
ဂဠုန်ဦးစောကား ဘုရင်စိတ် ပြင်းပြသူ ဖြစ်သည်။ အလောင်းမင်းတရား ဦးအောင်ဇေယျ စသော ကုန်းဘောင်ဆက် မင်းများ အစဉ်အဆက် ‘အောင်မြေ’ ဟု သတ်မှတ် ထားသော နေရာတစ်ခု ရွှေဘိုမြို့အဝင် တောင်ဘက်၌ ရှိသည်။ ထိုအောင်မြေ၌
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ဦးစော အောင်မြေနင်းခဲ့၏။ အောင်မြေ နေရာကိုလည်း အဆောက်အအုံ တစ်ခုဆောက် ကာ သမိုင်းဝင် ဋ္ဌာနတစ်ခု အဖြစ် ထင်ရှားစေခဲ့သည်ဟု မှတ်သားရသည်။ (ယခု ဝေဘူဆရာတော်ကြီး၏ အောင်မြေ ရိပ်သာ အတွင်း၌ ရှိ၏။) သူအင်းစိန် ထောင်ကြီးအတွင်း၌ နေရစဉ်
သူ့ကို စောင့် ကြပ်ရသော ပုဂ္ဂိုလ် တစ်ဦးအား သူကိုယ်တိုင် အောက်ပါ အတိုင်း သူ့အမှားသူ ဝန်ခံပြောဆိုသွားခဲ့ဖူး၏။ “ကျုပ် ဟာ နန်းရင်းဝန်ကြီးဘဝနဲ့ ရွှေဘိုနယ်ကို ရောက်ခဲ့တယ်။ အဲဒီအချိန်က ရွှေဘိုနယ်မှာ အတော် ထင်ရှား ကျော်ကြားနေတဲ့
အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ ကိုးကွယ်တဲ့ သင်္ကန်းနက်ဘုရား၊ မတ်ရပ် ဆင်းတုတော်ဟာ အတော် တန်ခိုးကြီးတယ်။ ဆုတောင်းပြည့်တယ်။ လိုတရတယ်။ ရန်အပေါင်းကို အောင်နိုင်တယ်ဆိုတဲ့ သတင်းကြောင့်
အဲဒီ ဘုရားကို မရရတဲ့နည်းနဲ့ ကျုပ်ယူခဲ့မိတယ်။ ဒါပေမယ့် ကိုးကွယ်လိုလို့ ကြည်ညိုသဒ္ဓါနဲ့ ပင့်ခဲ့တာ မဟုတ်ဘူး။ ကျုပ်အကျိုးအတွက် ကြည့်ပြီး ယူခဲ့တာဘဲ။ ဒီတော့ ဆင်းတုတော်ကို သာမန်မျှသာ ကိုးကွယ်မှု အဆင့်တွင် မဟုတ်ပဲ
ကျုပ်ရဲ့ “အဆောင်” သဘောမျိုး ထားခဲ့မိတယ်။ အဲဒါ ကျုပ်ရဲ့ မဟာအမှားကြီးပဲ။ နောက်မှ သိရတာက ဒီဆင်းတုတော်ကြီးဟာ တန်ခိုးကြီး သလောက် အလွန်ခိုက်တယ်ဆိုတာ သိရတော့ နောက်ကျသွားပြီ။ အဲဒီအချိန်က ကျုပ်ဟာ အင်္ဂလိပ် အကျဉ်းသား ဖြစ်လို ဖြစ်ရ
ေသနတ်ပ စ်ခံလို ခံရနဲ့ နောက်ဆုံး အခုအခြေထိ ဖြစ်ခဲ့တာပါဘဲ။ နောက် ကျုပ်ဒီထဲရောက်မှ အဲဒီ ဆင်းတုတော်ကြီးကို ရွှေတိဂုံ စေတီတော် စနေထောင့်မှာ ကျောင်းဆောင်တစ်ခုနဲ့ လှူဒါန်း လိုက်ရတယ်။ ” (၁၅.၇.၁၉၇၁ နေ့ထုတ် အိုးဝေဂျာနယ်မှ။
ယခုထိုရုပ်ပွား ထိုနေရာ၌ မတွေ့ရပါ။) (ဓမ္မာစရိယ ဦးဋ္ဌေးလှိုင်၏ ဓမ္မဒူတမှ ကောက်နှုတ်ချက်) ဂဠုန်ဦးစော ခိုးသွားတဲ့ အလောင်းဘုရားရဲ့ စစ်ထွက်သစ္စာဆို သင်္ကန်းနက် ဘုရားကို ယခုလက်ရှိတည်ရှိရာနေ ရာ သိသူတဦးက ရေးသားထားတာကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
မြန်မာသက္ကရာဇ် (၁၁၁၄)ခုနှစ် လွန်ခဲ့သောနှစ်ပေါင်း (၂၆၃) နှစ်လောက်ကတည်းက ခမည်းတော်မင်းညိုစံ မယ်တော် ခင်ယွန်းစံတို့ဦးစီး၍ ရွှေဘိုမြောက်လက်မှ ဗေဒင်ပညာရှိပန်းပုဆရာတစ်ဦးက အိမ်တော်တွင်ကိုးကွယ်ရန်
သင်္ကန်းနက် မတ်ရပ်စွန်တောင်ဆွဲ ရုပ်ပွားတော်တစ်ဆူ ထုလုပ်ပေးခဲ့ပါသည်။ ပင်းယခေတ် လက်ရာမျိုးရုပ်ပွားတော်သည် ကြာမောက် ကြာလန် ပလ္လင်အမြင့်(၁၀)လက်မ ဉာဏ်တော်အမြင့်(၃၄)လက်မရှိပါသည်။
ဤဘုရားကိုအမှတ်(၉) ရပ်ကွက် မြတ်စောညီနောင်ဘုရား၏ စနေထောင့်တွင် အတိတ်နိမိတ်အောင်မြေ(သို့) ရာဇအောင်မြေစေတီကို မင်းမဖြစ်မှီ တည်ထားကိုးကွယ်အပြီး မြန်မာသက္ကရာဇ်(၁၁၁၄) ခုနှစ်တွင်မှ အနေကဇာတင်ပြီးခဲ့ပါသည်။
အလောင်းမင်းတရားကြီးသည် စစ်ထွက်တိုင်း ဤဘုရားကိုသစ္စာဆိုပြီး ဆင်ပေါ်တွင်တင်၍ ပင့်ဆောင်လေ့ရှိရာ(၁)နှစ်အတွင်း တိုက်ပွဲပေါင်း (၁၄)ပွဲနိုင်ခဲ့ပါသည်။ ဤရုပ်ပွားတော်ကို (၁၉၄၂)ခုနှစ်က နန်းရင်းဝန် ဂဠုန်ဦးစောမှ
အလောင်းဘုရား ပြဿဒ်တော်လာရောက် တည်ဆောက်လှူဒါန်းပြီး ဦးအောင်ဇေယျ၏ ဇာတိအောင်မြေဖြစ်သည့် ရွှေချက်သိုဘုရားမှ ရန်ကုန်သို့ပင့်ဆောင် သွားခဲ့ပါသည်။ ခရစ်သက္ကရာဇ် (၁၉၄၈)ခုနှစ်တွင် ဂဠုန်ဦးစော မိသားစုမှ
ရွှေတိဂုံဘုရားအမှတ်(၁၅)တွင် ရေစက်ချလှူဒါန်းထားခဲ့ရာ (၁၉၆၄)ခုနှစ်တွင် ဘုန်းတော်ကြီး(၁)ပါး သီလရှင်(၂)ပါးနှင့် ရွှေဘိုသားဆိုသူ ယောက်ျားတစ်ဦးက ရွှေတိဂုံဘုရားမှ ထပ်မံပင့်ဆောင်သွားကြောင်းသိရပါသည်။ ဂဠုန်ဦးစော၏ မြေးများ လိုက်လံပြသသဖြင့်
မြောက်ဥက္ကလာပ သဗ္ဗညုစေတီတွင် ကိန်းဝပ်စံပါယ်လျက်ရှိသည်ကို ဘုရားပင့်ဆောင်ရေးကော်မတီဝင်များ ကိုယ်တိုင်(၂) ကြိမ်တိတိဖူးမြော်ခဲ့ရပြီ ဖြစ်ပါသည်။ ဤဘုရားပြန်လည်ပင့်ဆောင်နိုင်ရေးအတွက် သက်ဆိုင်ရာအဆင့်ဆင့်မှ နိုင်ငံတော်သမ္မတကြီးထိ
တင်ပြထားရှိပြီး ဖြစ်သည့်အပြင် ဂဠုန်ဦးစော၏ကျန်ရစ်သူ မိသားစုတို့နှင့်သဘော တူညီချက်ပါရရှိထားပြီး ဖြစ်ကြောင်း သိရှိရပါသည်။ဤဘုရားသည် စစ်ချီစစ်ထွက်ဘုရားဖြစ်၍ ယခုတိုင်ဒေသစာရီ ကြွချီတော်မူနေဆဲဖြစ်ကြောင်း နိမိတ်ပုံဆောင်နေပြီး
ဤဘုရားစပင့်သည့်အချိန် (၁၉၄၂) မှစ၍ ဒုတိယကမ္ဘာစစ်ကြီး၏ စစ်ရိပ်စစ်ငွေ့များ မြန်မာနိုင်ငံသို့ပျံ့နှံ့ခဲ့ရာ ရွှေတိဂုံဘုရားသို့ ရေစက်ချသည့်နှစ်( ၁၉၄၈)ခုနှစ် လွတ်လပ်ရေးရပြီး မကြာမီပြည်တွင်းစစ်မီးကြီး စတင်ဟုန်းဟုန်း တောက်ခဲ့သည်ကို
တွေးကြည့်လျင် သိကြမည်ထင်ပါသည်။ သို့ကြောင့် ဤရုပ်ပွားတော်အားမူရင်းဒေသ ရွှေဘိုမြို့သို့ပြန်လည် ကိန်းဝပ်စေခြင်းဖြင့် စစ်မီးများငြိမ်း၍ နိုင်ငံတော်ကြီး အေးချမ်းသာယာဝပြောလာမည်ဟု သိရသည်။ ဆက်လက်၍ ဤစစ်ထွက်သစ္စာဆိုဘုရား ပြန်လည်ကြွချီရေး
ပြည်တော်ဝင်ရေးအတွက် ရွှေဘိုနယ်သူနယ်သား အပေါင်းနှစ်ထောင်းအားရ ဝိုင်းဝန်းပံ့ပိုးကူညီဆောင်ရွက်ကြပါရန် စစ်ထွက်သစ္စာဆိုဘုရား ပြန်လည်ပင့်ဆောင်ရေးကော်မတီ ရွှေဘိုမြို့ မှနိဗ္ဗာန်အကျိုးပစ္စုပ္ပန်အကျိုး မြှော်ကိုး၍
နှိုးဆော်တိုက်တွန်းထားကြောင်း သတင်းရရှိ၍ ကောင်းမြတ်သောစေတနာဖြင့် လေးမြတ်စွာဖော်ပြအပ်ပါသည်။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် )
Zawgyi code ဖြင့် ဖတ်ရန်
ဂဠုန္ဦးေစာကား ဘုရင္စိတ္ ျပင္းျပသူ ျဖစ္သည္။ အေလာင္းမင္းတရား ဦးေအာင္ေဇယ် စေသာ ကုန္းေဘာင္ဆက္ မင္းမ်ား အစဥ္အဆက္ ‘ေအာင္ေျမ’ ဟု သတ္မွတ္ ထားေသာ ေနရာတစ္ခု ေ႐ႊဘိုၿမိဳ႕အဝင္ ေတာင္ဘက္၌ ရွိသည္။ ထိုေအာင္ေျမ၌
ဦးေစာ ေအာင္ေျမနင္းခဲ့၏။ ေအာင္ေျမ ေနရာကိုလည္း အေဆာက္အအုံ တစ္ခုေဆာက္ ကာ သမိုင္းဝင္ ႒ာနတစ္ခု အျဖစ္ ထင္ရွားေစခဲ့သည္ဟု မွတ္သားရသည္။ (ယခု ေဝဘူဆရာေတာ္ႀကီး၏ ေအာင္ေျမ ရိပ္သာ အတြင္း၌ ရွိ၏။) သူအင္းစိန္ ေထာင္ႀကီးအတြင္း၌ ေနရစဥ္
သူ႕ကို ေစာင့္ ၾကပ္ရေသာ ပုဂၢိဳလ္ တစ္ဦးအား သူကိုယ္တိုင္ ေအာက္ပါ အတိုင္း သူ႕အမွားသူ ဝန္ခံေျပာဆိုသြားခဲ့ဖူး၏။ “က်ဳပ္ ဟာ နန္းရင္းဝန္ႀကီးဘဝနဲ႕ ေ႐ႊဘိုနယ္ကို ေရာက္ခဲ့တယ္။ အဲဒီအခ်ိန္က ေ႐ႊဘိုနယ္မွာ အေတာ္ ထင္ရွား ေက်ာ္ၾကားေနတဲ့
အေလာင္းမင္းတရားႀကီး ဦးေအာင္ေဇယ် ကိုးကြယ္တဲ့ သကၤန္းနက္ဘုရား၊ မတ္ရပ္ ဆင္းတုေတာ္ဟာ အေတာ္ တန္ခိုးႀကီးတယ္။ ဆုေတာင္းျပည့္တယ္။ လိုတရတယ္။ ရန္အေပါင္းကို ေအာင္နိုင္တယ္ဆိုတဲ့ သတင္းေၾကာင့္
အဲဒီ ဘုရားကို မရရတဲ့နည္းနဲ႕ က်ဳပ္ယူခဲ့မိတယ္။ ဒါေပမယ့္ ကိုးကြယ္လိုလို႔ ၾကည္ညိုသဒၶါနဲ႕ ပင့္ခဲ့တာ မဟုတ္ဘူး။ က်ဳပ္အက်ိဳးအတြက္ ၾကည့္ၿပီး ယူခဲ့တာဘဲ။ ဒီေတာ့ ဆင္းတုေတာ္ကို သာမန္မွ်သာ ကိုးကြယ္မႈ အဆင့္တြင္ မဟုတ္ပဲ
က်ဳပ္ရဲ႕ “အေဆာင္” သေဘာမ်ိဳး ထားခဲ့မိတယ္။ အဲဒါ က်ဳပ္ရဲ႕ မဟာအမွားႀကီးပဲ။ ေနာက္မွ သိရတာက ဒီဆင္းတုေတာ္ႀကီးဟာ တန္ခိုးႀကီး သေလာက္ အလြန္ခိုက္တယ္ဆိုတာ သိရေတာ့ ေနာက္က်သြားၿပီ။ အဲဒီအခ်ိန္က က်ဳပ္ဟာ အဂၤလိပ္ အက်ဥ္းသား ျဖစ္လို ျဖစ္ရ
ေသနတ္ပ စ္ခံလို ခံရနဲ႕ ေနာက္ဆုံး အခုအေျခထိ ျဖစ္ခဲ့တာပါဘဲ။ ေနာက္ က်ဳပ္ဒီထဲေရာက္မွ အဲဒီ ဆင္းတုေတာ္ႀကီးကို ေ႐ႊတိဂုံ ေစတီေတာ္ စေနေထာင့္မွာ ေက်ာင္းေဆာင္တစ္ခုနဲ႕ လႉဒါန္း လိုက္ရတယ္။ ” (၁၅.၇.၁၉၇၁ ေန႕ထုတ္ အိုးေဝဂ်ာနယ္မွ။
ယခုထို႐ုပ္ပြား ထိုေနရာ၌ မေတြ႕ရပါ။) (ဓမၼာစရိယ ဦး႒ေးလွိုင္၏ ဓမၼဒူတမွ ေကာက္ႏႈတ္ခ်က္) ဂဠုန္ဦးေစာ ခိုးသြားတဲ့ အေလာင္းဘုရားရဲ႕ စစ္ထြက္သစၥာဆို သကၤန္းနက္ ဘုရားကို ယခုလက္ရွိတည္ရွိရာေန ရာ သိသူတဦးက ေရးသားထားတာကို ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။
ျမန္မာသကၠရာဇ္ (၁၁၁၄)ခုႏွစ္ လြန္ခဲ့ေသာႏွစ္ေပါင္း (၂၆၃) ႏွစ္ေလာက္ကတည္းက ခမည္းေတာ္မင္းညိုစံ မယ္ေတာ္ ခင္ယြန္းစံတို႔ဦးစီး၍ ေ႐ႊဘိုေျမာက္လက္မွ ေဗဒင္ပညာရွိပန္းပုဆရာတစ္ဦးက အိမ္ေတာ္တြင္ကိုးကြယ္ရန္
သကၤန္းနက္ မတ္ရပ္စြန္ေတာင္ဆြဲ ႐ုပ္ပြားေတာ္တစ္ဆူ ထုလုပ္ေပးခဲ့ပါသည္။ ပင္းယေခတ္ လက္ရာမ်ိဳး႐ုပ္ပြားေတာ္သည္ ၾကာေမာက္ ၾကာလန္ ပလႅင္အျမင့္(၁၀)လက္မ ဉာဏ္ေတာ္အျမင့္(၃၄)လက္မရွိပါသည္။
ဤဘုရားကိုအမွတ္(၉) ရပ္ကြက္ ျမတ္ေစာညီေနာင္ဘုရား၏ စေနေထာင့္တြင္ အတိတ္နိမိတ္ေအာင္ေျမ(သို႔) ရာဇေအာင္ေျမေစတီကို မင္းမျဖစ္မွီ တည္ထားကိုးကြယ္အၿပီး ျမန္မာသကၠရာဇ္(၁၁၁၄) ခုႏွစ္တြင္မွ အေနကဇာတင္ၿပီးခဲ့ပါသည္။
အေလာင္းမင္းတရားႀကီးသည္ စစ္ထြက္တိုင္း ဤဘုရားကိုသစၥာဆိုၿပီး ဆင္ေပၚတြင္တင္၍ ပင့္ေဆာင္ေလ့ရွိရာ(၁)ႏွစ္အတြင္း တိုက္ပြဲေပါင္း (၁၄)ပြဲနိုင္ခဲ့ပါသည္။ ဤ႐ုပ္ပြားေတာ္ကို (၁၉၄၂)ခုႏွစ္က နန္းရင္းဝန္ ဂဠုန္ဦးေစာမွ
အေလာင္းဘုရား ျပႆဒ္ေတာ္လာေရာက္ တည္ေဆာက္လႉဒါန္းၿပီး ဦးေအာင္ေဇယ်၏ ဇာတိေအာင္ေျမျဖစ္သည့္ ေ႐ႊခ်က္သိုဘုရားမွ ရန္ကုန္သို႔ပင့္ေဆာင္ သြားခဲ့ပါသည္။ ခရစ္သကၠရာဇ္ (၁၉၄၈)ခုႏွစ္တြင္ ဂဠုန္ဦးေစာ မိသားစုမွ
ေ႐ႊတိဂုံဘုရားအမွတ္(၁၅)တြင္ ေရစက္ခ်လႉဒါန္းထားခဲ့ရာ (၁၉၆၄)ခုႏွစ္တြင္ ဘုန္းေတာ္ႀကီး(၁)ပါး သီလရွင္(၂)ပါးႏွင့္ ေ႐ႊဘိုသားဆိုသူ ေယာက္်ားတစ္ဦးက ေ႐ႊတိဂုံဘုရားမွ ထပ္မံပင့္ေဆာင္သြားေၾကာင္းသိရပါသည္။ ဂဠုန္ဦးေစာ၏ ေျမးမ်ား လိုက္လံျပသသျဖင့္
ေျမာက္ဥကၠလာပ သဗၺၫုေစတီတြင္ ကိန္းဝပ္စံပါယ္လ်က္ရွိသည္ကို ဘုရားပင့္ေဆာင္ေရးေကာ္မတီဝင္မ်ား ကိုယ္တိုင္(၂) ႀကိမ္တိတိဖူးေျမာ္ခဲ့ရၿပီ ျဖစ္ပါသည္။ ဤဘုရားျပန္လည္ပင့္ေဆာင္နိုင္ေရးအတြက္ သက္ဆိုင္ရာအဆင့္ဆင့္မွ နိုင္ငံေတာ္သမၼတႀကီးထိ
တင္ျပထားရွိၿပီး ျဖစ္သည့္အျပင္ ဂဠုန္ဦးေစာ၏က်န္ရစ္သူ မိသားစုတို႔ႏွင့္သေဘာ တူညီခ်က္ပါရရွိထားၿပီး ျဖစ္ေၾကာင္း သိရွိရပါသည္။ဤဘုရားသည္ စစ္ခ်ီစစ္ထြက္ဘုရားျဖစ္၍ ယခုတိုင္ေဒသစာရီ ႂကြခ်ီေတာ္မူေနဆဲျဖစ္ေၾကာင္း နိမိတ္ပုံေဆာင္ေနၿပီး
ဤဘုရားစပင့္သည့္အခ်ိန္ (၁၉၄၂) မွစ၍ ဒုတိယကမာၻစစ္ႀကီး၏ စစ္ရိပ္စစ္ေငြ႕မ်ား ျမန္မာနိုင္ငံသို႔ပ်ံ့ႏွံ႕ခဲ့ရာ ေ႐ႊတိဂုံဘုရားသို႔ ေရစက္ခ်သည့္ႏွစ္( ၁၉၄၈)ခုႏွစ္ လြတ္လပ္ေရးရၿပီး မၾကာမီျပည္တြင္းစစ္မီးႀကီး စတင္ဟုန္းဟုန္း ေေတာက္ခဲ့သည္ကို
ေတြးၾကည့္လ်င္ သိၾကမည္ထင္ပါသည္။ သို႔ေၾကာင့္ ဤ႐ုပ္ပြားေတာ္အားမူရင္းေဒသ ေ႐ႊဘိုၿမိဳ႕သို႔ျပန္လည္ ကိန္းဝပ္ေစျခင္းျဖင့္ စစ္မီးမ်ားၿငိမ္း၍ နိုင္ငံေတာ္ႀကီး ေအးခ်မ္းသာယာဝေျပာလာမည္ဟု သိရသည္။ ဆက္လက္၍ ဤစစ္ထြက္သစၥာဆိုဘုရား ျပန္လည္ႂကြခ်ီေရး
ျပည္ေတာ္ဝင္ေရးအတြက္ ေ႐ႊဘိုနယ္သူနယ္သား အေပါင္းႏွစ္ေထာင္းအားရ ဝိုင္းဝန္းပံ့ပိုးကူညီေဆာင္႐ြက္ၾကပါရန္ စစ္ထြက္သစၥာဆိုဘုရား ျပန္လည္ပင့္ေဆာင္ေရးေကာ္မတီ ေ႐ႊဘိုၿမိဳ႕ မွနိဗၺာန္အက်ိဳးပစၥဳပၸန္အက်ိဳး ျမႇော္ကိုး၍
ႏွိုးေဆာ္တိုက္တြန္းထားေၾကာင္း သတင္းရရွိ၍ ေကာင္းျမတ္ေသာေစတနာျဖင့္ ေလးျမတ္စြာေဖာ္ျပအပ္ပါသည္။ (မူရင္းေရးသားသူအား ေလးစားမႈျဖင့္ )
Leave a Reply