ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့အား ပြစ်ဒဏ်စီရင်မှုသတင်း ဒေါ်အောင်ဆန်းစုကြည်သိရှိသွားပြီးSee More………

ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ ကို စီရင်မှုကို ဒေါ်အောင်ဆန်းစုကြည် သိရှိသွားပြီဖြစ်ပြီး စိတ်မကောင်းဖြစ််နေကြောင်း တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်သူကတော့ သိသွားတယ်။

(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)

မနက်ခင်း ရုံးချိန်းမတိုင်ခင် အမှုအကြောင်း ဆွေးနွေးရင်းက သတင်းကိုသိသွားတယ် သိသိချင်းမှာပဲ မျက်နှာကတော်တော်မကောင်းဘူး စိတ်မကောင်းတော်တော်ကိုဖြစ်သွားတယ်

ဘာမှ မှတ်ချက်ပြု တုံ့ပြန်ပြောကြားသွားတာတော့ မရှိဘူးလို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကပြောပါတယ်။ ဦးဖြိုးဇေယျာသော်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားထားရတဲ့

NLD ပါတီဝင် တစ်ဦးဖြစ်ပြီး ၂၀၁၅ မတိုင်မီ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအရ အရေးပါတဲ့ ပြည်တွင်း ပြည်ပခရီးစဉ်တွေမှာ လိုက်ပါ ဆောင်ရွက်ခဲ့ရသူ တစ်ဦးလည်းဖြစ်ပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီဟာလည်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးတဲ့ ပုဂ္ဂိုလ်ရေးဆက်ဆံမှုလည်းရှိသူ တစ်ဦးဖြစ်ပြီး သူနဲ့ရင်းနှီးတဲ့ ဒီနှစ်ဦးရဲ့ သတင်းနဲ့ ပတ်သက်လို့ စိတ်မကောင်းဖြစ်နေတာ သိရကြောင်း တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်

ဒီနေ့ဇူလိုင် ၂၅ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ရဟတ်ယာဉ် အမှုတွေနဲ့ ပတ်သက်လို့​ နေပြည်တော် အချုပ်ထောင်တွင်းတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပါတယ်။ ခရက်ဒစ် ဘီBစီမြန်မာပိုင်း

Zawgyi code ဖြင့် ဖတ်ရန်

ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ ကို စီရင်မှုကို ဒေါ်အောင်ဆန်းစုကြည် သိရှိသွားပြီဖြစ်ပြီး စိတ်မကောင်းဖြစ်နေကြောင်း တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်သူကတော့ သိသွားတယ်။






Be the first to comment

Leave a Reply

Your email address will not be published.


*