မိတ်ဆွေတို့ရေ မင်းသမီးချောလေး ဖွေးဖွေးကတော့ သူမရဲ့ထူးခြားတဲ့အိုက်တင်တွေနဲ့ ပရိသတ်တွေ အားလုံးရဲ့ချစ်ခင်အားပေးမှုတွေကို အပြည့်အ၀ သိမ်းပိုက်ရရှိထားသူလေး ဖြစ်ပါတယ်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
အကယ်ဒမီဆုတွေကိုလည်း ရရှိပိုင်ဆိုင်ထားတဲ့အထိအောင်မြင်နေတဲ့ သူမကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း အကောင်းဆုံး ပါဝင်သရုပ်ဆောင်ခဲ့ပြီး သူမရဲ့ ပီပြင်ပိုင်နိုင်လွန်းတဲ့သရုပ်ဆောင်ချက်တွေကြောင့်
ပရိတ်သတ်တွေရဲ့ ရင်ထဲ တဆင့်ချင်းထိုးဖောက်ဝင်ရောက်လာတာဖြစ်ပါတယ်။ ကြည်လင်ဝင်းပပြီး ကိုးရီးယားမင်းသမီးလေးလို ဖြူဖွေးအိညက်တဲ့ အသားအရည်၊ ချစ်စရာအမူအရာဟန်ပန်၊ သဘာဝကျကျပီပြင်တဲ့
သရုပ်ဆောင်ချက်တွေနဲ့ ပရိတ်သတ်တွေကို အချစ်ပိုစေခဲ့သူပါ။ ကျရာဇာတ်ကောင်ကို ပီပြင်အောင် ကြိုတင်ပြင်ဆင်မှုတွေနဲ့အတူ စိတ်ရောလူရောအားထည့်ကာ အမြဲ ကြိုတင်ပြင်ဆင်မှုတွေနဲ့အနုပညာဝမ်းစာကို
အပြည့်ဖြည့်တတ်သူဖြစ်ပြီး အနုပညာအလုပ်အပေါ် ဝါသနာကြီးသူတစ်ယောက်ဖြစ်တဲ့ဖွေးစိန်လေးကတော့ အခုချိန်မှာ အနုပညာအလုပ်တွေကိုရပ်နားထားပေမယ့် သူမနာမည်နဲ့ ကိုယ်တိုင်ထုတ်လုပ်ထားတဲ့
သူမရဲ့SYKO စပို့ရှပ်လေးတွေကိုပြန်လည်စတင်ရောင်းချတော့မှာဖြစ်ကြောင်း အသိပေးထားကာ ဝယ်ယူအားပေးတဲ့ customerတိုင်းအတွက် အထူးpromotionရှိကြောင်းနဲ့ Promotionက ဒီကနေ့ကနေစပြီး
သူမရဲ့ မွေးနေ့ ၉.၈. ၂၀၂၂ထိပဲဖြစ်ကြောင်း သူမရဲ့SYKO pageကနေပြီး အသိပေးကြေညာလာတာဖြစ်ပါတယ်။ သူမရဲ့SYKO စပို့ရှပ်လေးတွေကိုပြန်လည်စတင်ရောင်းချတော့မယ့်အကြောင်း SYKO Pageမှာ
“Buy 1 Get 1 free ဝယ်ကြပါ။ စိန်ပင် Promotionက ခုချက်ချင်းကနေ ဖွေးစိန်ရဲ့ မွေးနေ့ ၉.၈. ၂၀၂၂ထိပဲနေါ။ စိန်ပင် အဖြူ အမဲ ၂မျိုးလာပါတယ်။ Made in Myanmar ပါ။ Sizeက ပိစိလေးကနေ အကိတ်ဆုံးထိ ၄မျိုးရှိပါတယ်
ပေါင် ၉၀လောက်ကနေ ၂၀၀ အပေါ်ထိ ဝတ်လဲ မိုက်နေရောပါပဲ။ syko. BeYourself”ဆိုတဲ့ captonလေးနဲ့ အသိပေးကြေညာထားပါတယ်။ ဖွေးစိန်လေးကိုချစ်တဲ့ပရိသတ်တွေလည်းအားပေးဝန်းရံခဲ့ကြပါဦးနော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply