
မင်္ဂလာပါ မိတ်ဆွေတို့ရေ မင်းသမီးချောလေးမေတိုးခိုင်ကတော့ နိုင်ငံကျော်ဒိတ်ဒိတ်ကြဲမင်းသမီကြီး အိန္ဒြာကျော်ဇင်ရဲ့ မျိုးဆက်သစ်တူမလေးဖြစ်ပြီး အနုပညာမျိုးရိုးရှိတဲ့သူတစ်ယောက်ပါနော်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
မေတိုးခိုင်က သူမရဲ့ ပထမဦးဆုံး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ‘ရူးအောင်ချစ်မယ့်သူ’ ရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း အနုပညာအလုပ်တွေကို
ဆက်တိုက်ဆိုသခိုလုပ်ကိုင်လျက်ရှိပြီး အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ အခိုင်အမာ ရပ်တည်နေပြီပဲ ဖြစ်ပါတယ်။ ယမန်နေ့ ဇူလိုင်လ ၁၇ ရက်နေ့မှာ သူမ ခေါင်းဆောင်မင်းသမီးအဖြစ်
ပါဝင်ထားတဲ့ ‘ချစ်ဆေး’ဇာတ်လမ်းတွဲလေး fortuneTvမှာ စတင်ပြသပြီဖြစ်ပါတယ်။ မင်းသမီးချောလေး မေတိုးခိုင်ကလည်း ‘ချစ်ဆေး’ဇာတ်လမ်းတွဲလေးရိုက်ကူးစဉ်က ရိုက်ကွင်းအမှတ်တရပုံရိပ်လေးတွေကို
သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာ “ချယ်ရီ့ကိုကြည့်ဖို့ Ready။ ဒီမှာ ဂယက်စိန်ရဲ့ အမြည်း။ ဒီည ၈.၃၀ နော် Fortune TV မှာ”ဆိုတဲ့ captionလေးနဲ့အတူ ပရိသတ်တွေကို ထုတ်ပြလာခဲ့တာပဲဖြစ်ပါတယ်။
မေတိုးခိုင်ရဲ့ “ချစ်ဆေး”ဇာတ်လမ်းတွဲရိုက်ကွင်းက ဂရက်စန် ချယ်ရီလေးရဲ့ ချစ်စဖွယ်ပုံရိပ်တွေကို မိတ်ဆွေတို့ ကြည့်ရှူနိုင်စေဖို့အတွက် တဆင့်ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။ လေးစားစွာဖြင့် ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply