သရုပ်ဆောင်နှိုင်းယှဉ်မြင့်မိုရ်ကတော့ ပီပြင်လှတဲ့သရုပ်ဆောင်ချက်တွေနဲ့အတူ ကျရာ ဇာတ်ရုပ်တွေတိုင်းမှာ အကောင်းဆုံးသရုပ်ဆောင် နိုင်ခဲ့တာကြောင့်
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ပရိတ်သတ်ရဲ့အားပေးမှုကိုအခိုင်အမာရရှိ ထားကာ နှိုင်းယှဥ်ဟာ ဗီဒီီယိုဇာတ်ကားပေါင်း များစွာ ဇာတ်ရုပ်ပေါင်းစုံနဲ့ ကျရာဇာတ်ရုပ်တိုင်းကို ဆေးစက်ထင် နိုင်စေခဲ့ရုံသာမက
ရုပ်ရှင်ဇာတ်ကားကြီး များစွာမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဝါရင့်သရုပ်ဆောင် တစ်ဦးဖြစ်ပြီး ယခုကာလ အနုပညာအလုပ်တွေ ရပ်နားထားရတာ နှစ်နဲ့ချီ ကြာပြီ ဖြစ်သော်လည်း
နှိုင်းယှဥ်ကတော့ ပရိသတ် ချစ်ခင်မှုတွေနဲ့ Live Salesတွေ ရောင်းကာ အဆင်ပြေ အောင်မြင်နေတာပဲ ဖြစ်ပါတယ်နော်။ နှိုင်းယှဥ်ရဲ့လက်နဲ့ ထိလိုက်တာနဲ့ အဝတ်အထည်ကနေ ရွှေတွေ စိန်တွေထိ
ဝက်ဝက်ကွဲ ရောင်းချရသဖြင့် အွန်လိုင်း စျေးရောင်းချမှုတွေမှာ စန်းကောင်းလွန်းကာ အောင်မြင်နေမှုတွေဟာ အံ့သြစရာမို့ နှိုင်းယှဥ်ကို Live Salesဘုရင်မ လို့တောင် ဆိုနိုင်မယ် ထင်ပါတယ်နော်။ အလုပ်တွေ ဆက်တိုက်ဆိုသလို
လုပ်ကိုင် အောင်မြင်အဆင်ပြေ လာတဲ့ နှိုင်းယှဥ်ဟာ ဘဝတူရုန်းကန်ခဲ့ရတဲ့ အနုပညာသမားတွေကို မမေ့မလျော့ဘဲ လက်တွဲကူညီ ခေါ်ခဲ့သလို နွမ်းပါးသော လိုအပ်သော နေရာတွေမှာလည်း အမြဲပင် ကူညီမှုများ
လှူဒါန်းမှုများ ပြုလုပ်ပေးလျှက် ရှိတာကိုလည်း တွေရ ပါတယ်နော်။ အခုတစ်ခါမှာဆိုရင် သရုပ်ဆောင်နှိုင်းယှဉ်မြင့်မိုရ်က သူမအနေနဲ့ မျက်လုံးအလှူလေးကို လှူပေး ဖြစ်လိုက်တဲ့ အကြောင်းကို
ပရိသတ်ပြည်သူများ ပီတိဖြစ်နိုင်စေရန် အခုလို ပြောပြထားပါတယ်နော်။ သရုပ်ဆောင်နှိုင်းယှဥ်မြင့်မိုရ်က “ဒီလအတွက် နှိုင်းရှင်ရဲ့ မျက်လုံးအလှု၊ မုန့်ဖိုးပါပေးလို့ ပျော်နေတာတဲ့ထပ်တူ ပျော်မိပါတယ်”ဆိုပြီး
ကုသိုလ်ပီတိလေးတွေကို မျှဝေလိ့ ပေးလာတာပဲ ဖြစ်ပါတယ်နော်။ နှိုင်းယှဥ်ရဲ့ မွန်မြတ်လှသော အလှူကုသိုလ်အား သာဓုခေါ် ပီတိဖြာနိုင်ကြစေဖို့အတွက် စာဖတ်ပရိတ်သတ်ကြီးများအတွက် ပြန်လည်ဖော်ပြပေး လိုက်ပါတယ်နော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
ပရိတ်သတ်ရဲ့အားပေးမှုကိုအခိုင်အမာရရှိ ထားကာ နှိုင်းယှဉ်ဟာ ဗီဒီယိုဇာတ်ကားပေါင်း များစွာ ဇာတ်ရုပ်ပေါင်းစုံနဲ့ ကျရာဇာတ်ရုပ်တိုင်းကို ဆေးစက်ထင် နိုင်စေခဲ့ရုံသာမက
Leave a Reply