
တ ရု-တ်နိုင်ငံက ယွီ ရန်ရှ ဆိုသူ လီဆူကောင်မလေးဟာ ကူမင်းဆေးတက္ကသိုလ်ကနေ ဘွဲ့ရပြီးနောက် သူ့ရဲ့ရပ်ရွာကို ပြန်ပေးဆပ်ဖို့အတွက် မွေးရပ်မြေကို ပြန်လာနေပါတယ်။ တစ်ချိန်က ယွီရန်ရှဟာ
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
နေ့တိုင်း ကျောင်းကို သွားဖို့ ကေဘယ်ကြိုးသုံးပြီး မြစ်ကို ဖြတ်သွားခဲ့တာကြောင့် သတင်းမီဒီယာတွေရဲ့ခေါင်းကြီးပိုင်းမှာ ပါပြီး နာမည်ကြီးခဲ့တဲ့ ကောင်မလေးပါ။ “ကေဘယ်ကောင်မလေး”လို့တောင် နာမည်တွင်ခဲ့တာပါ။ ယွီရန်ရှက တ ရု-တ်နိုင်ငံအနောက်တောင်ပိုင်း
ယူနန်ပြည်နယ် နူကျန်းစီရင်စုက တောင်တန်းဒေသကနေ လာခဲ့တာပါ။ သူဟာ သူ့ရွာမှာဆိုရင် တက္ကသိုလ်တက်ခွင့်ရခဲ့တဲ့ ပထမဆုံးသောသူပါ။ သူက အခုနှစ်အစောပိုင်းမှာ ဘွဲ့ရခဲ့ပါတယ်။ အခုဆိုရင် ဆရာဝန်တစ်ယောက်အနေနဲ့
သူ့ရွာလေးကို ပြန်လာဖို့ ဆုံးဖြတ်ထားပါတယ်။ ၂၀၀၇ ခုနှစ်မှာ ယွီရန်က ကျောင်းကို သွားဖို့ သူ့ရွာအနီးနားက နူကျန်းမြစ်ကို ကေဘယ်ကြိုးနဲ့လျှောသွားပြီီး ဖြတ်နေတာကို ဂျာနယ်လစ်တစ်ယောက်က ဓာတ်ပုံရိုက်ခဲ့တာကြောင့် နာမည်ကြီးသွားခဲ့တာပါ။ အဲဒီအချိန်တုန်းက သူ့အသက်ဟာ ၈ နှစ်ပါ။
အဲဒီနောက်မှာ နိုင်ငံတစ်ဝှမ်းက ရန်ပုံငွေရှာဖွေရေးစီမံချက်တစ်ရပ် လုပ်ဆောင်ခဲ့ပါတယ်။ နောက်နှစ်မှာတော့ ရှာလို့ရခဲ့တဲ့ ရန်ပုံငွေတွေကို အသုံးပြုပြီး မြစ်ကူးတံတားကို တည်ဆောက်ခဲ့ကြပါတယ်။ ယွီရန်ကလည်း ပရဟိတသမားတွေရဲ့လှူဒါန်းမှုနဲ့ ပေကျင်းနဲ့ ကူမင်းမြို့တွေကို
ခရီးထွက်ခွင့်ရခဲ့ပါတယ်။ ယွီရန်က နှစ်တော်တော်ကြာ လူ့အသိုင်းအဝိုင်းက အကူအညီတွေကို ရရှိခဲ့တာကြောင့် ဆေးကျောင်းကနေ ဘွဲ့ရပြီးတဲ့နောက် အခြားသူတွေကို ကူညီပေးချင်ခဲ့တာပါ။ သူဟာ အခြားဆေးရုံက ကမ်းလှမ်းချက်တွေကို ငြင်းပယ်ပြီး
သူ့နေအိမ်အနီးနားက Nujiang People’s Hospital က ကမ်းလှမ်းချက်ကို လက်ခံခဲ့တာပါ။ စက်တင်ဘာလမှာ အလုပ်စပြီး လုပ်တော့မှာပါ။ ယွီရန်က “ကျွန်မကတော့ လူတော်တော်များများလုပ်မယ့် ဆုံးဖြတ်ချက်ကို ချခဲ့ရုံပါ။ လူအများကြီးဆီက အကူအညီတွေရခဲ့တာကြောင့်ပါ။
နူကျန်းက ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေအားလုံးနဲ့အတူတူ ကျွန်မရဲ့မွေးရပ်မြေမှာ ကျန်းမာရေးစောင့်ရှောက်ရေးဝန်ဆောင်မှုဖွံ့ဖြိုးတိုးတက်စေဖို့ ပံ့ပိုးကူညီနိုင်မယ်လို့ မျှော်လင့်တယ်”တဲ့။ ယွီရန်ဟာ ၂၀၀၀ ပြည့်နှစ်နှောင်းပိုင်းမတိုင်ခင်
ပြင်ပ လောကကိုရောက်ဖို့ အဓိကလမ်းပန်းဆက်သွယ်ရေးနည်းလမ်းအဖြစ် ကေဘယ်ကြိုးနဲ့ စက်သီးစနစ်ကို အသုံးပြုခဲ့ရတဲ့ လီဆူလူမျိုးတွေထဲက တစ်ယောက်ဖြစ်ခဲ့တာပါ။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
တ ႐ု-တ္နိုင္ငံက ယြီ ရန္ရွ ဆိုသူ လီဆူေကာင္မေလးဟာ ကူမင္းေဆးတကၠသိုလ္ကေန ဘြဲ႕ရၿပီးေနာက္ သူ႕ရဲ႕ရပ္႐ြာကို ျပန္ေပးဆပ္ဖို႔အတြက္ ေမြးရပ္ေျမကို ျပန္လာေနပါတယ္။ တစ္ခ်ိန္က ယြီရန္ရွဟာ
ေန႕တိုင္း ေက်ာင္းကို သြားဖို႔ ေကဘယ္ႀကိဳးသုံးၿပီး ျမစ္ကို ျဖတ္သြားခဲ့တာေၾကာင့္ သတင္းမီဒီယာေတြရဲ႕ေခါင္းႀကီးပိုင္းမွာ ပါၿပီး နာမည္ႀကီးခဲ့တဲ့ ေကာင္မေလးပါ။ “ေကဘယ္ေကာင္မေလး”လို႔ေတာင္ နာမည္တြင္ခဲ့တာပါ။ ယြီရန္ရွက တ ႐ု-တ္နိုင္ငံအေနာက္ေတာင္ပိုင္း
ယူနန္ျပည္နယ္ ႏူက်န္းစီရင္စုက ေတာင္တန္းေဒသကေန လာခဲ့တာပါ။ သူဟာ သူ႕႐ြာမွာဆိုရင္ တကၠသိုလ္တက္ခြင့္ရခဲ့တဲ့ ပထမဆုံးေသာသူပါ။ သူက အခုႏွစ္အေစာပိုင္းမွာ ဘြဲ႕ရခဲ့ပါတယ္။ အခုဆိုရင္ ဆရာဝန္တစ္ေယာက္အေနနဲ႕
သူ႕႐ြာေလးကို ျပန္လာဖို႔ ဆုံးျဖတ္ထားပါတယ္။ ၂၀၀၇ ခုႏွစ္မွာ ယြီရန္က ေက်ာင္းကို သြားဖို႔ သူ႕႐ြာအနီးနားက ႏူက်န္းျမစ္ကို ေကဘယ္ႀကိဳးနဲ႕ေလွ်ာသြားၿပီီး ျဖတ္ေနတာကို ဂ်ာနယ္လစ္တစ္ေယာက္က ဓာတ္ပုံရိုက္ခဲ့တာေၾကာင့္ နာမည္ႀကီးသြားခဲ့တာပါ။ အဲဒီအခ်ိန္တုန္းက သူ႕အသက္ဟာ ၈ ႏွစ္ပါ။
အဲဒီေနာက္မွာ နိုင္ငံတစ္ဝွမ္းက ရန္ပုံေငြရွာေဖြေရးစီမံခ်က္တစ္ရပ္ လုပ္ေဆာင္ခဲ့ပါတယ္။ ေနာက္ႏွစ္မွာေတာ့ ရွာလို႔ရခဲ့တဲ့ ရန္ပုံေငြေတြကို အသုံးျပဳၿပီး ျမစ္ကူးတံတားကို တည္ေဆာက္ခဲ့ၾကပါတယ္။ ယြီရန္ကလည္း ပရဟိတသမားေတြရဲ႕လႉဒါန္းမႈနဲ႕ ေပက်င္းနဲ႕ ကူမင္းၿမိဳ႕ေတြကို
ခရီးထြက္ခြင့္ရခဲ့ပါတယ္။ ယြီရန္က ႏွစ္ေတာ္ေတာ္ၾကာ လူ႕အသိုင္းအဝိုင္းက အကူအညီေတြကို ရရွိခဲ့တာေၾကာင့္ ေဆးေက်ာင္းကေန ဘြဲ႕ရၿပီးတဲ့ေနာက္ အျခားသူေတြကို ကူညီေပးခ်င္ခဲ့တာပါ။ သူဟာ အျခားေဆး႐ုံက ကမ္းလွမ္းခ်က္ေတြကို ျငင္းပယ္ၿပီး
သူ႕ေနအိမ္အနီးနားက Nujiang People’s Hospital က ကမ္းလွမ္းခ်က္ကို လက္ခံခဲ့တာပါ။ စက္တင္ဘာလမွာ အလုပ္စၿပီး လုပ္ေတာ့မွာပါ။ ယြီရန္က “ကြၽန္မကေတာ့ လူေတာ္ေတာ္မ်ားမ်ားလုပ္မယ့္ ဆုံးျဖတ္ခ်က္ကို ခ်ခဲ့႐ုံပါ။ လူအမ်ားႀကီးဆီက အကူအညီေတြရခဲ့တာေၾကာင့္ပါ။
ႏူက်န္းက ေဆးဘက္ဆိုင္ရာဝန္ထမ္းေတြအားလုံးနဲ႕အတူတူ ကြၽန္မရဲ႕ေမြးရပ္ေျမမွာ က်န္းမာေရးေစာင့္ေရွာက္ေရးဝန္ေဆာင္မႈဖြံ႕ၿဖိဳးတိုးတက္ေစဖို႔ ပံ့ပိုးကူညီနိုင္မယ္လို႔ ေမွ်ာ္လင့္တယ္”တဲ့။ ယြီရန္ဟာ ၂၀၀၀ ျပည့္ႏွစ္ေႏွာင္းပိုင္းမတိုင္ခင္
ျပင္ပ ေလာကကိုေရာက္ဖို႔ အဓိကလမ္းပန္းဆက္သြယ္ေရးနည္းလမ္းအျဖစ္ ေကဘယ္ႀကိဳးနဲ႕ စက္သီးစနစ္ကို အသုံးျပဳခဲ့ရတဲ့ လီဆူလူမ်ိဳးေတြထဲက တစ္ေယာက္ျဖစ္ခဲ့တာပါ။ ခရက္ဒစ္
Leave a Reply