အသားအရည်ဖြူဖြူဖွေးဖွေးနဲ့ အရမ်းချောတဲ့ မင်းသားချော ကောင်းမြတ်စံကတော့ မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ရုပ်ရည်ချောမောသလို စိတ်ထားလေးလည်း ဖြူစင်မြင့်မြတ်တဲ့ ကောင်းမြတ်စံဟာ ပရိသတ်တွေကြားမှာ ကောင်းသတင်းနဲ့ ကျော်ကြားသူတစ်ယောက်ဆိုလည်း မမှားပါဘူး။
ဒီကနေ့မှာလည်း ကောင်းမြတ်စံက ရိုက်ကွင်းပေါ်မှာ သူပြုခဲ့တဲ့ ကုသိုလ်လေးတစ်ခုကို ပရိသတ်တွေ သာဓုခေါ်ဆိုပေးဖို့ မျှဝေပေးခဲ့ပါတယ်။ကောင်းမြတ်စံက “ရွာလည်တဲ့ဖူးစာ” ဇာတ်လမ်းတွဲလေးမှာ သရုပ်ဆောင်ပေးခဲ့တဲ့ အဘွားကို
ရိုက်ကွင်းနောက်ကွယ်မှာ အမှန်တကယ်ထိုင်ကန်တော့ခဲ့တဲ့ ဗီဒီယိုလေးကို မျှဝေကာ “ရိုက်ကွင်းနောက်ကွယ်မှာ အဖွားကို တတ်နိုင်သလောက်လေး ကန်တော့ တော့ ဆုတွေပေးတာဆိုတာ ကလေးလေးတွေနဲ့
အဖိုးအဖွားအရွယ်တွေဆို ဘယ်လို ချစ်မှန်းကိုမသိတာရယ်” ဆိုပြီး ပြောပြလာပါတယ်။ ကောင်းမြတ်စံကတော့ နာမည်ကြီးမင်းသားတစ်ယောက်ဆိုပေမယ့် အားနည်းချို့တဲ့သူကို ကူညီဖို့ လူကြီးသူမကို ရိုသေကန်တော့ဖို့
ဝန်မလေးတတ်သူတစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကောင်းမြတ်စံရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး ပီတိတွေကူးစက်သွားမယ်ထင်ပါတယ်နော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply