မြန်မာ့အသံနှင့် မြဝတီရုပ်သံလိုင်းများသာကြည့်ရှူ့ရန် လော်စပီကာနဲ့ လိုက်အော်နေတဲ့ ‌အကြမ်းဖက် စစ်ကောင်စီ

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်မှာ အာဏာသိမ်းစစ်အုပ်စုကို ဝါဒဖြန့်ပေးနေတဲ့ မြန်မာ့အသံနဲ့ မြဝတီ ရုပ်သံ လိုင်းတွေကို ဒေသခံတွေကြည့်ရှု့ဖို့ စစ်အုပ်စုဩဇာခံဝန်ထမ်းတွေက

(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)

အသံချဲ့စက်နဲ့လိုက်အော်နေတယ်လို့ သိရပါတယ်။စစ်ကောင်စီကခန့်ထားတဲ့ ကဿဝင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းဌေးနဲ့ မှုခင်းသတင်းထောက် သန်းညွန့်ဆိုသူတို့ပေါင်းပြီး ကျေးရွာထဲမှာ

စစ်အုပ်စုကို ဝါဒဖြန့်ပေးနေတဲ့ မြန်မာ့အသံနဲ့ မြဝတီ ရုပ်သံလိုင်း ကြည့်ဖို့အတွက် လိုက်အော်နေတာလို့ ဒေသခံတွေက ပြောပါတယ်။“ ကဿဝင်ကျေးရွာအုပ်စုထဲမှာ ကျေးရွာပေါင်း ၂၀ ရှိတယ် အကုန်လုံးကို လိုက်အောက်နေတာ

အဲ့ ဝါဒဖြန့်ပေးနေတဲ့ မြန်မာ့အသံနဲ့ မြဝတီ ရုပ်သံလိုင်းကို ကြည့်ဖိုဆိုပြီး အော်နေတာ”လို့ ဒေသခံတဦးက ပြောပါတယ်။ စစ်အုပ်စုအတွက် ဝါဒဖြန့်ပေးနေတဲ့ မြန်မာ့အသံနဲ့ မြဝတီ ရုပ်သံလိုင်းကို မကြည့်ဘဲ အခြားရုပ်သံလိုင်းတွေကို ကြည့်နေတာမိရင်

ထိရောက်စွာအရေးယူမယ်ဆိုပြီး အသံချဲ့စက်နဲ့အောက်ကာ ခြိမ်းခြောက်တာတွေလည်း ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ ပန်းတနော်မြို့နယ်အတွင်းက ကျေးရွာအုပ်စုတွေမှာ စစ်ကောင်စီကခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးအများစုက

ပြည်သူတွေကို နည်းလမ်းအမျိုးမျိုးနဲ့ အနိုင်ကျင့်ဗိုလ်ကျမှုများပြုလုပ်နေပြီး တဖက်တွင်းလည်း လောင်းကစား ဝိုင်းတွေက ပိုက်ဆံယူကာ ခွင့်ပြုပေးကာ ဝင်ငွေရှာနေသူများဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ခရက်ဒစ်

Zawgyi code ဖြင့် ဖတ်ရန်

ဧရာဝတီတိုင္း၊ ပန္းတေနာ္ၿမိဳ႕နယ္မွာ အာဏာသိမ္းစစ္အုပ္စုကို ဝါဒျဖန႔္ေပးေနတဲ့ ျမန္မာ့အသံနဲ႕ ျမဝတီ ႐ုပ္သံ လိုင္းေတြကို ေဒသခံေတြၾကည့္ရႈ႕ဖို႔ စစ္အုပ္စုဩဇာခံဝန္ထမ္းေတြက

အသံခ်ဲ့စက္နဲ႕လိုက္ေအာ္ေနတယ္လို႔ သိရပါတယ္။စစ္ေကာင္စီကခန႔္ထားတဲ့ ကႆဝင္ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉး ဦးသန္းေဌးနဲ႕ မႈခင္းသတင္းေထာက္ သန္းၫြန႔္ဆိုသူတို႔ေပါင္းၿပီး ေက်း႐ြာထဲမွာ

စစ္အုပ္စုကို ဝါဒျဖန႔္ေပးေနတဲ့ ျမန္မာ့အသံနဲ႕ ျမဝတီ ႐ုပ္သံလိုင္း ၾကည့္ဖို႔အတြက္ လိုက္ေအာ္ေနတာလို႔ ေဒသခံေတြက ေျပာပါတယ္။“ ကႆဝင္ေက်း႐ြာအုပ္စုထဲမွာ ေက်း႐ြာေပါင္း ၂၀ ရွိတယ္ အကုန္လုံးကို လိုက္ေအာက္ေနတာ

အဲ့ ဝါဒျဖန႔္ေပးေနတဲ့ ျမန္မာ့အသံနဲ႕ ျမဝတီ ႐ုပ္သံလိုင္းကို ၾကည့္ဖိုဆိုၿပီး ေအာ္ေနတာ”လို႔ ေဒသခံတဦးက ေျပာပါတယ္။ စစ္အုပ္စုအတြက္ ဝါဒျဖန႔္ေပးေနတဲ့ ျမန္မာ့အသံနဲ႕ ျမဝတီ ႐ုပ္သံလိုင္းကို မၾကည့္ဘဲ အျခား႐ုပ္သံလိုင္းေတြကို ၾကည့္ေနတာမိရင္

ထိေရာက္စြာအေရးယူမယ္ဆိုၿပီး အသံခ်ဲ့စက္နဲ႕ေအာက္ကာ ၿခိမ္းေျခာက္တာေတြလည္း ျပဳလုပ္ေနတယ္လို႔ ဆိုပါတယ္။ ပန္းတေနာ္ၿမိဳ႕နယ္အတြင္းက ေက်း႐ြာအုပ္စုေတြမွာ စစ္ေကာင္စီကခန႔္ထားတဲ့ အုပ္ခ်ဳပ္ေရးမႉးအမ်ားစုက

ျပည္သူေတြကို နည္းလမ္းအမ်ိဳးမ်ိဳးနဲ႕ အနိုင္က်င့္ဗိုလ္က်မႈမ်ားျပဳလုပ္ေနၿပီး တဖက္တြင္းလည္း ေလာင္းကစား ဝိုင္းေတြက ပိုက္ဆံယူကာ ခြင့္ျပဳေပးကာ ဝင္ေငြရွာေနသူမ်ားျဖစ္တယ္လို႔ ေဒသခံေတြထံက သိရပါတယ္။ ခရက္ဒစ္

Be the first to comment

Leave a Reply

Your email address will not be published.


*