မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဆုံရွာတွင် ကင်းလှည့်လာသည့် စစ်ကောင်စီတပ်နှင့် ပျုစောထီးအဖွဲ့တို့ အချင်းချင်း အပြန်အလှန်ပ စ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား တစ်ဦးေသဆုံးခဲ့ကြောင်း
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
မြောင်မြို့နယ် တော်လှန်ရေး တပ် MRAထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်ကဖြစ်ပွားခဲ့ပြီးနောက် ပ စ်ခတ်မှုတွင်ပါဝင်သည့် ပျုစောထီးခေါင်းဆောင် စံမောင် နှင့် ပျု (၁၄) ဦး ကိုလည်း စစ်ကောင်စီမှဖမ်းဆီးထားကြောင်း သိရသည်
ပထမတစ်ခါတုန်းက မြင်းခြံမှာ တော်လှန်ရေးအဖွဲ့တွေ သွားရောက်တို က်ခိုက်တဲ့အခါ ပျုစောထီးအဖွဲ့တွေ က စကစ ထင်ပြီးမှားသေးတယ်။ အခုတစ်ကြိမ်မှာလည်း တကယ့် စစ်သားတွေလာတဲ့အချိန် ကျ တော့ PDF တွေထင်ပြီးတော့
မှားပ စ်တဲ့ ပျု(၁၅)ကောင်ဖမ်းခံရတယ် ဟု မြောင်မြို့နယ်တော်လှန်ရေးတပ် MRA တာဝန်ခံကိုစိန် ကျော် ကပြောသည်။ ဆုံရွာ ပ စ်ခတ်မှုဖြစ်စဉ်တွင် ပျုစောထီးများမှာ စစ်ကောင်စီ တပ်သားများကို ဆုံရွာကွ ကွေ့ကြီးက ပျုတွေမဟုတ်ဘူး လာမလုပ်နဲ့ ဟု
အော်ဟစ်ကြိမ်းမောင်း၍ မှားယွင်း ပ စ်ခတ်မိခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဇွန်လ (၁၆)ရက်က မြင်းခြံမြို့နယ် ကွေ့ကြီးကျေးရွာရှိ ပျုဒလန်များကို တော်လှန်ရေးတပ်ဖွဲ့များမှ သွားရောက်တို က်ခိုက်စဉ်
ပျုစောထီးများမှာ တော်လှန်ရေးအဖွဲ့ကို စစ်ကောင်စီတပ်သားများထင်မှတ်ပြီး ကြိုဆို မှုများပြုလုပ်စဉ် တော်လှန်ရေးတပ်ဖွဲ့များက လက်ဦးမှုရယူ တို က်ခိုက်နိုင်ခဲ့ခြင်းကြောင့် ပျုစောထီး (၆) ဦးဒွမ်ခဲ့။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဆုံရွာတွင် ကင်းလှည့်လာသည့် စစ်ကောင်စီတပ်နှင့် ပျုစောထီးအဖွဲ့တို့ အချင်းချင်း အပြန်အလှန်ပ စ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးခဲ့ကြောင်း
Leave a Reply