ICJ ဆုံးဖြတ်ချက် ကို စစ်ကောင်စီက ပြန်လည် တုန့်ပြန်လိုက်ပြီး ယင်းသို့ ဆုံးဖြတ်ချက်ချတာက နိုင်ငံတကာ တရား ဥပဒေအရ မြန်မာအစိုးရရဲ့ ရပ်တည်ချက်ကို အသိအမှတ်ပြုတာလို့
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
စစ်ကောင်စီ ပြောရေးဆိုင်ခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြည်တွင်း မီဒီယာတွေကို ပြောကြားလိုက်ပါတယ်။ “ကုလသမဂ္ဂမှာ အဓိက ပင်မ အဖွဲ့အစည်း ၆ခုရှိတယ်ဗျ။အဲဒါမှာ ICJ လည်းပါတယ်။ သူကတော့တရားစီရင်ရေး မဏိ္ဏိုင်ပေါ့။
ICJမှ အပ ကျန်တဲ့အဖွဲ့တွေက မြန်မာနိုင်ငံအစိုးရ နဲ့ပတ်သက်ပြီး ရပ်တည်မှုနဲ့ပတ်သက်ပြီး သူတို့ အငြင်းပွားဖွယ်ဆောင်ရွက်နေတာတွေ ရှိတယ်။ အခုICJ မြန်မာကိုယ်စားလှယ်ကို လက်ခံဆောင်ရွက်တာက နိုင်ငံတကာ တရား ဥပဒေအရ မြန်မာအစိုးရရဲ့ ရပ်တည်ချက်ကို
အသိအမှတ်ပြုတယ်လို့ပဲ ယူဆပါတယ်” လို့ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟ င်ဂျာတွေအပေါ် လူမျိုးသု-ဉ်း သ တ်ဖြ-တ်မှု ကျူးလွန်တယ်ဆိုပြီး မြန်မာကို ဂမ်ဘီယာ နိုင်ငံ က အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ
တရားစွဲဆိုထားတဲ့အမှု အပေါ် တရားရုံးက လက်ခံသင့် မသင့် ကိစ္စနဲ့ပတ်သက်ပြီး မြန်မာဘက်က ကနဦးကန့်ကွက်ချက် လေးချက်စလုံးကို ပယ်ချထားပါတယ်။ ယင်းက “နိုင်ငံတကာဥပဒေတွေဆိုတာကတော့ ပြည်တွင်း ဥပဒေတွေလို့မျိုး ပုဒ်မတွေနဲ့ ပြဌာန်းမှုတော့ မရှိပါဘူး။
သူ့ရဲ့ စီရင်ဆုံးဖြတ်တာတွေကတော့ ဘယ်အပေါ် မူတည် သလဲဆိုရင် အရင်စီရင်ထုံးတွေ အစဉ်အလာတွေ နဲ့ဥပဒေပညာရှင်တွေနဲ့ အဆိုအမိန့် တွေနဲ့ ဆုံးဖြတ်တာ။ ဒီဆုံးဖြတ်ချက်က မြန်မာပေါ် အကျိုးသက်ရောက်မှု ရှိမယ်ဆိုပြီးတော့ ပြောတာပေါ့။
အခုလို ဆုံးဖြတ်တာက စီရင်ထုံး ဖြစ်သွားတာ ဖြစ်တယ်။ ကမ္ဘာ့နိုင်ငံတွေ အားလုံးပေါ် သက်ရောက်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ရှေ့ဆက်ပြီးတော့ နိုင်ငံတကာ တရားဥပဒေများနဲ့အညီ ရှေ့ဆက်ပြီးတော့ကျတော့ ခိုင်ခိုင်မာမာဆောင်ရွက်သွားမယ်။ ICJ အနေနဲ့လည်း
နိုင်ငံတကာတရားဥပဒေတွေကို အဓိက ကိုင်တွယ်ဆုံးဖြတ်ရတဲ့အဖွဲ့ အစည်းဖြစ်လို့ နိုင်ငံတကာတရားဥပဒေမှာ မှန်ကန်တဲ့ မှတ်ကျောက် အတင်ခံနိုင်လိမ့်မယ်လို့ ကျွန်တော်တို့မျှော်လင့်တယ်”လို့ ထပ်မံ ဆက်ပြောပါတယ်။ မနေ့က ပြုလုပ်ခဲ့တဲ့ ICJတရားရုံး ကြားနာမှုမှာတော့
မြန်မာရဲ့ ကနဦးကန့်ကွက်ချက်တွေ အားလုံးကို ပယ်ချခဲ့ပြီးတဲ့နောက်မှာ တရားရုံးအနေနဲ့ ဒီအမှုကို ကြားနာစစ်ဆေးစီရင်ပိုင်ခွင့် ရှိတယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုလည်း တရားသူကြီး ၁၅ ဦးက သဘောတူဆုံးဖြတ်ခဲ့ပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply