မြန်မာဇာတ်သဘင်လောကရဲ့ အောင်မြင်တဲ့လူရွှင်တော်အဖွဲ့အနေနဲ့ ရပ်တည်ထားနိုင်ခဲ့တဲ့ ဟားငါးကောင်အဖွဲ့ကိုတော့အားလုံးပဲ သိကြမှာပါပဲ။အမှန်တရားကို ချစ်မြတ်နိုးတဲ့ သူတို့အဖွဲ့ဟာ
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ရင်ဘတ်ချင်းတူတဲ့ ညီအစ်ကိုလိုချစ်ရတဲ့ အဖွဲ့ဝင်ငါးဦးနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဟားငါးကောင်အဖွဲ့ ဟာ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေကို အစောဆုံးရောက်ရှိခဲ့တဲ့အဖွဲ့ဖြစ်ပြီး လက်ရှိအချိန်မှာတော့
ပြည်သူတွေအားလုံးက ချစ်ခင်လေးစားရတဲ့ အဖွဲ့တစ်ခုပါ။ ဟားငါးကောင်အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးချင်းဆီဟာ တော်လှန်ရေးအတွက် နည်းမျိုးစုံနဲ့ ပါဝင်ဆောင်ရွက်နေကြတာပဲ ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ လူမှု့ကွန်ယက်ပေါ်မှတစ်ဆင့်
သွေးမအေးကြစေဖို့ ပြည်သူတွေကို အချိန်ရတိုင်း လှုံ့ဆော်နေပါသေးတယ်။ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ နေထိုင်ရပြီး တော်လှန်ရေးအတွက် ဘဝကိုပါပေးဆပ်ထားရပေမယ့် သူတို့အဖွဲ့ဟာ
တစ်ခါတရံ ပရိသတ်တွေကို ပျော်ရွှင်အောင် စနောက်တတ်ပါသေးတယ်။ လူရွှင်တော် ပိုးလေး ကတော့ မိသားစုကိုပါ လွတ်မြောက်နယ်မြေကို ရောက်ရှိအောင် ခေါ်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။လွတ်မြောက်နယ်မြေကို
၂ နှစ် ကျော်နီးပါး မိသားစုနဲ့ခွဲခွာနေခဲ့ရတဲ့ လူရွှင်တော် ပိုးလေး ဟာ ဒီကနေ့မှာပဲ မိန်းမနဲ့သားဖြစ်သူကို တောထဲကိုအန္တရယ်ကင်းကင်းနဲ့ ခေါ်လာနိုင်ခဲ့ပါပြီနော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply