ရင်နာ အသည်းကွဲ ရတယ်ဆိုတာတွေထက် အများကြီးပိုပါတယ် ဘယ်သူလာဟောမယ့် ရွှေပြည်အေးတရားမှ မနာကြားလိုဘူး ဆိုပြီး ဖွင့်ချရင်ဖွင့်လာတဲ့ ကိုပေါက်
ပရိသတ်ကြီးရေ ဒါရိုက်တာကိုပေါက် ကတော့ စီးပွားရး အဆင်ပြေ အောင်မြင်နေသည့် နာမည်ကြီး ဒါရိုက်တာ တစ်ယောက် ဖြစ်ပေမယ့် ယုံကြည်ရာအတွက် အရာရာကို ပေးဆပ် စွန့်လွှတ်ကာ လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေခဲ့ကာ
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
တော်လှန်ရေးအတွက် ကျရာတာဝန် ပေးအပ်ရာ အလုပ်များကို တက်စွမ်းသရွေ့ စွမ်းစွမ်းတမံ လုပ်ဆောင် ထမ်းရွက်နေတာကို တွေ့မြင်နေရတဲ့ အတွက် ပရိသတ်ပြည်သူများမှ ကိုပေါက်ရဲ့ အနုအညာအပေါ် ချစ်မြတ်နိုးကြရာမှ
ယခုအခါမှာ ကိုပေါက်ရဲ့ စိတ်နေစိတ်ထားနဲ့ ခံယူချက်တို့အပေါ်မှာပါ လေးစားကာ တန်ဖိုးထား ချစ်ခင် နေကြတာပဲ ဖြစ်ပါ တယ်နော်။ ယခုအခါမှာတော့ ကိုပေါက်က ယနေ့မနက် စစ်ကောင်စီပိုင် သတင်းစာများတွင်
ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်နှင့် ၂ဦးတို့အား ပြစ်ဒဏ်စီရင် ဆောင်ရွက်ပြီးစီး ဟူသော သတင်း ထုတ်ပြန်လာသည့်အပေါ်တွင် “ရင်နာတယ် ဆိုတာတွေ အသည်းကွဲရတယ် ဆိုတာတွေ ဝမ်းနည်းရတာတွေ မျက်ရည်ကျ ရတာတွေ ဆိုတာတွေထက် အများကြီးပိုပါတယ်။
အများကြီး, အများကြီး ပိုပါတယ်။ သက်ရောက်မှုတိုင်း အတွက်တော့ တန်ပြန် သက်ရောက်မှု ရှိရမယ်။ဘယ်သူလာဟောမယ့် ရွှေပြည်အေးတရားမှ မနာကြားလိုဘူး။ ဂျနီဖာကွန်ဗန်းရှင်း တွေကို ပြတ်ိုက်ထဲမှာ ခေါက်သိမ်းထားလိုက်ပါတော့လား။
ကျင့်ထုံး နဲ့ ကျင့်ဝတ် ဆိုတာ လိုက်နာသူရှိမှ တန်ဖိုးထိုက်တာပါ။ မြန်မာနိုင်ငံတော်ကြီး နာမကျန်းဖြစ်နေတာကို ပျော်လို့ မဝနိုင်သေးသူတွေ အဆင်ပြေကြ ရဲ့လားဗျာ။ အာဏာရှင်ရဲ့ အန္တရာယ်က ခင်ဗျားမိသားစုအပေါ် မရောက်လာသေးလို့ခင်ဗျားက ပျော်နေနိုင်တာလား။
ပုံမှန် ပြန်ဖြစ်နေပြီလို့ တကယ်လက်ခံလိုက် သလား? တကယ် လက်မခံဘူးလား ဆိုတာ မင်းတို့လုပ်ရပ်တွေက သက်သေပြနေတယ်။ နေနိုင်လိုက်ကြတာ ဗျာ၊ ခဏနေ online ပေါ်တက်လာကြပါလိမ့်အုံးမယ်။ ဝမ်းနည်းရ ပါတယ်တို့၊
မခံစားနိုင်ဘူးတို့၊ မိသားစုနဲ့ ထပ်တူခံစားရပါသည် တို့တွေ။ ဟီးဟီဟားဟား လုပ်နေပြီး ဟန်ရေးပြ တော်လှန်ရေး အောင်ချင်သူတွေ ကိုယ့်ကိုယ်ကိုယ် ရှက်ကြပါအုံးဗျာ။ ဟန်ဆောင်မျက်နှာဖုံးတွေအောက်က ထွက်ခဲ့ကြပါတော့။”
ဆိုပြီး ခံစားချက်တွေ ပွင့်ထွက် ရင်ဖွင့်ပေါ က်ကွဲ လာခဲ့တာပဲ ဖြစ်ပါ တယ်နော် ပရိသတ်ကြီး။ ယနေ့ကတော့ ကိုပေါက်နှင့်အတူ ပြည်သူများမှာလည်း ထပ်တူမျှ ခံစားကြေကွဲနေကြရတာလည်း ဖြစ်ပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*