ဒီအမျိုးသမီးလေးကြောင့် ရှိတာလေးနဲ့ လှအောင်နေထိုင်တတ်လာတယ်၊ အရေးကြုံလာရင်လည်း အမှန်တရားအတွက် မဆိုင်းမတွ ရှေ့မှာရပ်တည်ပေးခဲ့တဲ့ အစ်မ ဝင်းမင်းသန်း
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
အမေတစ်ခုသမီးတစ်ခု ဘဝနဲ့ မွေးမိခင်ကို သမ္မာအာဇီဝကျကျ ရိုးသားဖြောင့်မှန်စွာနဲ့ လုပ်ကျွေးပြုစုနေတဲ့ ဒီအမျိုးသမီး၊ Woman Empowerment ကို ရောက်တဲ့နေရာ ရတဲ့ကဏ္ဍကနေ
Speak Outလုပ်ပြီး မြန်မာအမျိုးသမီးထုရဲ့ ရှေ့ဆောင်လမ်းပြအဖြစ် အမြဲရှိပေးခဲ့တဲ့ ဒီအမျိုးသမီး မတူကွဲပြားတဲ့ဖြစ်တည်မှုအသီးသီးက LဂျီBတီ တွေ အပေါ် Conservative အဆန်ဆုံး ဝန်းကျင်ဖြစ်တဲ့ မြန်မာလူထုရဲ့
ခွဲခြားနှိမ်ချ ဆက်ဆံမှုတွေကိုလည်း ဆပ်ဆပ်ထိမခံ မိခင်တစ်ယောက်သဖွယ် ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးခဲ့တဲ့ ဒီအမျိုးသမီးခွဲစိတ်ပြုပြင်မှုတွေမပါပဲ မိမိအသားအရေ၊အသားအရောင်၊ရုပ်ရည် တို့ကို မိမိကိုယ်တိုင် သဘာဝအတိုင်း
ဂရုစိုက်နေထိုင်ပြီး မိမိဖြစ်တည်မှုတိုင်းကို တန်ဖိုးထားတတ်အောင် အမြဲသင်ပြခဲ့တဲ့ ဒီအမျိုးသမီး မြန်မာတွေအရိုးစွဲနေတဲ့ “ပိန်တယ်၊ဝတယ်၊မဲတယ်၊ဖြူတယ်၊ပုတယ်၊ရှည်တယ်၊နှဖူးပြောင်တယ်၊လက်မောင်းတုတ်တယ်၊အကြောပြတ်တယ်” စတဲ့
လူတစ်ယောက်ရဲ့ ပြုပြင်လို့မရတဲ့မွေးရာပါအသွင်အပြင်လက္ခဏာတွေကို ခွဲခြားလှောင်ပြောင်သရော်တဲ့ Body Shaming ကိုလည်း အမုန်းခံ တို က်ခိုက်တွန်းလှန်ပေးခဲ့တဲ့ ဒီအမျိုးသမီး အရေးကြုံလာတဲ့အခါမှာလည်း အမှန်တရားအတွက် မကြောက်မလန့် မဆိုင်းမတွ
ပရိသတ်ပြည်သူနဲ့ တစ် သားတည်း ရှေ့ဆုံးကနေ ရပ်တည်ပေးခဲ့တဲ့ ဒီအမျိုးသမီး ဒီလိုလေးစားဖွယ် မြန်မာအမျိုးသမီးတစ်ဦးဖြစ်တဲ့ “Beauty Blogger ဝင်းမင်းသန်း” ဟာ ပြည်သူအားလုံးရဲ့ အနာဂတ်အတွက် အမှန်တရားလမ်းမပေါ် ရဲရဲကြီးလျှောက်လှမ်းနေစဉ်
လမ်းခုလတ်မှာပဲ မတရားသဖြင့်ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံခဲ့ရပြီး လက်ရှိအချိန်မှာတော့ သူမအနစ်နာခံ အကျဉ်းစံနေရတဲ့ရက်ပေါင်းဟာ ဒီနေ့မှာဆို (၁)နှစ်နဲ့ (၁)လ တိတိ ပြည့်ခဲ့ပါပြီ။ ဒီအမျိုးသမီးကြောင့် မိမိအသားအရေကို တန်ဖိုးထားပြီး Skincare လုပ်တတ်လာကြတယ်။
ဒီအမျိုးသမီးကြောင့် ရှိတာနဲ့လှအောင် လိပ်ပြာသန့်သန့် ဘယ်လိုနေထိုင်ရမလဲဆိုတာ သိလာကြတယ်။ ဒီအမျိုးသမီးကြောင့် လူနေမှုအဆင့်အတန်းကအစ ဘယ်လိုနေရမယ် ဘယ်လိုမနေရဘူး စတဲ့
အသေးစိတ်လေးတွေကအစ နားလည်သဘောပေါက်လာကြတယ်။ ဒါဆိုရင် ထောင်ထဲမှာ အနစ်နာခံ နေပေးနေရှာတဲ့ သူမကို အမြဲ ကျေးဇူးတင် သတိရမနေသင့်ဘူးလား? ဒီအမျိုးသမီး အမြန်ဆုံးလွတ်မြောက်ဖို့အတွက် ရေ ပေါ်ဆီ life style ထဲ တိုးမဝင်ပဲ
တလရ အတွက် ကျွန် တော်တို့တစ်တွေ နေ့စဉ်တာဝန်ကျေပေးမနေသင့်ဘူးလား?ဒါ့အပြင် သူမဟာ ကျန်းမာရေးအခြေအနေအချို့ကြောင့် ထောင်တွင်းမှာပဲ ဆေးကုသမှု ပုံမှန်ခံယူနေရပြီး ဆေးပုံမှန်သောက်နေရတယ် လို့ သိထားရတာကြောင့် သူမရဲ့ကျန်းမာရေးအခြေအနေ
သက်သာကောင်းမွန်ပြီး ပြန်လည်ကျန်းမာလာစေဖို့အတွက်ကိုလည်း ကျွန်တော်တို့တစ်တွေ မမေ့မလျော့ အထူးဆုတောင်းပေးကြဖို့လိုပါတယ် “လူမုန်းများပါစေ မှန်တဲ့ဘက်ကပဲရပ်တည်မယ် ကိုယ်မှန်တယ်ဆိုရင် တစ်ကမ္ဘာလုံးနဲ့ တစ်ယောက်ဖြစ်နေပါစေ ရင်ဆိုင်ရဲတယ်” ဆိုတဲ့
အာဂအမျိုးသမီး Beauty Blogger ဝင်းမင်းသန်း ရဲ့ ထောင်တွင်းအကျဉ်းရက် ၁နှစ်နဲ့၁လပြည့်မှာ သူမကို လွမ်းဆွတ်တမ်းတ သတိရခြင်း များစွာဖြင့် ဒီပိုစ့်လေးကို တင်ပေးလိုက်ပါတယ်” ပြည်သူအချစ်တော် ပြည်သူ့Blogger မဝင်းမင်းသန်းတစ်ယောက် ဘေးကင်းကျန်းမာစွာနဲ့ ခလုတ်မထိဆူးမငြိပဲ အမြန်ဆုံး ပြန်လည် လွတ်မြောက်ခွင့်ရစေဖို့ အစဉ်ဆုတောင်းလျက်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply