မင်းသားထူးခန့်ကျော်နေအိမ်မှာ ကိုးကွယ်ထားတဲ့ မဟာကရုဏာတော်ရှင်ကိုယ်တော်မြတ်ကြီးအား ဆွမ်းဆက်ကပ်လှူဒါန်းခဲ့တဲ့ ညီနန္ဒ

မိတ်ဆွေတို့ရေ ညီနန္ဒကတော့ ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် မင်းသားတစ်လက်ပဲဖြစ်ပါတယ်။ ညီနန္ဒကတော့ လတ်တလောမှာ အနုပညာအလုပ်တွေနဲ့ အတူ

(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)

ထောပတ်ထမင်းရောင်းတဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအပြင် Live Sale ရောင်းချတဲ့ အလုပ်တွေကို လုပ်ကိုင်နေခဲ့ပါတယ်။ ညီနန္ဒကတော့ မကြာခဏဆိုလိုလည်း

ကောင်းမှုကုသိုလ်တွေပြုလုပ်နေခဲ့ပြီး ဒီနေ့မှာလည်း မွန်မြတ်လှတဲ့ ကောင်းမှုလေတစ်ခုကို ပြုလုပ်ခဲ့ပါသေးတယ်။ ကောင်းမှုလေးကတော့ ထူးခန့်ကျော်ရဲ့ နေအိမ်မှာ

ကိုးကွယ်ပူဇော်ထားတဲ့ မဟာကရုဏာတော်ရှင်မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးအား ဆွမ်းခဲဖွယ်ဘောဇဉ်ချိုချဉ်အဖြာဖြာအရသာနှင့် ပြီးပြည့်စုံသော

ဆွမ်းများကပ်လှူခြင်းမှာ ပါဝင်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ ထူးခန့်ကျော်ကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြီးတော့ အလှူရှင်တွေနဲ့အတူ ညီနန္ဒပါဝင်လှူဒါန်း

ကုသိုလ်ယူခဲ့ကြောင်း မျှဝေထားခဲ့တာပဲဖြစ်ပါတယ်။ မိတ်ဆွေတို့ရေ ညီနန္ဒရဲ့ မွန်မြတ်လှတဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။ လေးစားစွာဖြင့် ခရက်ဒစ်

Zawgyi code ဖြင့် ဖတ်ရန်







Be the first to comment

Leave a Reply

Your email address will not be published.


*