
မိတ်ဆွေတို့ရေ နန်းစန္ဒာလှထွန်းဆိုတဲ့ MRTV 4 မင်းသမီးလေးကို အားလုံးပဲသိကြလိမ့်မယ်လို့ထင်ပါတယ်။ သူမရဲ့ ချစ်စရာကောင်းတဲ့ပုံစံလေးနဲ့ ရိုးရိုးအေးအေး မျက်နှာပေးလေးကြောင့် လူတိုင်းက ချစ်ခင်အားပေးခဲ့ကြတာပါ။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ဇာတ်လမ်းတိုင်းမှာ ရိုးရိုးအေးအေး မိန်းမသားလေး ဘဝနဲ့ အများဆုံးသရုပ်ဆောင်တာများသလို အခုနောက်ပိုင်းမှာလည်း သူ့ကားလေးတွေ အများကြီး ပြလာတာမလို့ ပရိတ်သတ်တွေနဲ့ ရင်းနှီးမှုပိုရနေပါပြီ။
သူ့ရဲ့ အပေါက်ဆုံးနဲ့လူကြိုက်အများဆုံး ဇာတ်လမ်းတွဲလေးဆိုရင် “အရိပ်” “ကျွန်တော်အမုန်းဆုံးကျွန်တော်”နဲ့ လက်ရှိပြနေတဲ့ ဒေါင်းယာဉ်ပျံဘုံနဘေး စာရေးလို့ထားချင်တယ်”တို့ပဲဖြစ်ပါတယ်။ သူမ ပါဝင်သရုပ်ဆောင်ထားတဲ့
”ဒေါင်းယာဉ်ပျံဘုံနံဘေးမှာစာရေးလို့ထားချင်တယ်” ဆိုတဲ့ဇာတ်လမ်းတွဲလေးက မနေ့ညကဇာတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ အခုလို ဇာတ်လမ်းတွဲလေး ဇာတ်သိမ်းသွားတဲ့အပေါ် သူမရဲ့ ခံစားချက်လေးကို
”ရင်ထဲ ကျန်ရစ်ခဲ့ပါစေလို့ဆုတောင်းရင်း အမှတ်တရလေးတွေနဲ့ အတူနူတ်ဆက်ခဲ့ပါတယ် ဒီနေ့ဇာတ်သိမ်းပိုင်းလေးကို အားလုံးသဘောကျရဲ့လား”ဆိုတဲ့စာလေးနဲ့အတူ အားလုံးကိုနူတ်ဆက်ခဲ့ပါတယ်
ဆက်ပြီးကြိုးစားသွားပါအုံးမယ်”လို့ဂတိပြုရင်း ဆိုကာနှုတ်ဆက်စကားဆိုခဲ့တာပါ။ မိတ်ဆွေတို့လည်း နန်းစန္ဒာလှထွန်းရဲ့သရုပ်ဆောင်ချက်တွေကို ကျေနပ်သဘောကျကြလိမ့်မယ်လို့ ထင်ပါတယ်နော်။ လေးစားစွာဖြင့် ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply