ဟားငါးကောင် လူရွှင်တော် အဖွဲ့က စစ်အာဏာရှင် လက်အောက်ခံ မီဒီယာတွေမှာ ပြုလုပ်နေတဲ့ လူရွှင်တော် ပြိုင်ပွဲတွေမှာ ပါဝင်ဖျော်ဖြနေတဲ့ လူရွှင်တော်များကို ဖော်ထုတ်ပြောကြားလိုက်တာပါ။ ဟားငါးကောင်အဖွဲ့ကတော့
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
တော်လှန်ရေးစကတည်းက ပြည်သူနဲ့တသားထဲရပ်တည်ခဲ့ကြပါတယ် အခုဖြစ်စဉ်ကြီး အပြီးမှာတော့ သူတို့ကိုယ်တိုင် ရန်ငါပြတ် သွားကြပါပြီရေပေါ်ဆီများကိုလည်း ဖော်ထုတ်ပြောပြသွားပြီး ဟားငါးကောင်အဖွဲ့
ရှေ့ဆက်မယ့် လုပ်ငန်းစဉ်တွေကိုလည်း ပြောပြသွားပါတယ်။ ပြည်သူတွေလည်း ကောက်ရိုးမီးမဖြစ်ဖို့လိုပြီ ယနေ့ စီရင်ချက်သည် စကစဘက်မှ ရ က်စ က်မှုကို နောက်တစ်ဆင့် ထပ်တိုးလိုက်လိုက်သည့် အခြေအနေဖြစ်သည်။
ပြည်သူတွေအနေဖြင့် ယခုလုပ်ရပ်ကို ခဏတာ ဝမ်းနည်းမှုမျိုးမဟုတ်ပဲ စိတ်ထဲမှာ ထင်ကျန်နေရမယ့် အရာအဖြစ် မှတ်ယူသင့်သည်။ သတင်းအမှောင်ချခံ လိုက်ရပြီး ကျဆုံ းသွားသည့် UG တွေ PDF တွေလဲအများကြီး ရှိသလို
အပြစ်မရှိပဲ ဖမ်းဆီး သ က်ဖြ တ်ခြင်းခံခဲ့ရသည့် အပြစ်မဲ့သော ပြည်သူများလဲမရေမတွက်နိုင်အောင်ရှိခဲ့ပြီဖြစ်သည်။ မကောင်းမှုကို မဆိုင်သလို ရှောင်ကွင်းသွားနေရင်၊ ငုံ့ခံနေရင် မတရားမှုက အရင်ကထက် ပိုဆိုးပြီး
နေရာတိုင်းမှာ ပိုမိုပေါ်ပေါက်လာနိုင်ပါတယ်။ ကိုယ့်မိသားစုမှ မဟုတ်ပဲ၊ ကိုယ်အပေါင်းအသင်းမှ မဟုတ်ပဲ ဟုတွေးခေါ်တတ်သည့် ရေပေါ်ဆီ မိတ်ဆွေများကိုလဲ အသိစိတ်လေးတွေဝင်ဖို့ တတောင်းဆိုချင်ပါသည်။ အားလုံးကို ကောက်ရိုးမီးမဖြစ်ဖို့မေတ္တာရပ်ခံအပ်ပါသည်။
ပြည်သူတွေအားလုံးပူးပေါင်းပါဝင်လာမှ ဒီတော်လှန်ရေးဟာ လက်ရှိထက်အရှိန်အဟုန်တိုးတက်လာနိုင်မှာပါ တော်လှန်ရေးကို အရင်ကထက်ပိုပြီး စိတ်ဝင်စားမှုရှိပေးကြဖို့လည်း ပြည်သူတွေကိုမေတ္တာရပ်ခံအပ်ပါသည်။ ကျဆုံးသွားသောရဲဘော်များကို အလေးပြုပါသည်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply