
မိတ်ဆွေတို့ရေ လူရွှင်တော်မိုးစက်ကတော့ သူကျွမ်းကျင်ရာ အနုပညာအလုပ်တွေနဲ့ ပရိသတ်တွေကိုရယ်မောပျော်ရွှင်စေရုံတင်မကဘဲ ဒုက္ခရောက်နေတဲ့ သက်ကြီးရွယ်အိုုတွေကိုလည်း လှူဒါန်းမှုတွေလည်း မကြာခဏပြုလုပ်ပေးနေသူ ဖြစ်ပါတယ်။
(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)
သက်ကြီးရွယ်အိုအနုပညာရှင်တွေကို လှူဒါန်းထောက်ပံ့ပေးနေတဲ့အပြင် စားဝတ်နေရေးခက်ခဲကာ ဒုက္ခတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြည်သူတွေရဲ့အခက်အခဲတွေကိုုလည်း ၇ရက်သားသမီးအလှူရှင်တွေနဲ့စုပေါင်းပြီး
တတ်နိုင်သလောက်ကူညီပေးနေသူလည်းဖြစ်ပါတယ်။ သူနဲ့ အလှူရှင်တွေရဲ့ လှူဒါန်းထောက်ပံ့မှုလေးတွေကိုလည်း အများသူငါ မြင်တွေ့ပြီး ပီတိဖြစ်ရအောင်လည်း အမြဲလိုလို ဝေမျှပေးလေ့ရှိပါတယ်။
အခုတစ်ခေါက်မှာလည်း လူရွှင်တော်မိုးစက်က အဖိုးတစ်ယောက်ကို ကူညီထောက်ပံ့ခဲ့ပါတယ်။ အဖိုးကတော့ အသက် (၆၈)နှစ်အရွယ်ဖြစ်ပြီး ပင်စင်စားတစ်ယောက်ဖြစ်ကာ ဇနီးဖြစ်သူနဲ့ ကျန်းမာရေးမကောင်းတဲ့ အစ်မဖြစ်သူကို
သမာအာဇီဝကျကျနဲ့ Deli ကိုယ်တိုင်လိုက်လံပို့ဆောင်ကာ လုပ်ကိုင်ရှာဖွေကျွေးမွေးနေခဲ့တာပဲဖြစ်ပါတယ်။ မိုးစက်ကတော့ အဖိုးအတွက် (၂)သိန်းကျပ် ကူညီထောက်ပံ့ခဲ့တာပဲဖြစ်ပါတယ်။ အဖိုးကတော့ အလှူငွေတွေလက်ခံရရှိခဲ့တဲ့အတွက်
အခက်အခဲတချို့တဝက်ပြေလည်သွားတဲ့အတွက် ဝမ်းသာပီတိဖြစ်သွားတဲ့အပြုံးတွေက တကယ်ကို ပီတိဖြစ်ဖွယ်ရာပါပဲ။ ပရိသတ်ကြီးရေ မိုးစက်တို့ရဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။ လေးစားစွာဖြင့် ခရက်ဒစ်
Zawgyi code ျဖင့္ ဖတ္ရန္
မိတ္ေဆြတို႔ေရ လူ႐ႊင္ေတာ္မိုးစက္ကေတာ့ သူကြၽမ္းက်င္ရာ အႏုပညာအလုပ္ေတြနဲ႔ ပရိသတ္ေတြကိုရယ္ေမာေပ်ာ္႐ႊင္ေစ႐ုံတင္မကဘဲ ဒုကၡေရာက္ေနတဲ့ သက္ႀကီးရြယ္အိုုေတြကိုလည္း လႉဒါန္းမႈေတြလည္း မၾကာခဏျပဳလုပ္ေပးေနသူ ျဖစ္ပါတယ္။
သက္ႀကီး႐ြယ္အိုအႏုပညာရွင္ေတြကို လႉဒါန္းေထာက္ပံ့ေပးေနတဲ့အျပင္ စားဝတ္ေနေရးခက္ခဲကာ ဒုကၡေတြနဲ႔ ရင္ဆိုင္ႀကဳံေတြ႕ေနရတဲ့ ျပည္သူေတြရဲ႕အခက္အခဲေတြကိုုလည္း ၇ရက္သားသမီးအလႉ႐ွင္ေတြနဲ႔စုေပါင္းၿပီး
တတ္နိုင္သေလာက္ကူညီေပးေနသူလည္းျဖစ္ပါတယ္။ သူနဲ႔ အလႉ႐ွင္ေတြရဲ႕ လႉဒါန္းေထာက္ပံ့မႈေလးေတြကိုလည္း အမ်ားသူငါ ျမင္ေတြ႕ၿပီး ပီတိျဖစ္ရေအာင္လည္း အၿမဲလိုလို ေဝမွ်ေပးေလ့ရွိပါတယ္။
အခုတစ္ေခါက္မွာလည္း လူရႊင္ေတာ္မိုးစက္က အဖိုးတစ္ေယာက္ကို ကူညီေထာက္ပံ့ခဲ့ပါတယ္။ အဖိုးကေတာ့ အသက္ (၆၈)နွစ္အရြယ္ျဖစ္ျပီး ပင္စင္စားတစ္ေယာက္ျဖစ္ကာ ဇနီးျဖစ္သူနဲ႔ က်န္းမာေရးမေကာင္းတဲ့ အစ္မျဖစ္သူကို
သမာအာဇီဝက်က်နဲ႔ Deli ကိုယ္တိုင္လိုက္လံပို႕ေဆာင္ကာ လုပ္ကိုင္ရွာေဖြေက်ြးေမြးေနခဲ့တာပဲျဖစ္ပါတယ္။ မိုးစက္ကေတာ့ အဖိုးအတြက္ (၂)သိန္းက်ပ္ ကူညီေထာက္ပံ့ခဲ့တာပဲျဖစ္ပါတယ္။ အဖိုးကေတာ့ အလွဴေငြေတြလက္ခံရရွိခဲ့တဲ့အတြက္
အခက္အခဲတခ်ို႕တဝက္ေျပလည္သြားတဲ့အတြက္ ဝမ္းသာပီတိျဖစ္သြားတဲ့အျပံုးေတြက တကယ္ကို ပီတိျဖစ္ဖြယ္ရာပါပဲ။ ပရိသတ္ၾကီးေရ မိုးစက္တို႕ရဲ႕ အလွဴေလးကို သာဓုေခၚဆိုေပးခဲ့ၾကပါဦးေနာ္။ ေလးစားစြာျဖင့္ ခရက္ဒစ္
Leave a Reply