
မိတ်ဆွေတို့ရေ မင်းသားချော စိုပြေမြင့်ကတော့ အမ်အာတီဗွီ4 ရုပ်သံဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားခဲ့တဲ့ သရုပ်ဆောင်တစ်ဦးပဲဖြစ်ပါတယ်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
စိုပြေမြင့်ကတော့ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ သူလည်းဖြစ်ပါတယ်။ သူက မကြာခင်အချိန်မှာ ပရိသတ်ရှေ့ကို “ကိုကိုဘွား”အဖြစ်နဲ့ ထပ်မံရောက်ရှိလာဦးမှာဖြစ်ကြောင်း ဒီနေ့မှာ
သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။ “ဒီဟာသကားလေးကြည့်ချင်လို့စောင့်နေတာကြာခဲ့ပြီလွန်ခဲ့သော ၂နှစ်ကျော်လောက်က ဒါရိုက်တာဆရာသီကိုယ်တိုင်ရိုက်ခဲ့တဲ့ ဇာတ်လမ်းတွဲလေး
ခုလ ၃၁ မှစပြီး အပတ်စဉ် စနေ တနင်္ဂနွေ ည၈နာရီရောက်တိုင်း MRTV -4 မှာ တူတူရယ်ကြမယ်ဗျာ အရမ်းရယ်ရတယ်နော် မညာဘူး။” ဆိုတဲ့ captionလေးနဲ့ ဇာတ်လမ်းတွဲလေးစတင်ပြသမယ့်ရက်ကို ချပြလာတာပဲဖြစ်ပါတယ်။
သူပါဝင်ထားတဲ့ “သပွတ်အိမ်” ဇာတ်ကားလေးကို စောင့်မျှော်အားပေးကြဖို့ ပရိသတ်တွေကို တောင်းဆိုထားခဲ့ပါသေးတယ်။ မိတ်ဆွေတို့ရေ ကိုကိုဘွားကို အားပေးဖို့ အဆင်သင့်ပဲမလား။ လေးစားစွာဖြင့် ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply