၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော် အပါအဝင် ၄ဦးတို့ကို စွဲချက်တွေ များစွာနဲ့ စွဲဆိုခဲ့တဲ့ စစ်ကောင်စီဟာ
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ယနေ့မှာတော့ ပြစ်ဒဏ်စီရင် ပြီးဟုဆိုကာ ၄င်းတို့ပိုင် သတင်းစာများမှာ ထုတ်ပြန် လာခဲ့တာကို တွေ့ရသဖြင့် ပြည်သူအများမှာ စိတ်နှလုံး ထိခိုက် ခံစား နေရတာလည်း ဖြစ်ပါတယ်။ တချိန်က မြန်မာ့အသံမှာ သတင်းကြေငြာတင်ဆက်သူ အဖြစ်
တာဝန်ထမ်းဆောင်ခဲ့ပြီး တိုင်းပြည် အာဏာသိမ်းခံရမှု ဖြစ်စဥ်မှာတော့ အာဏာသိမ်းမှုကို ဆန့်ကျင်ကာ CDM လှုပ်ရှားမှုမှာ ပါဝင်လာခဲ့ကာ ယခုအခါ လွတ်မြောြၽနယ်မြေမှာ ကျရာတာဝန်တွေကို ထမ်းဆောင်ရင်း
တော်လှန်ရေးမှာ ပါဝင်ပေးဆပ်နေသော သတင်းကြေငြာသူ ဦးကျော်သက်လင်းမှလည်း ကိုဂျင်မီ နှင့် ကိုဇေယျာ်သော် အပါ၄ဦးတို့၏ ဝမ်းနည်းဖွယ်ရာ သတင်းကို ကြားသိရသဖြင့် ရင်နာစိတ်မကောင်း နှမြောတသခြင်းများစွာဖြင့်
ကတိအဓိဋ္ဌာန် ပြုသော စာလေးတစ်စောင်ကို ယခုလို ရေးသား ဖော်ပြလာခဲ့ပါတယ်။ ဦးကျော်သက်လင်းက “အသက်ပေးတဲ့ သူက ပေးသွားမှတော့ ကျနော့်ဆုံးဖြတ်ချက်တွေ ပိုခိုင်မာ လာတာပေါ့။ သွားနှင့်ပါ နွေဦးတော်လှန်ရေးအတွက်
အသက်ပေးခဲ့တဲ့ အာဇာနည်သူရဲကောင်း အစ်ကိုကြီးနဲ့ ညီလေးတို့။ ကျဆုံးပေမယ့် ထာဝရ ရှင်သန်ပါပြီ။ ကျနော်တို့ အစွမ်းရှိသလောက် မထုတ်ကြလို့ မကြိုးစားကြလို့
ခင်ဗျားတို့ ကျဆုံးရတာမို့ ပိုရင်နာတာပါ။ နောက်ဆုံးအနေဖြင့် အလေးပြုလျက်”ဟု ဆိုကာ ခံစားထိခိုက်စွာ ရေးသား လာခဲ့တာပဲ ဖြစ်ပါ တယ်နော် ပရိသတ်ကြီး။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
တာဝန်ထမ်းဆောင်ခဲ့ပြီး တိုင်းပြည် အာဏာသိမ်းခံရမှု ဖြစ်စဉ်မှာတော့ အာဏာသိမ်းမှုကို ဆန့်ကျင်ကာ CDM လှုပ်ရှားမှုမှာ ပါဝင်လာခဲ့ကာ ယခုအခါ လွတ်မြေျာနယ်မြေမှာ ကျရာတာဝန်တွေကို ထမ်းဆောင်ရင်း
တော်လှန်ရေးမှာ ပါဝင်ပေးဆပ်နေသော သတင်းကြေငြာသူ ဦးကျော်သက်လင်းမှလည်း ကိုဂျင်မီ နှင့် ကိုဇေယျာ်သော် အပါ၎ဦးတို့၏ ဝမ်းနည်းဖွယ်ရာ သတင်းကို ကြားသိရသဖြင့် ရင်နာစိတ်မကောင်း နှမြောတသခြင်းများစွာဖြင့်
Leave a Reply