ပရိသတ်ကြီးရေ ဆက်ယွန်းတွယ်တာဟာ ဒေါင်းယာဉ်ပျံ ဘုံနံဘေးမှာ စာရေးလို့ ထားချင်တယ် ဇာတ်လမ်းထဲမှာ မြမိုးသူ ကာရိုက်တာအနေ နဲ့ ပါဝင်ထားပါတယ်။ ဒီကားလေးက အရင်ကလဲ (၃) ကြိမ်တိုင်တိုင် ရို က်ကူးခဲ့ ဖူးပြီး
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ရို က်ခဲ့တဲ့ အခါတိုင်းမှာ ပရိသတ်တွေ ရဲ့အားပေးမှုကို အပြည့်အဝ ရရှိခဲ့တာဖြစ်ပါတယ်။နှုတ်ခမ်းဖူးဖူးလေးနဲ့ အရမ်းကိုချစ်စရာကောင်းတဲ့ မင်းသမီးလေး ဆက်ယွန်းတွယ်တာကတော့ အနုပညာလောကမှာ
နာမည်ရစပြုနေပြီဖြစ်တဲ့ တက်သစ်စသရုပ်ဆောင်တစ်ယောက်ဆိုပေမယ့်လည်း ပီတဲ့သရုပ်ဆောင်မှုတွေကြောင့်ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိနေသူလေးတစ်ယောက်ဆိုလည်း မမှားပါဘူး။ ယခုပြသနေတဲ့
” ဒေါင်းယာဉ်ပျံဘုံနံဘေးမှာစာရေးလို့ထားချင်တယ်” ဇာတ်လမ်းထဲက မြမိုးသူ ကာရိုက်တာနဲ့ နာမည်ရတဲ့ ဆက်ယွန်းတွယ်တာဟာ ဒီကနေ့မှာတော့ သူမရဲ့ အမှတ်တရလေးတစ်ခုကို အခုလိုပဲ ပြောပြလာတာပဲဖြစ်ပါတယ်နော်။
ဆက်ယွန်းတွယ်တာက မြမိုးသူနဲ့ ဦးနိုင်လင်းတို့ရဲ့ ပတ်သက်မှုကို မိဘတွေသိသွားခဲ့တဲ့ ဇာတ်ဝင်ခန်းဇာတ်ပုံလေးကို ပြသရင်း “ဒီနေ့sceneကတကယ်ကိုအမှတ်တရsceneလေးပါစိတ်ရှည်စွာသင်ကြားပြသပေးတဲ့ဆရာသမားများအားလုံးကို
ဂါဝရပြုအပ်ပါတယ် အသစ်တယောက်ဖြစ်နေလို့လိုအပ်ချက်လေးတွေရှိခဲ့ရင်နားလည်ပေးကြပါနော်နောက်ကားတွေမှာအများကြီးပြင်ဆင်သွားပါမယ် ” ဆိုပြီး အမှတ်တရပြသလာပါတယ်။ ဆက်ယွန်းတွယ်တာကတော့မြမိုးသူဆိုတဲ့ကာရိုက်တာလေးနဲ့
ပွဲဦးထွက်မှာတင်အချစ်ရူးမိန်းကလေးရဲ့ ကာရိုက်တာကို အကောင်းဆုံးသရုပ်ဆောင်နိုင်တာပဲဖြစ်ပါတယ်။ပရိတ်သတ်ကြီးလည်း “ဒေါင်းယာဉ်ပျံဘုံနံဘေးမှာစာရေးလို့ထားချင်တယ်” ဇာတ်လမ်းလေးပီဆုံးသွားရင်လည်း မြမိုးသူလေးကိုတော့ မေ့မသွားပါလို့ မေတ္တာရပ်ခံလိုက်ပါတယ်နော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply