CNG Gas ပြတ်လပ်နေမှုများကြောင့် ယနေ့တွင် CNG ဆိုင်များ၌ ကားများ ကားတန်းရှည်ဖြင့် ဆီရရှိရန် စောင့်ဆိုင်းနေကြရပါတယ် ယာဉ်လုပ်သားတွေရဲ့ ပြောပြချက်အရ
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ယနေ့ ဇူလိုင် ၂၂ ရက်တွင် CNG ဂတ်စ်ပြတ်လပ်မှုများကြောင့် CNG ဆိုင်များတွင် ကားများဆီရရှိရန် အချိန်ကြာမြင့်စွာ ကားတန်းရှည်ဖြင့် စောင့်ဆိုင်းနေရတယ်လို့
ယာဉ်လုပ်သားတွေထံကနေ သိရပါတယ်။ ဂတ်စ်တွေပြတ်နေတယ်ပြောပါတယ် ကားတွေအကုန်လုံးက CNG ဆိုင်မှာပါပဲ၊ ဒီနေ့ တစ်နေကုန်ပဲစောင့်နေရတယ် ဂတ်စ်ရဖို့
ကားလေးရော ကားကြီးရော စောင့်နေရတယ် ဒီညက ညနက်အထိ လိုင်းကားတွေထွက်နိုင်ဖို့ သိပ်မကျိန်းသေပါဘူး ဆီက ရ၊မရ မပြောတတ်သေးပါဘူး။ ကားတွေကတော့ တန်းစီနေရတယ်
အခုထိပါပဲ လို့ ယာဉ်လုပ်သားတစ်ဦးက ပြောပြခဲ့ပါတယ်။ ဒီကနေ့ ညနေပိုင်းအချိန်တွင်လည်း ဒဂုံဆိပ်ကမ်းမြို့နယ်၊ သိမ်ကျောင်းလမ်းဆုံရှိ CNG ဂတ်စ်ဆိုင်တွင် ဂတ်စ်ရရှိရန်
တန်းစီစောင့်ဆိုင်းနေတဲ့ ယာဉ်တန်းတွေရဲ့ မြေပြင် အခြေအနေကိုလည်း ယခုလို တွေ့ မြင်ခဲ့ရတာဖြစ်ပါတယ်။ မည်သည့် အတွက်ကြောင့် CNG ဆိုင်များတွင် ယခုလို ဂတ်စ်များ ပြတ်လပ်နေသည်ကိုတော့ တိတိကျကျ သိရှိရခြင်းမရှိသေးပါဘူး။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply