကြၽန္းမ်ားျဖစ္တဲ့ ဂရန္း ေကမန္ကြၽန္းကို
အစိမ္းေရာင္ဖြတ္မ်ားက က်ဴးေက်ာ္ဝင္ေရာက္ၿပီး ႀကီးစိုးထားပါတယ္။ ၎တြားသြားသတၱဝါမ်ားရဲ႕ မူလဌာေနကေတာ့ အေမရိကတိုက္အလယ္ပိုင္းႏွင့္ေတာင္ပိုင္းမွ ျဖစ္ၾကပါတယ္။ ဒီအစိမ္းေရာင္ဖြတ္ေတြဟာ
ေကမန္ကြၽန္းေပၚ ကို ၁၉၈ဝ ျပည့္ႏွစ္မ်ားမွာ စတင္ေရာက္ရွိလာခဲ့ၾကတာပါ။ ၎တို႔ကို ကြၽန္းေပၚသို႔ အိမ္ေမြး တိရစာၦန္မ်ားအျဖစ္ ယူေဆာင္ခဲ့ရာမွ လ်င္ျမန္စြာ ေပါက္ဖြားကာ အေရအတြက္အလြန္မ်ားျပားလာခဲ့တာ ျဖစ္ပါတယ္။ ဖြတ္မ်ားဟာ ရန္မလိုတတ္သည့္
အပင္စားသတၱဝါမ်ား ျဖစ္ၾကပါတယ္။ သို႔ေသာ္လည္း ကြၽန္းရဲ႕ သဘာဝရင္းျမစ္မ်ားကို ၿခိမ္းေျခာက္ၿပီး အႏၲရာယ္ျဖစ္လာေစခဲ့ပါတယ္။ဖြတ္မ်ားဟာ အပင္မ်ားမွ အေခါက္ကိုခြာၿပီး ဥယ်ာဥ္မ်ားႏွင့္ လယ္ယာေျမမ်ားကို
ဖ် က္ဆီးၾကပါတယ္။ ၎တို႔အစာအတြက္ ကြၽန္းေပၚမွာ မူလကတည္းက ရွိေနတဲ့ မ်ိဳးစိတ္မ်ားႏွင့္ ယွဥ္ၿပိဳင္မႈမ်ား ရွိလာခဲ့ပါတယ္။ ကြၽန္းေပၚမွာ ဖြတ္မ်ားေသာင္းက်န္းလာခဲ့တာေၾကာင့္ ၿဗိတိသွ်အစိုးရက ေကမန္ကြၽန္းငယ္မ်ားႏွင့္
ေကမန္ဘရက္ခ္ကြၽန္းသို႔ ဖြတ္မ်ားျပန့္ပြားလာမွာကို စိုးရိမ္ခဲ့ၾကပါတယ္။ အနီးဝန္းက်င္ကြၽန္းမ်ားကို ကာကြယ္ရန္ႏွင့္ အေျခအေနမ်ားကို ထိန္းခ်ဳပ္နိုင္ဖို႔ ပတ္ဝန္းက်င္ထိန္း သိမ္းေရးဌာနက ဖြတ္မ်ားကို အျမစ္ျဖ တ္ေခ်မႈန္းရန္ နည္းလမ္းရွာေဖြခဲ့ၾကပါတယ္။
ဂရင္းေကမန္ကြၽန္းေပၚမွ ဖြတ္မ်ားကို ၂၀၁၀ ျပည့္ႏွစ္ မတိုင္မီအထိ တရားဝင္သ ဝာ္ျဖ တ္ခြင့္ မရွိခဲ့ပါဘူး။ သို႔ေသာ္လည္း ေနာက္ပိုင္းမွာ ဖြတ္ေကာင္ေရမ်ား အဆမတန္ တိုးပြားလာတာေၾကာင့္ ဖြတ္မ်ားကို သုတ္သင္ရန္ ႁခြင္းခ်က္ သတ္မွတ္ခဲ့ပါတယ္။
၂၀၁၆ ခုႏွစ္၊ ေမလမွ ၂ဝ၁၇ ခုႏွစ္၊ နိုဝင္ဘာလအထိ ဖြတ္မုဆိုးမ်ားဟာ ဖြတ္တစ္ေကာင္သ ဝာ္ျဖတ္တိုင္း ၂ ေဒၚလာရရွိၾကပါတယ္။ ဒါ့ေၾကာင့္ ၎ကာလအတြင္းမွာ အနည္းဆုံး ဖြတ္ေကာင္ေရ ၈၅ဝဝ ကို ရွင္းလင္းနိုင္ခဲ့ၾကပါတယ္။ သို႔ေသာ္ ကြၽန္းေပၚရွိ
ဖြတ္ေကာင္ေရဟာ ၁ သန္းေလာက္ရွိမယ္လို႔ ခန့္မွန္းထားတာေၾကာင့္ ဤမွ်ေလာက္ေသာ အေကာင္ေရဟာ ဖြတ္ေကာင္ေရ ေလ်ာ့ပါးေစရန္ လုံေလာက္မႈ မရွိခဲ့ပါဘူး ဒါ့ေၾကာင့္ ေကမန္ကြၽန္းကို အစိမ္းေရာင္ဖြတ္ေတြ ဆက္လက္စိုးမိုးထားဆဲျဖစ္ေၾကာင္း တင္ျပလိုက္ပါတယ္။ ခရက္ဒစ္
Leave a Reply