
မိတ်ဆွေတို့ရေ ကြော်ငြာမင်းသမီးလဲဖြစ် အကယ်ဒမီနှစ်ဆုရှင်လဲဖြစ်တဲ့ သရုပ်ဆောင် ထက်ထက်မိုးဦးကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် ဝါရင့် အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
မြန်မာနိုင်ငံရဲ့ ကြော်ငြာဘုရင်မလို့ တင်စားရလောက်အောင် ၁၉၉၀ခုနှစ်ကနေ ၂၀၀၀ပြည့်နှစ်ကြား တီဗွီကြော်ငြာတွေမှာ အောင်မြင်မှုအရှိန်အဝါ ကြီးမားခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပြိုင်စံရှားမင်းသမီးတစ်လက်ဖြစ်တဲ့
ထပ်ဆင့်အကယ်ဒမီ ထက်ထက်မိုးဦးက အလှူအတန်းတွေမှာ ရက်ရောစွာလှူဒါန်းတတ်တဲ့ သူမရဲ့ အကျင့်ကြောင့် ပရိသတ်တွေ အချစ်ပိုနေခဲ့ရတာဆိုရင်လည်း မမှားပါဘူးနော်။ အခုနောက်ပိုင်းမှာလည်း Live saleတွေ
ပြန်လည်ပြုလုပ်နေကာ ပရိသတ်တွေနဲ့ပြန်လည်ထိတွေ့လျက်ရှိနေတာပါ။ အလုပ်တွေ ကြိုးစားပမ်းစားလုပ်ကိုင်ရင်း ဒီနေ့မှာတော့ နေမကောင်းလို့ live saleတွေနားထားကြောင်း ပရိသတ်တွေကို အသိပေးလာတာဖြစ်ပါတယ်
ထက်ထက်မိုးဦးက သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်ကနေ ”နေမကောင်းလို့ live sale တွေနားလိုက်ပါပြီနော် အားလုံးကိုအရမ်းလွမ်းနေမယ်”ဆိုတဲ့captionလေးနဲ့ သူမရဲ့ကျန်းမာရေးအခြေအနေကို ပရိသတ်တွေကို
အသိပေးပြောပြလာခဲ့တာပါ။ မိတ်ဆွေတို့လည်း ထက်ထက်တစ်ယောက်အမြန်ဆုံး ကျန်းမာရေးတွေပြန်ကောင်းပြီး Livesaleလေးတွေပြန်လည်လုပ်ကိုင်နိုင်စေဖို့ဆုတောင်းပေးခဲ့ကြပါဦးနော်။ လေးစားစွာဖြင့် ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply