ခင်ရတနာစိုး ကတော့ အဆိုပြိုင်ပွဲကနေ တဆင့် အမိုက်စားအသံပါဝါနဲ့အတူ ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကို အခိုင်အမာ ရရှိလာတဲ့အဆိုတော်ကောင်း တစ်ယောက်ပဲ ဖြစ်ပါတယ်နော်။ ခင်ရတနာစိုးဟာ ဆိုရင်
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ခေတ်ပေါ်သီချင်းများကို သာမက မြန်မာသီချင်းကြီးများကိုပင် ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင်နဲ့ ပရိသတ်နှစ်ခြိုက် သဘောကျစေနိုင်တဲ့အထိ ငယ်ငယ်ရွယ်ရွယ်နဲ့ သီဆို ဖျော်ဖြေနိုင်တဲ့ သူဖြစ်တာမို့ ပရိသတ်ကြီးရဲ့ ဝန်းရံ အားပေးချစ်ခင်မှုကို
တခဲနက်ဆိုသလို ရရှိကာ ဂီတလောကမှာ နေရာတစ်နေရာ ရရှိကာလာသော အဆိုတော်တစ်ဉီးဖြစ်ပြီး သူမဟာ အိမ်ထောင်ရှိပေမယ့်လည်း သူမရဲ့မိခင်ကို အရမ်းကို တန်ဖိုးထားပြီး လုပ်ကျွေးနေသော သမီးလိမ္မာလေး တစ်ဉီးလည်း ဖြစ်ပါတယ်နော်။
ခင်ရတနာစိုးက လွန်ခဲ့သော နှစ်ပိုင်းက သူမရရှိသော အနုပညာကြေးလေးတွေကို အမေဖြစ်သူအား လိုအပ်တာတွေ ဖြည့်ဆည်းပေးပြီးနောက် သူမရဲ့ဘဝမှာ သူမရဲ့အမည်ပေါက်နဲ့ တစ်ခုတည်းသော ပိုင်ဆိုင်မှုဖြစ်လာမယ့် မြေကွက်လေး တစ်ကွက်ကို ဝယ်ခဲ့ပါတယ်။
ဒီမြေကွက်လေး ဝယ်ယူထားတဲ့ အကြောင်းကိုလည်း ပရိသတ်ကြီးအား ထိုစဉ်က သူမရဲ့နာမည်လေးနဲ့ ပထမဉီးဆုံးအနေနဲ့ မြေကွက်လေးတစ်ကွက်အား ပိုင်ဆိုင်ခွင့်ရခဲ့ပြီမို့ အားပေးကြသော ပရိသတ်တွေကို ကျေးဇူးအထူးတင်ကြောင်းနှင့် ဒီသူမအမည်နဲ့
ပိုင်ဆိုင်ခွင့်ရလာသော မြေကွက်လေးကို အရမ်းတန်ဖိုးထားပြီး ပျော်ရွှင်နေမိကြောင်းတို့ကို ထုတ်ဖော်ပြောကြား ခဲ့ပါသေးတယ်နော်။ သို့ပေမယ့် အခုတစ်ခါမှာဆိုရင်တော့ အဆိုတော်ခင်ရတနာစိုးက မိခင်ဖြစ်သူ ကျန်းမာရေးအတွက်
သူမတန်ဖိုးထားရတဲ့ မြေကွက်လေးကို ရောင်းချတော့မှာ ဖြစ်ကြောင်းကိုအခုလို ပြောပြထားပါတယ်နော်။ အဆိုတော် ခင်ရတနာစိုးက “မေမေခွဲစိတ်ဖို့ မဖြစ်မနေ လိုတဲ့အတွက်ကြောင့် ခင် တန်ဖိုးထားရတဲ့ ခြံလေးကို ရောင်းပါတော့မယ်ရှင်”ဆိုပြီး
ရေးသားဖော်ပြ လာတာပဲ ဖြစ်ပါတယ်နော်။ပရိသတ်ကြီးရေ ဒီမြေကွက်လေးဟာ သူမအနေနဲ့ အလွန်တန်ဖိုးထားရသော တစ်ခုတည်းသော အမည်ပေါက် ပိုင်ဆိုင်မှု ဖြစ်ပေမယ့်လည်း သူမဘဝရဲ့ ဘယ်အရာနဲ့မှ နှိုင်းယှဉ်လို့အမရအောင်တန်ဖိုးထားရသော
မိခင်ကြီးဖြစ်သူရဲ့ ကျန်းမာရေးအတွက် မြေကွက်လေးကို ရောင်းချဖို့ စီစဉ်လာတာပဲ ဖြစ်တာမို့ မိခင်အပေါ် သိတတ်လိမ္မာလွန်းတဲ့ ခင်ရတနာစိုးရဲ့စိတ်ဓာတ်နဲ့ လုပ်ရပ်လေးကတော့ တကယ့်ကို လေးစားချီးကျူးဖွယ်ရာ ပါပဲနော် ပရိသတ်ကြီး။
အခုလို မိဘအပေါ် သိတတ်သော အကျိုးကျေးဇူးကြောင့် အဆိုတော်ခင်ရတနာစိုး တစ်ယောက် ယခုထက်ပိုပြီး အောင်မြင်ကာ မိခင်ကြီးအား လိုလေသေးမရှိ ထားနိုင် စောင့်ရှောက်နိုင်သူ ဖြစ်ကာ ကိုယ်ပိုင်အမည်ပေါက်နဲ့ အိမ်ခြံမြေများလည်း ပိုင်ဆိုင်နိုင်ပြီး
ခင်ရတနာစိုးရဲ့မိခင်ဖြစ်သူလည်း ခွဲစိတ်ကုသမှု အောင်မြင်ကာ ကျန်းမာလန်းဖြာကာ သမီးဖြစ်သူနဲ့ စိတ်ချမ်းသာစွာ နှစ်များစွာ ဖြတ်သန်းနိုင်ပါစေကြောင်း စေတနာမေတ္တာလောင်း၍ ဆုတောင်းမေတ္တာများ ပို့သပေးလိုက် ရပါသည်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply