တပ်ပိုင်ပစ္စည်းတွေကို ကြော်ငြာခဲ့တဲ့ မိတ်ဆွေဟောင်းများကို ဓာတ်ပုံနဲ့အတူ ဖော်ပြပြီး ဒဲ့ဆော်လာတဲ့ မင်းမော်ကွန်း
သရုပ်ဆောင် မင်းမော်ကွန်း ကတော့ ဆယ်စုနှစ်တစ်ခုထဲက ပရိသတ်တွေကြားမှာ နာမည်ကြီးကျော်ကြားလာခဲ့တဲ့ မြန်မာပြည်ရဲ့ထိပ်တန်းမင်းသားတစ်လက်ထဲမှာ
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
အပါအဝင်ဖြစ်တဲ့ မင်းသားချောတစ်လက်ဖြစ်ပါတယ်။ ဒါ့အပြင် အရွယ်တင်နုပျိုလွန်းတာကြောင့် ပရိသတ်တွေအားလုံးက ချစ်ခင်စွာနဲ့ ” ကိုကြာနု” လို့ တင်စားခေါ်ကြပါသေးတယ်။ ကိုကျော် ဟာ ရုပ်ရှင်ကားတွေမှာ
အကောင်းမွန်ဆုံး နဲ့အပီပြင်ဆုံးသရုပ်ဆောင်နိုင်တာကြောင့် အကယ်ဒမီဆုပေါင်းများစွာကို ဆွတ်ခူးရရှိထားပါတယ်။ မင်းသား မင်းမော်ကွန်း ဟာ မြန်မာပြည်သူတွေကို အနုပညာရှင်တချို့နဲ့ ပတ်သက်ပြီးတော့
အခုလို အသိပေးစကားတစ်ခု ပြောလိုက်ပါတယ်။” စပါပြီ ဘာပုဂ္ဂိုလ်ရေးမှမပါ ပါဘူး စစ်တပ်ပိုင် ပစ္စည်းများကိုကြေငြာပေးနေတဲ့ ကျွန်တော့် ရဲ့မိတ်ဆွေဟောင်းများကို ဂုဏ်ပြုခြင်းဖြစ်ပါတယ်
စစ်ဖိနပ်အောက်ဆက်ပျော်ကြပါစေ။ Post ဖျက်ပေးဖို့လုံးဝလုံးဝအစီအစဉ်မရှိပါ” လို့ မင်းမော်ကွန်း ဟာ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ဓာတ်ပုံနဲ့အတူ ရေးသားထားတာကို တွေ့ရပါတယ်။ တယ်လီနော မြန်မာ ကနေ နာမည်ပြောင်းထားတဲ့
စစ်တပ်ပိုင်ဆက်သွယ်ရေးအော်ပရေတာတစ်ခု ဖြစ်တဲ့ ATOM ရဲ့ မြှားပြိုင်ပွဲမှာ ပါဝင်ထားတဲ့ အနုပညာရှင်တွေကတော့ ရဲလေး၊အေးငြိမ်းဖြူ၊မေမြင့်မိုရ်၊ယွန်းမြတ်သူ၊ကောင်းမြတ်စံ၊
ဘောလုံးသမား ကျော်မင်းဦး တို့ပဲ ဖြစ်ပါတယ်။ ကဲ ပရိသတ်ကြီးရေ မင်းမော်ကွန်း ပြောတဲ့ အထက်ပါ အနုပညာရှင်တွေရဲ့ ဓာတ်ပုံတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*