ပြည်ပနိုင်ငံများအား အားမကိုးဘဲ ပြည်တွင်း စားသုံးဆီတိုးမြှင့်ထုတ်လုပ်နိုင်ရန် ဆီစက်လုပ်ငန်းရှင်များအား ချေးငွေထုတ်ချေးမည့်See More………

ပြည်တွင်းမှာ နေကြာဆီအပါအဝင် စားသုံးဆီတိုးမြှင့်ထုတ်လုပ်နိုင်ဖို့ ဆီစက်လုပ်ငန်းရှင်တွေကို ချေးငွေထုတ်ပေးမယ်လို့ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း(ရန်ကုန်တိုင်းဒေသကြီး)ကနေ သိရပါတယ်။ လက်ရှိ ဆီစက်လုပ်ငန်းရှင်တွေကို

(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)

ချေးငွေထုတ်ချေးနိုင်ဖို့ကော်မတီတစ်ရပ်ဖွဲ့စည်းထားပြီးဖြစ်ကာ ရာသီချိန်အလိုက် စိုက်ပျိုးထားတဲ့ ဆီထွက်သီးနှံတွေကြိတ်ခွဲထုတ်လုပ်မှာဖြစ်တဲ့အတွက် ရာသီချိန်အမှီ ချေးငွေ ချထားပေးနိုင်ရေး လုပ်ဆောင်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

ပြည်ပကနေ စားအုန်းဆီတင်သွင်းမှုလျှော့ချနိုင်ဖို့အတွက် ပြည်တွင်းမှာ စားသုံးဆီထုတ်လုပ်မှု တိုးမြှင့်ရမှာဖြစ်ပြီး ဆီစက်တွေအဆင့်မြှင့်တင်ဖို့၊ မွမ်းမံဖို့အတွက် ချေးငွေထုတ်ချေးပေးခြင်းဖြစ်ကာ ဆီစက်အသစ်တွေတည်ဆောက်မယ်ဆိုပါကလည်း

ချေးငွေလျှောက်ထားနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိ ဆီထွက်နေကြာတိုးတက်စိုက်ပျိုးထုတ်လုပ်နိုင်ဖို့ ဆီထွက်သီးနှံစိုက်ပျိုးစရိတ် ပံ့ပိုးမှုအစီအစဉ်အနေနဲ့ နေကြာသီးနှံစိုက်ပျိုးစရိတ်ကို တစ်ဧကကို ငွေကျပ် ၁သိန်းခွဲ ချေးငွေပံ့ပိုးပေးခြင်းအပြင်

နေကြာမျိုးစေ့ထုတ်လုပ်သူတွေအတွက် ငွေကျပ် ၈၀၀၀၀ တိုးမြှင့်ထုတ်ချေးပေးနေတယ်လို့ သိရပါတယ်။ ပြည်တွင်းမှာ နှစ်စဉ် ဆီတန်ချိန် တစ်သန်းခန့်လိုအပ်မှုကို ပြည်တွင်းထုတ်လုပ်မှုနဲ့ ဖြည့်ဆည်ပေးနိုင်ဖို့လုပ် ဆောင်နေကာ

နိုင်ငံခြားငွေသုံးစွဲမှုလျှော့ချရေးမူဝါဒအရ လစဉ် စားသုံးဆီတန်ချိန် ၅၀၀၀၀ သတ်မှတ်တင်သွင်းနေတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကနေ သိရပါတယ်။ ခရက်ဒစ်

Zawgyi code ဖြင့် ဖတ်ရန်

ျပည္တြင္းမွာ ေနၾကာဆီအပါအဝင္ စားသုံးဆီတိုးျမႇင့္ထုတ္လုပ္နိုင္ဖို႔ ဆီစက္လုပ္ငန္းရွင္ေတြကို ေခ်းေငြထုတ္ေပးမယ္လို႔ ျမန္မာနိုင္ငံဆီစက္ပိုင္ရွင္မ်ားအသင္း(ရန္ကုန္တိုင္းေဒသႀကီး)ကေန သိရပါတယ္။ လက္ရွိ ဆီစက္လုပ္ငန္းရွင္ေတြကို

ေခ်းေငြထုတ္ေခ်းနိုင္ဖို႔ေကာ္မတီတစ္ရပ္ဖြဲ႕စည္းထားၿပီးျဖစ္ကာ ရာသီခ်ိန္အလိုက္ စိုက္ပ်ိဳးထားတဲ့ ဆီထြက္သီးႏွံေတြႀကိတ္ခြဲထုတ္လုပ္မွာျဖစ္တဲ့အတြက္ ရာသီခ်ိန္အမွီ ေခ်းေငြ ခ်ထားေပးနိုင္ေရး လုပ္ေဆာင္ေပးမွာျဖစ္တယ္လို႔ သိရပါတယ္။

ျပည္ပကေန စားအုန္းဆီတင္သြင္းမႈေလွ်ာ့ခ်နိဳင္ဖို႔အတြက္ ျပည္တြင္းမွာ စားသုံးဆီထုတ္လုပ္မႈ တိုးျမႇင့္ရမွာျဖစ္ၿပီး ဆီစက္ေတြအဆင့္ျမႇင့္တင္ဖို႔၊ မြမ္းမံဖို႔အတြက္ ေခ်းေငြထုတ္ေခ်းေပးျခင္းျဖစ္ကာ ဆီစက္အသစ္ေတြတည္ေဆာက္မယ္ဆိုပါကလည္း

ေခ်းေငြေလွ်ာက္ထားနိုင္မွာျဖစ္တယ္လို႔သိရပါတယ္။ လက္ရွိ ဆီထြက္ေနၾကာတိုးတက္စိုက္ပ်ိဳးထုတ္လုပ္နိုင္ဖို႔ ဆီထြက္သီးႏွံစိုက္ပ်ိဳးစရိတ္ ပံ့ပိုးမႈအစီအစဥ္အေနနဲ႕ ေနၾကာသီးႏွံစိုက္ပ်ိဳးစရိတ္ကို တစ္ဧကကို ေငြက်ပ္ ၁သိန္းခြဲ ေေခ်းေငြပံ့ပိုးေပးျခင္းအျပင္

ေနၾကာမ်ိဳးေစ့ထုတ္လုပ္သူေတြအတြက္ ေငြက်ပ္ ၈၀၀၀၀ တိုးျမႇင့္ထုတ္ေခ်းေပးေနတယ္လို႔ သိရပါတယ္။ ျပည္တြင္းမွာ ႏွစ္စဥ္ ဆီတန္ခ်ိန္ တစ္သန္းခန႔္လိုအပ္မႈကို ျပည္တြင္းထုတ္လုပ္မႈနဲ႕ ျဖည့္ဆည္ေပးနိုင္ဖို႔လုပ္ ေဆာင္ေနကာ

နိုင္ငံျခားေငြသုံးစြဲမႈေလွ်ာ့ခ်ေရးမူဝါဒအရ လစဥ္ စားသုံးဆီတန္ခ်ိန္ ၅၀၀၀၀ သတ္မွတ္တင္သြင္းေနတယ္လို႔ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ကေန သိရပါတယ္။ ခရက္ဒစ္

Be the first to comment

Leave a Reply

Your email address will not be published.


*