တပ်မတော်(ရေ) စိန်ရတု အခန်းအနားအတွက် ဂုဏ်ပြုရုပ်သံဇာတ်လမ်းမှာ ပါဝင်ရိုက်ကူးနေတဲ့ ရုပ်ရှင်လောကသားအချို့
တပ်မတော်(ရေ)ရဲ့ စိန်ရတုအခန်းအနားမှာ ပြသမယ့် “ကြယ်ညွန်းရာသစ္စာ” အမည်ရှိ ဂုဏ်ပြုရုပ်မြင်သံကြားဇာတ်လမ်းရိုက်ကူးရာမှာ ပါဝင်ကြတဲ့ မင်းသား၊ မင်းသမီး၊ ဇာတ်လမ်း၊ ဇာတ်ညွန်း၊
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ဒါရိုက်တာ အမည်တွေပါတဲ့ စာရွက်တစ်ရွက် လူမှုကွန်ရက်ပေါ်မှာ ပြန့်နှံလာပါတယ်။ အဲဒီဇာတ်လမ်းရိုက်ကူးမဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရုပ်ရှင်လောကသားတစ်ဦးက “သဘောကတော့ ရုပ်ရှင်လောကသားတွေ
ပိုက်ဆံမရှိလို့ဆိုပြီး ရိုက်ကြတယ်။ အခုကတော့ ပိုက်ဆံမရှိတာ မဟုတ်တော့ဖူး၊ သိက္ခါမရှိတာပါ”လို့ ဝေဖန်ပါတယ်။ အခုနောက်ပိုင်းရုပ်မြင်သံကြားဇာတ်လမ်းတွဲတွေကို ကြံခိုင်ဖွံ့ဖြိုးရေးက
ငွေစိုက်ထုတ်ရိုက်ကူးနေတာ တွေရှိနေတယ်လို့လည်း ရုပ်ရှင်လောကသားတစ်ချို့က ပြောပါတယ်။ အခြားရုပ်ရှင်လောကသားတစ်ဦးကတော့ “ရုပ်ရှင်သမားတွေဆိုတာ ပြည်သူထောက်ခံမှုနဲ့
ရပ်တည်ရတာပါ။ အခုလိုပြည်သူ မယုံကြည်၊ မထောက်ခံတဲ့သူတွေဘက်ကရပ်လိုက်ရင် ပြည်သူကပြ စ်ဒဏ်ပေးမှာပဲ အမှန်က ဒီလူတွေက နဂိုကတည်းက ပြည်သူနဲ့ တစ်ဘက်တည်းရပ်တဲ့သူတွေတော့
မဟုတ်ဘူး” လို့လည်းပြောပါတယ်။ တော်လှန်ရေးလုပ်နေတဲ့ လူငယ်တွေစုပေါင်းဖွဲ့စည်းထားတဲ့ ရေဘဝဲပြည်သူ့အကျိုးပြု လူငယ် အဖွဲ့အစည်းကလည်း အနုပညာရှင်တွေအနေနဲ့ ပြည်သူနဲ့
တစ်သားတည်းရပ်တည်ဖို့အတွက်လည်း တိုက်တွန်းနိုးဆော်စာကို ထုတ်ပြန်ထားပါတယ်။ အခုဇာတ်လမ်းကို နာမည်ကြီး မင်းသားကြီးတွေဖြစ်တဲ့ ရန်အောင်၊ ရဲအောင်၊ အောင်ခိုင်စတဲ့ စစ်တပ်နဲ့
အဆင်ပြေနေတဲ့ အမျိုးသားသရုပ်ဆောင်တွေအပြင် မင်းသမီးတွေအဖြစ် စိုးမြတ်သူဇာ၊ မေသဉ္ဇာဦး၊ ဝါဝါအောင်စတဲ့ သူတွေပါဝင်ရိုက်ကူးနေတယ်လို့လည်း သိရပါတယ်။ လေးစားစွာဖြင့် ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*