ပြည်သူတွေအရေးတကြီးလုပ်ဆောင်ရမယ့် အချက်သုံးချက်ကို အသိပေးတောင်းဆိုလာတဲ့ ထားထက်ထက်
မိတ်ဆွေတို့ရေ မော်ဒယ်သရုပ်ဆောင် မင်းသမီးချောလေး ထားထက်ထက်ကတော့ မော်ဒယ်လောကမှတစ်ဆင့် သရုပ်ဆောင်ဘက်သို့ ကူးပြောင်းလာခဲ့ပြီး သူ့ရဲ့ချစ်စရာဟန်ပန်အမူအယာလေးနဲ့ အရည်အချင်းတွေကြောင့်
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်) Videoကို အောက်ဆုံးတွင် ဖော်ပြထားသည်။ Videoကို အောက်ဆုံးတွင် ဖော်ပြထားသည်။
ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ အနုပညာရှင်မင်းသမီချောလေးတစ်ယောက်ပဲဖြစ်ပါတယ်။ ဖေဖော်ဝါရီလကတည်းကစတင်ကာ စစ်အာဏာသိမ်းခြင်းအပေါ်
ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သော်လည်း တစ်ဖက်မှ အင်အားသုံး ေ ချမှုန်းခဲ့တာဖြစ်တဲ့အတွက် အပြ စ်မဲ့တဲ့ လူပေါင်းများစွာ ကျဆုံ းခဲ့ရတာကြောင့် နောက်ဆုံးမှာတော့ တော်လှန်ရေးအတွက် လွတ်မြောက်နယ်မြေသို့
သွားရောက်ကာ အာဏာရှင်ကို တို က်ထုတ်ဖို့အတွက် ဧပြီလကတည်းက တောထဲမှာ စစ်ပညာသင်ကြားနေတာ ဖြစ်ပါတယ်။ ထားထက်ထက်ဟာ အာဏာရှင်စနစ်ကို လက်နက်ကိုင်တော်လှန်တဲ့
ပထမဆုံးအနုပညာရှင်တွေထဲမှာ ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။ ဒ့အပြင် တော်လှန်ရေးအတွက် ရံပုံငွေများရှာဖွေပြီး တစ်ဖက်တစ်လှမ်းကနေ ပါဝင်ပေးနေတာလည်း ဖြစ်ပါတယ်။ အခုတစ်ခါမှာလည်း ထားထက်ထက်က
မမများနဲ့ ပွဲကမယ် စစ်ကိုင်းပရောဂျက်မှာ ပြည်သူများ ဆက်လက် ပါဝင်ပေးကြဖို့နဲ့ ပြည်သူတွေ အရေးကြီးလုပ်ဆောင်ရမယ့် အချက်သုံးချက်ကို အသိပေးပြောဆိုထားတာပဲဖြစ်ပါတယ်။ ထားထက်ထက်က သူမရဲ့
FBစာမျက်နှာထက်ကနေ “မမများနဲ့ ပွဲကမယ် စစ်ကိုင်း ပရောဂျက်အတွက် Day 21မှာ ၄၀ရာခိုင်နှုန်း ပြည့်မြောက်ပါပြီ ဆက်ပြီး ကူညီပေးပါဦးရှင့် ‘မမများနဲ့ ပွဲကမယ်’စစ်ကိုင်းပရောဂျက်အတွက် အတူပါဝင်ကပြလိုသူများ
အောက်ဖော်ပြပါ နိုင်ငံအလိုက် တာဝန်ခံ Fund Raiser မှတဆင့် ယုံကြည်စိတ်ချစွာ ပါဝင်ပွဲကနိုင်ကြပါပြီ။ ပွဲကြီးကြီးကနိုင်ဖို့ ပြည်သူအားလုံးပါဝင်စို့။ မမများနဲ့ပွဲကမယ်၊ 18 July 2022″ဆိုတဲ့ စာသားနဲ့အတူ ‘မမများနဲ့ ပွဲကမယ်’
စစ်ကိုင်းပရောဂျက်အတွက် တာဝန်ယူထားတဲ့ နိုင်ငံအလိုက် တာဝန်ခံ Fund Raiserတွေရဲ့ linkတွေကို ဖော်ပြပေးထားကာ ပြည်သူတွေ အရေးကြီးလုပ်ဆောင်ရမယ့် အချက်သုံးချက်ကို အသိပေးပြောဆိုထားတဲ့
ဗွီဒီယိုဖိုင်လေးကိုပါ တင်ပေးလာတာဖြစ်ပါတယ်။ ကဲ မိတ်ဆွေတို့ရေ တော်လှန်ရေးကြီးအောင်မြင်ဖို့ ရှေးရှု၍ ထားထက်ထက်ရဲ့ တောင်းဆိုချက်သုံးရပ်ကို လုပ်ဆောင်ပေးကြမယ်မလား။ လေးစားစွာဖြင့် ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*