“စခ၊ ရခ တွေ လဘက်ရည်ဆိုင် ခိုးချောင်ခိုးဝှက်သွားထိုင်မိလို့ ဒွမ်နေချိန်မှာ ကိုယ်တွေ Mission အပြန်လမ်းလေးကတော့အေးချမ်းသာယာ ရှိလွန်းပေစွ။ လမ်းမတလျှောက်မှာရှိတဲ့
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ဆိုင်တကာရဲ့ပြည်သူ့ ချစ်မြတ်နိုးမှုကို အပြည့်အဝ ရရှိခဲ့ကြတယ်။ ဆိုင်ရှင် ဦးလေးကြီးကလဲ စားပွဲထိုးလေးတွေကိုဆော်သြတယ်။ “ရှိသမျှမုန့်အကုန်ချ၊ လဘက်ရည် ဝိုင်းစေ့နေပါစေ။
အဲ့တာ ငါတို့ကို ကာကွယ်ပေးနေတဲ့ PDF တွေကွ”တဲ့လေ။ ပိုက်ဆံ ရှင်းမလို့ပြင်ကြတော့ အသားကုန်ငြင်းပြီးမုန့်တွေပါ ထပ်ထည့်ပေးလိုက်သေးတယ်။ကောင်းကောင်းစားပါ့မယ်ဗျား။ အဖန်ဖန် ကြည်နူးရပါသော´´ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တနေရာမှာ
စစ်ကောင်စီအဖွဲ့တွေကို တို က်ခိုက်ပြီးပြန်လာတဲ့ PDF ရဲဘော်တွေကို လက်ဖက်ရည်ဆိုင် ပိုင်ရှင်တဦးရဲ့ဆီးကြိုသံကို BVJ ရဲ့စာဖတ်ပရိတ်သတ်အား Photo Eassy အဖြစ်ဖော်ပြလိုက်ပါတယ်။ ဇူလိုင် ၂၀နဲ့ ၂၁ရက်က စစ်ကိုင်းတိုင်း၊ တန့်ဆည်
အင်္ကု က္ကားနဲ့ ကျွန်းတောရွာတို့မှာ စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့တွေကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက တို က်ခိုက်ခဲ့ကြပါတယ်။ အဲဒီတို က်ပွဲတွေမှာ စစ်ကောင်စီဘက်က ၅ဦးေသဆုံးပြီးထိခိုက်ဒဏ်ရာရရှိခဲ့မှုတွေရှိခဲ့ပါတယ်။ ဒီလိုတို က်ခိုက်မှုတွေထဲမှာ
အခြားသောပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တွေနဲ့အတူ Myanmar Defese Force (MDF)- MDF Taze (Tiger) တပ်ဖွဲ့လည်း ပါဝင်ခဲ့ပါတယ်။Myanmar Defese Force (MDF)- MDF Taze (Tiger)ရဲ့ တပ်ဖွဲ့ဝင်တွေဟာ စစ်ကောင်စီအဖွဲ့နဲ့ တို က်ခိုက်ပြီးအပြန်
ရွာတရွာရဲ့ လက်ဖက်ရည်ဆိုင် တဆိုင်မှာ ဝင်ရောက်ထိုင်ခဲ့ကြစဥ် ဆိုင်ရှင်ဖြစ်သူက အထက်ပါအတိုင်း ပြောဆိုကာ ခရီးဦးကြိုခဲ့တယ်တာတဲ့အကြောင်း MDF ဗဟိုပြန် ကြားရေးကော် မတီတာဝန်ခံ ဗိုလ်တော်ဝင် (MasK.)က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားတာကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါတယ်။ Crd တော်ဝင်နောင်(MasK.)
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply