ယနေ့မှာ အသက်၄၀ ပြည့်သွားပြီဖြစ်တဲ့ မင်းသမီးချော သက်မွန်မြင့်၏ ငယ်ဘဝ‌နောက်ကြောင်း

ဇူလိုင်လ (၂၃) ရက် နေ့မှာဆိုရင် ပရိသတ်တွေက ချစ်စနိုးနဲ့ ချစ်သက်လို့ ခေါ်ကြတဲ့ အကယ်ဒမီ သက်မွန်မြင့်ရဲ့ မွေးနေ့ရက်မြတ် မင်္ဂလာနေ့လေးပါနော်။ ဗီစီဒီခေတ် ဗီဒီယိုခေတ်ထဲက စကားဝဲဝဲနဲ့ ချစ်စရာကောင်း လွန်းလှတဲ့

(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)

မင်းသမီးလေး တစ်လက်ဟာ ပရိသတ်တွေရဲ့ ရင်ထဲကို တစ်စတစ်စနဲ့ တိုးဝှေ့ဝင်ရောက်လို့ လာခဲ့ပါတယ်။ သူမကတော့ ချင်းတိုင်းရင်းသူလေး ဖြစ်တဲ့ မင်းသမီးချောလေး သက်မွန်မြင့်ပဲ ဖြစ်ပါတယ်နော်။

သက်မွန်မြင့်ကို ၁၉၈၂ခုနှစ် ဇူလိုင်လ ၂၃ရက်နေ့မှာ ဖခင်ဖြစ်သူ ဉီးမြင့်ဉီးနှင့် မိခင်ဖြစ်သူ ဒေါ်မြိုင်တို့မှ ချင်းပြည်နယ် ဖလမ်းမြို့တွင် မွေးဖွားသန့်စင်ခဲ့ပြီး သက်မွန်မြင့်ရဲ့ အမည်ရင်းကတော့ ဇုန်ကျဲရ်မွေး ဖြစ်ပြီး ပညာအရည်အချင်းမှာ

ဘီအေဘွဲ့ရ ဖြစ်ပါတယ်နော်။ ၂၀၀၀-ပြည့်နှစ်တွင် မော်ဒယ်လ်သင်တန်း တက်ရာကနေ တိုင်ပင်ဖော် စီးရီးရိုက်ကူးလိုက်ရာ နာမည်ရလာသူ ဖြစ်သည်။ ကြော်ငြာသရုပ်ဆောင်လုပ်ရင်း ရုပ်ရှင်လောကထဲသို့ ရောက်ရှိလာသူ ဖြစ်တဲ့ မင်းသမီးချော သက်မွန်မြင့် ကတော့

ပီပြင်ပြောင်မြောက်တဲ့ သရုပ်ဆောင် ချက်တွေနဲ့ ကျရာဇာတ်ရုပ်တိုင်းကို အံဝင်ဂွင်ကျ ဖြစ်အောင် သရုပ်ဆောင်နိုင်ခဲ့တဲ့ အတွက် အကယ်ဒမီထူးချွန်ဆုကြီး ၂ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တဲ့ အပြင် ပရိတ်သတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကိုလည်း

အပြည့်အဝရ ရှိထားသူလည်း ဖြစ်ပါ တယ်နော်။ပရိသတ်တွေက ချစ်စနိုးနဲ့ ချစ်သက်လို့ခေါ်တဲ့ သက်မွန်မြင့်ဟာ လက်ရှိမှာတော့ ကျန်းမာရေးနဲ့ အခြေအနေအမျိုးမျိုးကြောင့် အနုပညာအလုပ်တွေ ရပ်နားထားတာဖြစ်ပြီး မိသားစုလေးကို

အချိန်ပေး ဂရုစိုက်နေတာ ဖြစ်ပါတယ်။ ဒီကနေ့ ဇူလိုင်လ (၂၃) ရက် နေ့မှာဆိုရင် ချစ်သက်က ထိပ်စီးပြောင်းသွားပြီး အသက် တစ်နှစ်ကြီးသွားပြီပဲ ဖြစ်ပါတယ်။ ချစ်သက်ဟာ ဒီနှစ်လေးမှာ အသက် ၄၀ ပြည့်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။

ချစ်သက်လေးရဲ့မွေးနေ့မှစပြီး နောင်နှစ်တစ်ရာတိုင် ချစ်တဲ့မိသားစု ချစ်တဲ့ ပရိတ်သတ်တွေနဲ့အတူ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးရင်း သက်မွန်မြင့်ရဲ့ ငယ်ဘဝအကြောင်း

မွေးနေ့အမှတ်တရ အနေနဲ့ ဖော်ပြပေး လိုက်ပါတယ်နော်။ သက်မွန်မြင့်ဟာ အခြေခံပညာကျောင်းသူဘဝက ဂျပန်နိုင်ငံ၊ ဖူကူအိုကာမြို့တွင် နှစ်စဉ်ကျင်းပ ပြုလုပ်သည့် အာရှပစိဖိတ်ဒေသ ကလေးသူငယ်များ တွေ့ဆုံပွဲသို့ ချင်းပြည်နယ် ကိုယ်စားပြု တက်ရောက်ခဲ့သည်။

အနုပညာလောကအတွင်းသို့ မော်ဒယ်အဖြစ်ဖြင့် ဝင်ရောက်ခဲ့သည်။ ထို့နောက် သူ့ကို ပရိသတ်များက သတိပြုမိလာသည်။ သူမဟာ ချင်းနှင့် ဗမာစပ်ဖြစ်ပြီး သူမ၏ ချင်းနာမည်မှာ ဇုံကျဲရ်မွေး (Zung Cer Mawi) ဖြစ်သည်။ ထို့ကြောင့် သူမသည် မြန်မာစကားပြောရာတွင်

ချင်းသံပါနေခဲ့ပြီး အနုပညာသား အချင်းချင်း ပြောဆိုဆက်ဆံရာတွင် အခက်အခဲများရှိခဲ့သည်။ သို့သော်လည်း ယခုအခါ ထိုပြဿနာများ မရှိတော့ပေ။ သူမ သည် ဇာတ်ကား ၁၀၀ကျော် ရိုက်ကူးပြီး ဖြစ်သည်။ သူမသည် VCD သီချင်းများ စွာတွင်

ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဖေဖော်ဝါရီမှတ်တမ်း၊ မမေးပါနဲ့ စသည့်သီချင်းများသည် သူမကို ပရိသတ်၏ ချစ်ခင်အားပေးမှုရစေခဲ့သော သီချင်းများဖြစ်သည်။ ၂၀၁၀ မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ပေးပွဲ၌ အကောင်းဆုံး အမျိုးသမီးထူးချွန်ဆုကိုရရှိခဲ့ရာတွင်

ပြေတီဉီးနှင့်အတူ သရုပ်ဆောင်ပါဝင်ခဲ့သော အာဒမ်ရယ် ဧဝရယ် ဒဿရယ် ဇာတ်ကားဖြင့်ဖြစ်သည်။ပြေတီဉီးမှာလည်း ထိုကားဖြင့်ပင် အကောင်းဆုံး မင်းသားဆုရရှိခဲ့သည်။ ထို့နောက် ၂၀၁၇ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်သော

၂၀၁၆ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားတွင် သက်မွန်မြင့်သည် ချစ်လှစွာသော အမုန်း ရုပ်ရှင်ဇာတ်ကားဖြင့် ဒုတိယမြောက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုအမျိုးသမီး ဇာတ်ဆောင်ဆုကို ထပ်မံ ရရှိခဲ့ကာ ထပ်ဆင့်အကယ်ဒမီဆုရှင်

မင်းသမီးတစ်လက် ဖြစ်လာခဲ့ပါတယ်။ ပြည်သူ့အချစ်တော် မင်းသမီးသက်မွန်မြင့်ဟာ ၂၀၁၄ခုနှစ်မှာ စီးပွားရေးလုပ်ငန်းရှင် ကိုစစ်နိုင်နဲ့အိမ်ထောင်ပြုခဲ့ပြီး ယခုအခါမှာတော့ သားတစ်ယောက် သမီးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး မိသားစုဘဝကို အကောင်းမွန်ဆုံး တည်ဆောက်ထားနိုင်တာကို တွေ့ရပါတယ်။ ခရက်ဒစ်

Zawgyi code ဖြင့် ဖတ်ရန်

ဇူလိုင္လ (၂၃) ရက္ ေန႕မွာဆိုရင္ ပရိသတ္ေတြက ခ်စ္စနိုးနဲ႕ ခ်စ္သက္လို႔ ေခၚၾကတဲ့ အကယ္ဒမီ သက္မြန္ျမင့္ရဲ႕ ေမြးေန႕ရက္ျမတ္ မဂၤလာေန႕ေလးပါေနာ္။ ဗီစီဒီေခတ္ ဗီဒီယိုေခတ္ထဲက စကားဝဲဝဲနဲ႕ ခ်စ္စရာေကာင္း လြန္းလွတဲ့

မင္းသမီးေလး တစ္လက္ဟာ ပရိသတ္ေတြရဲ႕ ရင္ထဲကို တစ္စတစ္စနဲ႕ တိုးေဝွ႕ဝင္ေရာက္လို႔ လာခဲ့ပါတယ္။ သူမကေတာ့ ခ်င္းတိုင္းရင္းသူေလး ျဖစ္တဲ့ မင္းသမီးေခ်ာေလး သက္မြန္ျမင့္ပဲ ျဖစ္ပါတယ္ေနာ္။

သက္မြန္ျမင့္ကို ၁၉၈၂ခုႏွစ္ ဇူလိုင္လ ၂၃ရက္ေန႕မွာ ဖခင္ျဖစ္သူ ဉီးျမင့္ဉီးႏွင့္ မိခင္ျဖစ္သူ ေဒၚၿမိဳင္တို႔မွ ခ်င္းျပည္နယ္ ဖလမ္းၿမိဳ႕တြင္ ေမြးဖြားသန႔္စင္ခဲ့ၿပီး သက္မြန္ျမင့္ရဲ႕ အမည္ရင္းကေတာ့ ဇုန္က်ဲရ္ေမြး ျဖစ္ၿပီး ပညာအရည္အခ်င္းမွာ

ဘီေအဘြဲ႕ရ ျဖစ္ပါတယ္ေနာ္။ ၂၀၀၀-ျပည့္ႏွစ္တြင္ ေမာ္ဒယ္လ္သင္တန္း တက္ရာကေန တိုင္ပင္ေဖာ္ စီးရီးရိုက္ကူးလိုက္ရာ နာမည္ရလာသူ ျဖစ္သည္။ ေၾကာ္ျငာသ႐ုပ္ေဆာင္လုပ္ရင္း ႐ုပ္ရွင္ေလာကထဲသို႔ ေရာက္ရွိလာသူ ျဖစ္တဲ့ မင္းသမီးေခ်ာ သက္မြန္ျမင့္ ကေတာ့

ပီျပင္ေျပာင္ေျမာက္တဲ့ သ႐ုပ္ေဆာင္ ခ်က္ေတြနဲ႕ က်ရာဇာတ္႐ုပ္တိုင္းကို အံဝင္ဂြင္က် ျဖစ္ေအာင္ သ႐ုပ္ေဆာင္နိုင္ခဲ့တဲ့ အတြက္ အကယ္ဒမီထူးခြၽန္ဆုႀကီး ၂ဆုကို ထိုက္ထိုက္တန္တန္ ရရွိခဲ့တဲ့ အျပင္ ပရိတ္သတ္ေတြရဲ႕ခ်စ္ျခင္းေမတၱာေတြကိုလည္း

အျပည့္အဝရ ရွိထားသူလည္း ျဖစ္ပါ တယ္ေနာ္။ပရိသတ္ေတြက ခ်စ္စနိုးနဲ႕ ခ်စ္သက္လို႔ေခၚတဲ့ သက္မြန္ျမင့္ဟာ လက္ရွိမွာေတာ့ က်န္းမာေရးနဲ႕ အေျခအေနအမ်ိဳးမ်ိဳးေၾကာင့္ အႏုပညာအလုပ္ေတြ ရပ္နားထားတာျဖစ္ၿပီး မိသားစုေလးကို

အခ်ိန္ေပး ဂ႐ုစိုက္ေနတာ ျဖစ္ပါတယ္။ ဒီကေန႕ ဇူလိုင္လ (၂၃) ရက္ ေန႕မွာဆိုရင္ ခ်စ္သက္က ထိပ္စီးေျပာင္းသြားၿပီး အသက္ တစ္ႏွစ္ႀကီးသြားၿပီပဲ ျဖစ္ပါတယ္။ ခ်စ္သက္ဟာ ဒီႏွစ္ေလးမွာ အသက္ ၄၀ ျပည့္သြားခဲ့ၿပီပဲ ျဖစ္ပါတယ္။

ခ်စ္သက္ေလးရဲ႕ေမြးေန႕မွစၿပီး ေနာင္ႏွစ္တစ္ရာတိုင္ ခ်စ္တဲ့မိသားစု ခ်စ္တဲ့ ပရိတ္သတ္ေတြနဲ႕အတူ က်န္းက်န္းမာမာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႕ျဖတ္သန္းနိုင္ပါေစလို႔ ဆုေတာင္းေပးရင္း သက္မြန္ျမင့္ရဲ႕ ငယ္ဘဝအေၾကာင္း

ေမြးေန႕အမွတ္တရ အေနနဲ႕ ေဖာ္ျပေပး လိုက္ပါတယ္ေနာ္။ သက္မြန္ျမင့္ဟာ အေျခခံပညာေက်ာင္းသူဘဝက ဂ်ပန္နိုင္ငံ၊ ဖူကူအိုကာၿမိဳ႕တြင္ ႏွစ္စဥ္က်င္းပ ျပဳလုပ္သည့္ အာရွပစိဖိတ္ေဒသ ကေလးသူငယ္မ်ား ေတြ႕ဆုံပြဲသို႔ ခ်င္းျပည္နယ္ ကိုယ္စားျပဳ တက္ေရာက္ခဲ့သည္။

အႏုပညာေလာကအတြင္းသို႔ ေမာ္ဒယ္အျဖစ္ျဖင့္ ဝင္ေရာက္ခဲ့သည္။ ထို႔ေနာက္ သူ႕ကို ပရိသတ္မ်ားက သတိျပဳမိလာသည္။ သူမဟာ ခ်င္းႏွင့္ ဗမာစပ္ျဖစ္ၿပီး သူမ၏ ခ်င္းနာမည္မွာ ဇုံက်ဲရ္ေမြး (Zung Cer Mawi) ျဖစ္သည္။ ထို႔ေၾကာင့္ သူမသည္ ျမန္မာစကားေျပာရာတြင္

ခ်င္းသံပါေနခဲ့ၿပီး အႏုပညာသား အခ်င္းခ်င္း ေျပာဆိုဆက္ဆံရာတြင္ အခက္အခဲမ်ားရွိခဲ့သည္။ သို႔ေသာ္လည္း ယခုအခါ ထိုျပႆနာမ်ား မရွိေတာ့ေပ။ သူမ သည္ ဇာတ္ကား ၁၀၀ေက်ာ္ ရိုက္ကူးၿပီး ျဖစ္သည္။ သူမသည္ VCD သီခ်င္းမ်ား စြာတြင္

ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး ေဖေဖာ္ဝါရီမွတ္တမ္း၊ မေမးပါနဲ႕ စသည့္သီခ်င္းမ်ားသည္ သူမကို ပရိသတ္၏ ခ်စ္ခင္အားေပးမႈရေစခဲ့ေသာ သီခ်င္းမ်ားျဖစ္သည္။ ၂၀၁၀ ျမန္မာ့႐ုပ္ရွင္ ထူးခြၽန္ဆု ေပးပြဲ၌ အေကာင္းဆုံး အမ်ိဳးသမီးထူးခြၽန္ဆုကိုရရွိခဲ့ရာတြင္

ေျပတီဉီးႏွင့္အတူ သ႐ုပ္ေဆာင္ပါဝင္ခဲ့ေသာ အာဒမ္ရယ္ ဧဝရယ္ ဒႆရယ္ ဇာတ္ကားျဖင့္ျဖစ္သည္။ေျပတီဉီးမွာလည္း ထိုကားျဖင့္ပင္ အေကာင္းဆုံး မင္းသားဆုရရွိခဲ့သည္။ ထို႔ေနာက္ ၂၀၁၇ ခုႏွစ္၊ မတ္လ ၁၈ ရက္ေန႕တြင္ က်င္းပျပဳလုပ္ေသာ

၂၀၁၆ ခုႏွစ္အတြက္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆု ေပးအပ္ခ်ီးျမႇင့္ပြဲ အခမ္းအနားတြင္ သက္မြန္ျမင့္သည္ ခ်စ္လွစြာေသာ အမုန္း ႐ုပ္ရွင္ဇာတ္ကားျဖင့္ ဒုတိယေျမာက္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုအမ်ိဳးသမီး ဇာတ္ေဆာင္ဆုကို ထပ္မံ ရရွိခဲ့ကာ ထပ္ဆင့္အကယ္ဒမီဆုရွင္

မင္းသမီးတစ္လက္ ျဖစ္လာခဲ့ပါတယ္။ ျပည္သူ႕အခ်စ္ေတာ္ မင္းသမီးသက္မြန္ျမင့္ဟာ ၂၀၁၄ခုႏွစ္မွာ စီးပြားေရးလုပ္ငန္းရွင္ ကိုစစ္နိုင္နဲ႕အိမ္ေထာင္ျပဳခဲ့ၿပီး ယခုအခါမွာေတာ့ သားတစ္ေယာက္ သမီးတစ္ေယာက္ကို ပိုင္ဆိုင္ထားၿပီး မိသားစုဘဝကို အေကာင္းမြန္ဆုံး တည္ေဆာက္ထားနိုင္တာကို ေတြ႕ရပါတယ္။ ခရက္ဒစ္

Be the first to comment

Leave a Reply

Your email address will not be published.


*