ကျန်းမာရေးအခြေအနေ ပြန်လည်သက်သာသွားပြီမို့ ကမ္ဘာလှည့်ဖျော်ဖြေမှုကို ပြန်လည်စတင်တော့မယ့် Justin Biber
မိတ်ဆွေတို့ရေ ကမ္ဘာကျော်အဆိုတော်တစ်ဦးဖြစ်တဲ့ ဂျက်စတင်ဘီဘာကိုတော့ မသိသူမရှိလောက်ပါဘူးနော်။ ဂျက်စတင်ဘီဘာက “Baby”တေးသီချင်းနဲ့ လူငယ်ပရိသတ်များအကြား ရေပန်းစားကျော်ကြားလာခဲ့သူဖြစ်ပြီး
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
လူငယ်ကြိုက်တေးသီချင်းများနဲ့ ခပ်မိုက်မိုက် ဖျော်ဖြေမှုများကြောင့် ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို အပြည့်အဝသိမ်းပိုက်ထားနိုင်ခဲ့တဲ့ အနုပညာရှင်ဖြစ်ပါတယ်။ အဆိုတော် ဂျက်စတင်ဘီဘာဟာ
သိပ်မကြာခင်ကာလတစ်ခုက မျက်နှာတစ်ခြမ်း(ပါးတစ်ခြမ်း) လေဖြ န်းတဲ့ဝေဒနာကို ခံစားခဲ့ရပြီး အဆိုပါရုပ်ပိုင်းဆိုင်ရာ အနေအထားကြောင့် ပရိသတ်တွေနဲ့ တွေ့ဆုံဖျော်ဖြေမယ့် နိုင်ငံအသီးသီးက
ကမ္ဘာလှည့်ဖျော်ဖြေပွဲတွေအားလုံးကို ဖျ က်သိမ်းခဲ့ရပြီး စိတ်ရှည်ရှည်နဲ့စောင့်ဆိုင်းပေးကြဖို့ကိုလည်း သူ့ရဲ့ပရိသတ်တွေကို အဆိုတော် ဂျက်စတင်ဘီဘာက မေတ္တာရပ်ခံခဲ့ပါတယ်။ အခုချိန်မှာဆိုရင်တော့
ဂျက်စတင်ရဲ့ ရေ ာဂါဝေဒနာဟာ အမြန်ဆုံးပြန်လည်သက်သာလာပြီဖြစ်တဲ့အတွက် ဒီ ဇူလိုင်လကုန် (၃၁)ရက်နေ့မှာ အီတလီနိုင်ငံသို့ ပထမဆုံးအနေနဲ့ ပြန်လည်သွားရောက်ဖျော်ဖြေသွားမှာဖြစ်တယ်လို့
သိရပါတယ်။ ပရိသတ်တွေအနေနဲ့လည်း ဂျက်စတင်နေပြန်ကောင်းလာတာကို အတော်လေးဝမ်းသာနေကြပြီး သူ့ရဲ့ရှိုးပွဲတွေအတွက် ရင်ခုန်နေကြပါပြီ။ လေးစားစွာဖြင့် ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*