ပရိတ်သတ်ကြီးရေ Presenterတစ်ယောက်ဖြစ်တဲ့သဇင်နွယ်ဝင်းကတော့ အမ်အာTV 4 ကတင်ဆက်တဲ့အစီအစဉ်တွေဖြစ်တဲ့ခေတ်သစ်ပျိုမေ၊ MasterChefပြိုင်ပွဲတွေမှာအစီအစဉ်တင်ဆက်သူအနေနဲ့လူသိများအောင်မြင်လာခဲ့တာဘဲဖြစ်ပါတယ်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
နောက်ပိုင်းမှာသဇင်နွယ်ဝင်းကကြောငြာတွေပါရိုတ်ကူးနေရတာလည်းဖြစ်ပါတယ်။ အခုတစ်ခါမှာဆိုရင် စီစဉ်တင်ဆက်သူ သဇင်နွယ်ဝင်းက သူမခံစားခဲ့ရတဲ့ ရောဂါတစ်ခုအကြောင်းကို အခြားသူတွေထပ်မဖြစ်အောင်
အခုလို အသိပေးပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်။ စီစဉ်တင်ဆက်သူ သဇင်နွယ်ဝင်းက ‘သဇင် ခေါင်းလျှော်ပြီး တော်တော်နဲ့ dryer မမှုတ်ဘဲ ခေါင်းအအေးခံလိုက်လို့များလားမသိဘူး၊ အာရုံကြောရောင်သလိုဖြစ်တယ်ထင်တာဘဲ၊
၃ပတ်လောက် နားနောက်မှာ တဆစ်ဆစ်ကိုက်လိုက်၊ မခံမရက်နိုင်အောင် တချက်တချက် ထိုးကိုက်သလို ဖြစ်တာ၊ စိတ်အနှောင့်အယှက်ကြီးတော်တော်ခံရခက်ခဲ့တာ၊ ဆံပင်စည်းလို့တောင်မရဘူး။ဆံပင်လေးတချောင်းညိရင်တောင်
ဉီးရေပြားကအရမ်းကျိန်းစပ် နာပြီးကိုက်တာ တဆစ်ဆစ်ဘဲ အဲ့ဘက်ခြမ်းကနားကို နားကပ်ဝတ်ရင်တောင် တအားနာတာ၊ သဇင့်ညမလေးလဲဖြစ်တယ်၊ သေချာတာတော့ခေါင်းလျှော်ပြီး နောက်ရက်စဖြစ်တာဘဲ
အာရုံကြောအားဆေးလေးနေ့တိုင်းသောက်ပြီး ခေါင်းလျှော်တဲ့နေ့ဆို အဲကွန်းလေ တိုက်ရိုက်ခံတာကို ရှောင်လိုက်တယ်။သဇင်ဖြစ်တာ ခေါင်းဘယ်ဘက်ခြမ်းနားအနောက် ၃ပတ်အကြာ သူ့အလိုလိုတော့ပျောက်သွားတယ်၊မိန်းခလေးတွေအဖြစ်များတယ်ပြောလို့
ဂရုစိုက်ကြနော် ” ဆိုပြီးရေးသားဖော်ပြထားပါတယ်။အမျိုးသမီးတွေတော်တော်များများအဖြစ်များတာဖြစ်တဲ့အတွက် အားလုံးပဲသတိထားလို့ရအောင် ဒီသတင်းလေးကို ပရိတ်သတ်ကြီးအတွက် တစ်ဆင့်ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply