
ဇူလိုင် ၂၄၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ ဦးသန်းဌေး နှုတ်ထွက်ရန် လှုံ့ဆော်သည့် ဗီနိုင်းများကို ဘူးလက်လှဆွေက ကျပ် ၅၀၀၀ ပေးပြီး ကပ်ခိုင်းခဲ့ကြောင်း
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
အမျိုးသားရေးတက်ကြွလှုပ်ရှားသူများထံမှ ရရှိသည့် အသံဖိုင်အရ သိရသည်။ မဲခေါင်သတင်းဌာနမှ နားထောင်ရသည့် အသံဖိုင်ထဲတွင် ဦးသန်းဌေး နှုတ်ထွက်ရန် လှုံ့ဆော်သည့် ဗီနိုင်းများကို ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်
လမ်းမများပေါ်တွင် လိုက်လံကပ်ခဲ့ခြင်းဖြစ်ပြီး လိုက်လံကပ်ခိုင်းသူများကို ဘူးလက်လှဆွေက ကျပ် ၅၀၀၀ ပေးကြောင်း စီစဉ်ချိတ်ဆက်သူက ဝန်ခံပြောဆိုထားသည်။ လမ်းတွေမှာ ဗီနိုင်းတွေ လိုက်ကပ်ဖို့ ကမ်းလှမ်းခဲ့တယ်
ကျွန်တော်က နေမကောင်းဘူးဆိုပြီး ငြင်းခဲ့တယ်။ ဒါပေမယ့် လိုက်ကပ်ပေးမယ့်သူကိုတော့ ချိတ်ပေးလိုက်တယ်ဟု ၎င်းက ပြောသည်။ လိုက်ကပ်သည့် ဗီနိုင်းများတွင် ပါတီဥက္ကဌ ဦးသန်းဌေး နှုတ်ထွက်ပေး၊ တစ်ယောက်တည်းမဲနိုင်ပြီး
အောင်ပွဲခံစားပွဲကျင်းပသူ အလိုမရှိ စာသားများကို ဦးသန်းဌေးရုပ်ပုံပေါ်တွင် ရေးသားပြီး လမ်းမများပေါ်တွင် လိုက်ကပ်ခဲ့ခြင်း ဖြစ်သည်။ အသံဖိုင်အတွင်း ဝန်ခံပြောဆိုသူမှာ ယခင် NLD အစိုးရလက်ထက်က ဘူးလက်လှဆွေ ထောင်ကျစဉ်
အခန်းချင်းကပ်လျက် နေထိုင်ခဲ့သူဖြစ်ပြီး ဦးသန်းဌေး နှုတ်ထွက်ပေးရေး လှုံဆော်စာများ ကပ်ရန် ဘူးလက်လှဆွေက ၎င်းကို စည်းရုံးခဲ့ကြောင်း ဝန်ခံထားသည်။ အဆိုပါအသံဖိုင်မှာ ကြံ့ခိုင်ရေးပါတီဝင် ၂ဦးကြား ပြောဆိုသည့်
ဖုန်းအသံမှတ်တမ်းဖိုင်ဖြစ်ပြီး မိနစ်အနည်းငယ်ကြာမြင့်သည်။ စစ်တပ်အာဏာသိမ်းရန် ဦးဆောင်လမ်းကြောင်းပေးခဲ့သည့် ကြံံ့ခိုင်ရေးပါတီမှာ အာဏာသိမ်းပြီးနောက်ဖြစ်ပေါ်လာသည့် အခြေအနေများကြောင့်
ပါတီတွင်း စိတ်ဝမ်းကွဲမှုများဖြစ်နေပြီး ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပါတီတွင်းလူသိများသည့် မင်းကင်းမောင်မြင့်ကလည်း လက်ရှိပါတီဥက္ကဌ ဦးသန်းဌေးကို ဝေဖန်ထားသည့် ရုပ်သံမှတ်တမ်းထွက်ပေါ်လာသည်
အဆိုပါရုပ်သံမှတ်တမ်းကို ဦးသန်းဌေးလူများက ရပို့ဝိုင်းတင်သည့်အတွက် ပထမအကြိမ်က ပျက်သွားကြောင်း ဦးမောင်မြင့်က ပြောဆိုထားသည်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
ဇူလိုင္ ၂၄၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ ဥကၠဌ ဦးသန္းေဌး ႏႈတ္ထြက္ရန္ လႈံ႕ေဆာ္သည့္ ဗီနိုင္းမ်ားကို ဘူးလက္လွေဆြက က်ပ္ ၅၀၀၀ ေပးၿပီး ကပ္ခိုင္းခဲ့ေၾကာင္း
အမ်ိဳးသားေရးတက္ႂကြလႈပ္ရွားသူမ်ားထံမွ ရရွိသည့္ အသံဖိုင္အရ သိရသည္။ မဲေခါင္သတင္းဌာနမွ နားေထာင္ရသည့္ အသံဖိုင္ထဲတြင္ ဦးသန္းေဌး ႏႈတ္ထြက္ရန္ လႈံ႕ေဆာ္သည့္ ဗီနိုင္းမ်ားကို ရန္ကုန္ၿမိဳ႕၊ အင္းစိန္ၿမိဳ႕နယ္
လမ္းမမ်ားေပၚတြင္ လိုက္လံကပ္ခဲ့ျခင္းျဖစ္ၿပီး လိုက္လံကပ္ခိုင္းသူမ်ားကို ဘူးလက္လွေဆြက က်ပ္ ၅၀၀၀ ေပးေၾကာင္း စီစဥ္ခ်ိတ္ဆက္သူက ဝန္ခံေျပာဆိုထားသည္။ လမ္းေတြမွာ ဗီနိုင္းေတြ လိုက္ကပ္ဖို႔ ကမ္းလွမ္းခဲ့တယ္
ကြၽန္ေတာ္က ေနမေကာင္းဘူးဆိုၿပီး ျငင္းခဲ့တယ္။ ဒါေပမယ့္ လိုက္ကပ္ေပးမယ့္သူကိုေတာ့ ခ်ိတ္ေပးလိုက္တယ္ဟု ၎က ေျပာသည္။ လိုက္ကပ္သည့္ ဗီနိုင္းမ်ားတြင္ ပါတီဥကၠဌ ဦးသန္းေဌး ႏႈတ္ထြက္ေပး၊ တစ္ေယာက္တည္းမဲနိုင္ၿပီး
ေအာင္ပြဲခံစားပြဲက်င္းပသူ အလိုမရွိ စာသားမ်ားကို ဦးသန္းေဌး႐ုပ္ပုံေပၚတြင္ ေရးသားၿပီး လမ္းမမ်ားေပၚတြင္ လိုက္ကပ္ခဲ့ျခင္း ျဖစ္သည္။ အသံဖိုင္အတြင္း ဝန္ခံေျပာဆိုသူမွာ ယခင္ NLD အစိုးရလက္ထက္က ဘူးလက္လွေဆြ ေထာင္က်စဥ္
အခန္းခ်င္းကပ္လ်က္ ေနထိုင္ခဲ့သူျဖစ္ၿပီး ဦးသန္းေဌး ႏႈတ္ထြက္ေပးေရး လႈံေဆာ္စာမ်ား ကပ္ရန္ ဘူးလက္လွေဆြက ၎ကို စည္း႐ုံးခဲ့ေၾကာင္း ဝန္ခံထားသည္။ အဆိုပါအသံဖိုင္မွာ ႀကံ့ခိုင္ေရးပါတီဝင္ ၂ဦးၾကား ေျပာဆိုသည့္
ဖုန္းအသံမွတ္တမ္းဖိုင္ျဖစ္ၿပီး မိနစ္အနည္းငယ္ၾကာျမင့္သည္။ စစ္တပ္အာဏာသိမ္းရန္ ဦးေဆာင္လမ္းေၾကာင္းေပးခဲ့သည့္ ႀကံံ့ခိုင္ေရးပါတီမွာ အာဏာသိမ္းၿပီးေနာက္ျဖစ္ေပၚလာသည့္ အေျခအေနမ်ားေၾကာင့္
ပါတီတြင္း စိတ္ဝမ္းကြဲမႈမ်ားျဖစ္ေနၿပီး ၿပီးခဲ့သည့္ရက္ပိုင္းအတြင္းက ပါတီတြင္းလူသိမ်ားသည့္ မင္းကင္းေမာင္ျမင့္ကလည္း လက္ရွိပါတီဥကၠဌ ဦးသန္းေဌးကို ေဝဖန္ထားသည့္ ႐ုပ္သံမွတ္တမ္းထြက္ေပၚလာသည္
အဆိုပါ႐ုပ္သံမွတ္တမ္းကို ဦးသန္းေဌးလူမ်ားက ရပို႔ဝိုင္းတင္သည့္အတြက္ ပထမအႀကိမ္က ပ်က္သြားေၾကာင္း ဦးေမာင္ျမင့္က ေျပာဆိုထားသည္။ ခရက္ဒစ္
Leave a Reply